Friday, May 10, 2019

ကသာအကျဉ်းထောင်ဆူပူမှု ထိန်းသိမ်းထားနိုင်ပြီဟု ဆို

ကသာအကျဉ်းထောင်အတွင်း ယနေ့(မေလ ၁၀ ရက်)၊ နံနက်ပိုင်းက ဆူပူမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အကျဉ်းသားများကို ထိန်းသိမ်းနိုင်ခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း သိရသည်။ “အကျဉ်းသားတွေ အော်ဟစ်ဆူပူတာမျိုးတော့ လုပ်ခဲ့တယ်။ လက်ရှိမှာတော့ ထိန်းသိမ်းနိုင်ပါပြီ။ ဘာအတွက် ကြောင့် ဆူပူတာလဲဆိုတာကိုတော့ ကျွန်တော်လူကြီးတွေလည်း အကုန်ဝင်တွေ့နေတုန်းပဲ ရှိပါသေးတယ်။ ကျန်တာတော့ ဘာမှမသိရသေးဘူး” ဟုကသာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။



ယခုလအတွင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးမှုများနှင့်ပတ်သက်၍ ကလေးအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ထားဝယ်အကျဉ်းထောင်၊ သာယာ ဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်များတွင်လည်း အကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့သည်။

အဆိုပါအကျဉ်းထောင်ဆူပူမှုများတွင် အကျဉ်းထောင်အသီသီးရှိ အကျဉ်းသားများ၏ တောင်းဆိုချက်များမှာ တစ်သဘောထားတည်းဖြစ်နေပြီး အချို့မှာထပ်တူထပ်မျှဖြစ်ကြောင်းတွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်ကာ အရေးယူသွားမည်ဟုလည်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment