Friday, May 10, 2019

မူဆယ်ဆွေးနွေးပွဲမှ မျှော်လင့်ချက်

နွေကာလ၏ အပူဆုံးအချိန်ဖြစ် သော ဧပြီနောက်ဆုံးရက်တွင် မိုးဖွဲဖွဲရွာသွန်းခြင်းကြောင့် မူဆယ်မြို့အဝင် ကားလမ်းဘေးတွင် တန်းစီစောင့်ကြိုနေရာယူထားသူ များအတွက် အပူဒဏ်သက်သာ စေခဲ့သည်ဟုဆိုရမည်။  သက်ဆိုင်ရာ တိုင်းရင်းသား ရိုးရာ တူညီဝတ်စုံများ ဝတ်ဆင် လျက် မြန်မာနိုင်ငံအလံ၊ ကချင် အမျိုးသားအလံ၊ တအာင်းအမျိုး သားအလံများ ကိုင်ဆောင်ထား ကြသူများသည် အနက်ရောင် ကားကြီးများ ပါဝင်သည့် ယာဉ် တန်းရောက်လာချိန်တွင် အလံ များ ဝှေ့ယမ်းနှုတ်ဆက်ကြသည်။



လွန်ခဲ့သည့် တစ်နှစ်ကျော် က တိုက်ပွဲများ၊ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ခဲ့သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ရှိ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေး ကုန်သည်များအသင်း ရုံး၌ ဧပြီ ၃၀ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်စဉ် တွေ့ရသည့် မြင်ကွင်းပင်။

အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)၊ ကိုး ကန့်အဖွဲ့ (MNDAA)ဟူသည့် မြောက်ပိုင်းလက်နက်ကိုင်လေး ဖွဲ့အကြား ဆွေးနွေးပွဲဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက်လာသည့် ကိုယ်စားလှယ်များကို ကြိုဆိုနေ သည့် မြင်ကွင်းကို ကြည့်ပါက ဒေသခံပြည်သူများ၏ ငြိမ်းချမ်း ရေးမျှော်လင့်ချက်ကို မြင်သာနိုင် သည်။

‘‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တော့မယ်ဆိုတဲ့ သတင်းကြားတော့ ငြိမ်းချမ်းရေးကြိုဆိုဖို့ လာ ရောက်ခဲ့တာပါ’’ဟု (၃၅)နှစ်အရွယ် တအာင်းတိုင်းရင်းသူ မသိန်း ရင်က ပြောသည်။

မသိန်းရင်သည် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူ ဖြစ်သည်။ ၂၀၁၆ နှင့် ၂၀၁၇ အ တွင်း ၎င်းတို့နေထိုင်ရာ အနီးတစ် ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ ခြင်း၊ လက်နက်ကြီးကျရောက် ခြင်းများကြောင့် စစ်၏ဒုက္ခကို ကိုယ်တိုင်ကြုံဖူးသည်။ တရုတ် နိုင်ငံဘက်သို့ ၁၀ ရက်ကြာ စစ် ဘေးတိမ်းရှောင်ခဲ့ဖူးသူဖြစ်သည်။

KIA, TNLA နှင့် MNDAA ပူးပေါင်း၍ ၂၀၁၆ နှစ်ကုန်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် အစိုးရလုံခြုံရေးတပ် ဖွဲ့များကို တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှုများသာ မက အရပ်သားသေဆုံး ဒဏ်ရာ ရခြင်းများ၊ စစ်ဘေးတိမ်းရှောင်ရ ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

‘‘မူဆယ် ၁၀၅ မိုင်ဖြစ်တုန်း က ကြုံခဲ့ရပါတယ်။ အများကြီး ဒုက္ခရောက်ခဲ့ရပါတယ်။ သေနတ် သံကြားရင်တောင် အရမ်း ကြောက်ပြီး ကျွန်မတို့ထက် ပိုဆိုး တဲ့ လူတွေဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတဲ့ စာနာစိတ်တွေ ပိုပိုပေါ်လာ တာပေါ့’’ဟု မူဆယ်မြို့နယ် စယ် လန့်ကျေးရွာနေ လွေးဆိုင်နွမ်က ဆိုသည်။

တအာင်းစာပေယဉ်ကျေးမှု အသင်း (မူဆယ်)အတွင်းရေးမှူး မိုင်းအိုက်သိန်းဝင်းကလည်း ၎င်း တို့ လူမျိုးနှင့် ပတ်သက်သည့် အဖွဲ့အစည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် ပါဝင်ဆွေးနွေးခြင်းကြောင့် လာရောက်   ကြိုဆိုခြင်းဖြစ် ကြောင်း ပြောသည်။

‘‘စစ်ဖြစ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ရွာသူရွာသားတွေ အနေနဲ့ ညည်းငွေ့လာပြီ။ ငြိမ်း ချမ်းရေးကို ကြိုဆိုတဲ့အနေနဲ့ ဒီ စိတ်ဓာတ်ကို အရင်းခံပြီး လာ ရောက်ခြင်းဖြစ်တယ်’’ဟု မိုင်း အိုက်သိန်းဝင်းက ဆိုသည်။

မူဆယ်ဒေသ အပါအ၀င် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ များသည်  တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသ ဖြစ်သည်။

မူဆယ်မြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမူ ယခင်အစိုးရလက် ထက် ၂၀၁၃ က တစ်ကြိမ်ပြုလုပ် ခဲ့သည်။  အစိုးရနှင့် TNLA တို့ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က မူဆယ်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရဘဲ တိုက်ပွဲများသာ ဆက်လက် ပြင်းထန်ခဲ့သည်။

ရာနှင့်ချီသည့် တိုက်ပွဲဖြစ် ပွားမှုအတွင်း   အရပ်သားများအ နေဖြင့် စစ်ရေးပဋိပက္ခကြောင့် သေဆုံးဒဏ်ရာရခြင်း၊ မိုင်းအန္တရာယ်ကြုံတွေ့ရခြင်း၊ လက်နက် ကိုင်အဖွဲ့များ၏ ဖမ်းဆီးမှုခံရခြင်း စသည့်တို့  မကြာခဏ ကြုံတွေ့ခဲ့ ရသည်။ ထို့ကြောင့် ခြောက်နှစ်အကြာမှ ပြန်လည်ပေါ်ပေါက်လာ သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ထွက်ပေါ်လာရေး ဒေသတွင်း နေထိုင်သူများက လိုလားနေသည်။

‘‘၂၀၁၃ တုန်းက ဆွေးနွေးပွဲ က သူတို့ ဘာတွေဆွေးနွေးလဲ ကျွန်တော်တို့ မသိဘူး။ အဲဒီ ဆွေး နွေးပွဲပြီးတဲ့နောက်ပိုင်း အခုမှ ပြန်ဖြစ်တယ်ဆိုတော့ ဒါက ဒီကြားထဲမှာ သူတို့ အဆင်မပြေလို့ ဆွေးနွေးပွဲ ဆက်မဖြစ်တာပေါ့နော်။ အခုလောလောဆယ် အပေါင်းလက္ခ ဏာဆောင်လို့ ဆွေးနွေးပွဲဖြစ် တည်လာတယ်ဆိုတော့ ဒါက ၀မ်းသာစရာပေါ့’’ဟု မိုင်းအိုက်သိန်း ၀င်းက ပြောသည်။

လေးလကျော်ကြာမြင့်သည့် တပ်မတော်၏ အပစ်ရပ်ကြေညာ မှု သက်တမ်းကုန်ဆုံးသည့် ဧပြီ ၃၀ ရက်တွင် ကျင်းပသော မူဆယ်ဆွေးနွေးပွဲသည် အလွယ်တကူ ကျင်းပနိုင်ခြင်းတော့ မဟုတ်ပေ။တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်းအပါအ၀င် တိုင်းစစ် ဌာနချုပ် ငါးခုနယ်မြေ၌ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်ထိ ရက် ၁၃၀ ကြာ အပစ်ရပ်စဲရေးကြေညာခဲ့သည်။

ထိုသို့ အပစ်ရပ်ကြေညာခဲ့ သော်လည်း ဆွေးနွေးပွဲမတိုင်မီ ဧပြီ ၁၉ ရက်ကစ၍ တပ်မတော်နှင့် KIA အကြား မူဆယ်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး KIA စခန်းခုနစ်ခုထက်မနည်းကို တပ်မတော်က သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲများကြောင့်ဆွေးနွေး ပွဲပျက်မည်မဟုတ်ကြောင်း နှစ် ဖက်ကိုယ်စားလှယ်များက ပြောဆိုသော်လည်း    မူဆယ်ဆွေးနွေးပွဲ ပျက်စေနိုင်သည့် အခြေအနေတစ် ခု ဆွေးနွေးပွဲမတိုင်မီ ခြောက်ရက် အလိုတွင် ဖြစ်ပေါ်ခဲ့သည်။

မြောက်ပိုင်း လေးဖွဲ့တွင် ပါဝင်သည့် TNLA, MNDAA နှင့်AA တို့၏ ဧပြီ ၂၄ ရက် သဘောထားထုတ်ပြန်ချက်ပါ ဖော်ပြချက် များကြောင့်ဖြစ်သည်။  တပ်မတော်အနေဖြင့် ရခိုင်ဒေသတွင်AA ကို ထိုးစစ်အရှိန်မြှင့်ခြင်းဆက် လက်လုပ်ဆောင်ပါက မဟာမိတ်သုံးဖွဲ့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မလွှဲမရှောင် သာ လုပ်ဆောင်မည်ဖြစ်ကြောင်း မြောက်ပိုင်းသုံးဖွဲ့က သဘောထားထုတ်ပြန်ခဲ့သည်။

‘‘သုံးဖွဲ့က စတိတ်မန့်ထုတ် လိုက်တဲ့အပေါ်မှာ အစိုးရက လည်း နည်းနည်းလေးကသိက အောက်ဖြစ်သွားတာပေါ့။ အဲဒီလို ဖြစ်သွားတဲ့အပေါ် ဒီ ၃၀ ရက်နေ့ဆွေးနွေးပွဲက ပျက်မလိုလိုဖြစ်ခဲ့ တာ’’ဟု ငြိမ်းချမ်းရေးဆွေးနွေး ရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ဆက်လက်၍ ဦးလမိုင်ဂွန် ဂျာက ‘‘ကျွန်တော်တို့လည်း နှစ် ဖက်ကို NRPC ဘက်ကို အစိုးရ ဟာ အမိအဖတွေဖြစ်တယ်။ ဒါ ကြောင့် သဘောထားကြီးကြီးနဲ့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီးတော့မှ တွေ့ဆုံနိုင်ဖို့က အဓိကဖြစ်တယ်။ တွေ့ဆုံဖို့ စဉ်းစားပေးသင့်ပါ တယ်။ တွေ့ဆုံနိုင်ဖို့အတွက် ကျွန်တော်တို့လည်း ကြားကနေ ပြော ပေးတဲ့အတိုင်း နည်းနည်းပါးပါး ရှိတာပေါ့’’ဟု ရှင်းပြသည်။

မူဆယ် ဆွေးနွေးပွဲဖြစ် မြောက်ရေး KIO/KIA နှင့် PCG တို့၏ကြိုးပမ်းမှုကို အစိုးရဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ကပင် အသိ အမှတ်ပြုပြီး ကျေးဇူးတင်စကား ဆိုသည်။

မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက် မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပါဝင်ရန် ဦးသိန်းဇော်က မေတ္တာရပ်ခံခဲ့သည်။

‘‘မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် NCA ကို ရှောင်လွှဲ၍ မရနိုင်ပါ’’ဟု ဦးသိန်းဇော်က ပြော သည်။

ကချင်၊ တအာင်း၊ ရခိုင်၊ ကိုးကန့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ကမူ Bilateral ဟုခေါ် သော အစိုးရနှင့်လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ချင်းစီအကြား အပစ် ရပ်စဲရေးသဘောတူစာချုပ်ချုပ် ဆိုလိုကြောင်းနှင့် NCA ကို နှစ် ဖက်လက်ခံသည့်အဆင့်ရောက် အောင် ပြုပြင်လိုကြောင်း သဘောထားဖော်ပြသည်။

ဆွေးနွေးပွဲအပြီး ရလဒ်သည် တိုးတက်မှုရှိကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရရှိရေးအ တွက် မေလအတွင်း ထပ်မံတွေ့ ဆုံမည်ဟု အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။

KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးလနန်က အစိုးရဘက်က Bilateral အပစ်ရပ်စဲ ရေးလက်မှတ်ထိုးရန် ကိစ္စကိုလက်ခံ၍ မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့ဘက်က တစ်ဖွဲ့ချင်းစီအဆိုပြုသော အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အစိုးရထံ ပေး အပ်ခဲ့သည်ဟု ပြောသည်။

‘‘အခုက အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ရေးက အဓိကဦးတည်တာပါ’’ဟု ဦးလ နန်က ဆိုသည်။

တအာင်းအဖွဲ့ (TNLA)ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ် မှူးချုပ် တာဘုန်းကျော်က မူဆယ်ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲ ရေး အစပြုနိုင်မည့်အချက်အ လက်များကို ဆွေးနွေးနိုင်ခဲ့ ကြောင်း ဆွေးနွေးပွဲအပြီးတွင် ပြောသည်။

 ‘‘မကြာမီလပိုင်းအတွင်း ထပ်ပြီးအမြန်ဆုံးတွေ့ဆုံဆွေး နွေးမယ်။ အဲဒါဆို တိကျတဲ့စာ ချုပ်ကို ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်’’ ဟု TNLA အ ထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ချုပ်တာဘုန်းကျော်က ဆိုသည်။

ဧပြီ ၃၀ ရက်ညတွင် တပ် မတော်က တိုင်းစစ်ဌာနချုပ်ငါးခု နယ်မြေတွင် အပစ်ရပ်ကြေညာ ခြင်းကို နှစ်လသက်တမ်းတိုး ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း က မူဆယ်ဆွေးနွေးပွဲရလဒ် တိုး တက်မှုကို သိသာစေသည်။

အပစ်ရပ်စဲရေးသက်တမ်း တိုးရသည့် အကြောင်းရင်းသည် ကချင်၊ တအာင်းနှင့် ကိုးကန့် အဖွဲ့များက ထပ်မံတောင်းဆိုမှု ကြောင့်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

‘‘အဓိကကတော့ သူတို့က ထာဝရငြိမ်းချမ်းရေးရရှိသည်အ ထိ၊ NCA လက်မှတ်ထိုးပြီးနိုင် သည်အထိ ဆောင်ရွက်မယ်ဆိုပြီး ကမ်းလှမ်းလာတာရှိတဲ့အပေါ်မှာ ကျွန်တော်တို့က ဆက်လက်အရှိန် အဟုန် မြှင့်တင်ဆောင်ရွက်နိုင် အောင်ဖြစ်ပါတယ်’’ဟု တပ်မ တော်သတင်းမှန်ပြန်ကြားရေးအ ဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ တပ်မတော် ထုတ်ပြန်ချက်တွင် ရခိုင်အဖွဲ့ (AA)၏အမည်ကိုမူ ချန်လှပ်ထားသည်။

NCA လက်မှတ်မထိုးရသေး သည့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနက် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့သာ အစိုးရ နှင့် Bilateral အပစ်ရပ်စဲရေးလက် မှတ်မထိုးရသေးခြင်းဖြစ်သည်။ KIO မှာမူ ၁၉၉၄ တွင် Bilateral ရေးထိုးခဲ့သော်လည်း ၂၀၁၁ တွင် ကျိုးပျက်ခဲ့သည်။ ထို့ကြောင့် အစိုးရ၊ တပ်မတော်နှင့် မြောက် ပိုင်းလေးဖွဲ့အကြား အပစ်ရပ်စဲ ရေးဆောင်ရွက်နိုင်ခြင်း ရှိ၊မရှိ မေလလယ်တွင် ပြန်လည်စတင် မည့်မူဆယ်ဆွေးနွေးပွဲအဆက် ဆွေးနွေးမှုအပေါ် မူတည်နေ သည်။ တွေ့ဆုံဆွေးနွေးမှုခပ်များ များလုပ်နိုင်မှသာ ငြိမ်းချမ်းရေးအ တွက် အဖြေရမည်ဟု မူဆယ်မြို့ ခံ ကချင်လူငယ်ကိုဇော်ထွယ်က ပြောသည်။

‘‘စစ်ဖြစ်နေရင် ပြည်သူတွေ ဒုက္ခရောက်တယ်။ စစ်ပြေးတွေ များလာတယ်။ ဆွေးနွေးမှ အဖြေ ထွက်မှာ။ မတွေ့ဘဲနဲ့ အဖြေက ရမှာမဟုတ်ဘူး’’ ဟု ကိုဇော် ထွယ်က ပြောသည်။

တအာင်းတိုင်းရင်းသား မိုင်း အိုက်သိန်းဝင်းက ‘‘ဆွေးနွေးတဲ့ ဖြစ်စဉ်ကို အောင်မြင်စေချင် တယ်။ တကယ်လို့ ဒီဆွေးနွေးပွဲ ဖြစ်စဉ်အောင်မြင်မယ်၊ ငြိမ်းချမ်း ရေးရလာမယ်ဆို ကျွန်တော်တို့ ပြည်သူတွေလည်း ငြိမ်းချမ်းမယ်’’ ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘တစ် ဖက်ကလည်း တင်းခံနေရင် ဒါမှ မဟုတ် နှစ်ဖက်တင်းခံနေရင် ဘယ်လိုမှ ငြိမ်းချမ်းရေးမရနိုင် ဘူး’’ ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံအများစု၏ အမြင့်ဆုံးမျှော် လင့်ချက်မှာ စစ်ပွဲမဖြစ်ပွားရေး ဖြစ်သည်။

‘‘စစ်ပွဲကြောင့် ကျွန်မတို့ ပညာရေးတွေ၊လူမှုရေးတွေ အ များကြီး၊ အများကြီးဆုံးရှုံးတာရှိ တယ်’’ ဟု တအာင်းတိုင်းရင်းသူ လွေးဆိုင်နွမ်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပညာသင်ကြားခွင့်မရသည့် ကလေး ငယ်များစွာရှိသည်ဟု သူက ပြော သည်။

‘‘သူတို့ရဲ့ အနာဂတ်တွေ လည်း ရှိတယ်ဆိုတော့ စစ်ပွဲမဖြစ် စေချင်ဘူး’’ဟု လွေးဆိုင်နွမ်က ပြောသည်။  မည်သို့ပင်ဖြစ်စေ မူဆယ် ဆွေးနွေးပွဲပြုလုပ်သည့် နွေရာသီတွင် မိုးရွာသကဲ့သို့ပင် ဒေသတွင်းစစ်ရေး ပဋိပက္ခများကြောင့် အ ခက်အခဲမျိုးစုံကြုံနေရသည့် တိုင်း ရင်းသား ပြည်သူများအတွက် ခေတ္တမျှပျော်ရွှင်ခွင့်နှင့် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်ခွင့်ရ၍ဖြစ် သည်။

No comments:

Post a Comment