Friday, May 10, 2019

အကြောင်းအရာတစ်ခုတည်းကို ပုဒ်မနှစ်ခုဖြင့် တရားစွဲခြင်းအပေါ် မင်းထင်ကိုကိုကြီးမေးခွန်းထုတ်

ဥပဒေအရ အကြောင်း အရာတစ်ခုတည်းကို ပုဒ်မနှစ်ခု ဖြင့် တရားစွဲခွင့်မရှိသော်လည်း ၎င်းကို အကြောင်းအရာတစ်ခု တည်းအပေါ်၌ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုသည့်ကိစ္စကို ဒါရိုက် တာ မင်းထင်ကိုကိုကြီးက မေးခွန်း ထုတ်သည်။‘‘ဒီရေးသားချက် တစ်ခု တည်းကိုပဲ ၆၆(ဃ) နဲ့လည်း ရဲ စခန်းမှာ တရားစွဲထားတယ်။ ပြီး တော့ ၅၀၅(က) နဲ့လည်း တရား ရုံးမှာ ဦးတိုက်လျှောက်ထားတယ် ဆိုတော့ ဥပဒေကို မသိတာလား။ သိရဲ့နဲ့  တမင်ဥပဒေကို ကျော် လွန်ပြီး  လုပ်နေတာလားဆိုတဲ့ ဟာ ဒီမှာထုတ်ရမယ့်မေးခွန်းဖြစ် နေတာပေါ့။ ဘာဖြစ်လို့လဲဆို တော့ ပြစ်မှုတစ်ခုတည်းကို ပုဒ်မ နှစ်ခုနဲ့ စွဲလို့မရဘူး။ ဒါပေမဲ့ သူတို့ စွဲထားကြတယ်’’ဟု မေလ ၉ ရက် ရုံးချိန်းတွင် ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားသည်။


ဒါရိုက်တာမင်းထင်ကိုကို ကြီးဘက်မှ လိုက်ပါဆောင်ရွက် နေသည့် တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က လည်း ‘‘အကြောင်းအရာတစ်ခုကို ဥပဒေနှစ်ရပ်နဲ့စွဲဆိုခြင်းက ဥပဒေ နဲ့တော့ မညီဘူး။ ဒါကိုတော့ အပြီးသတ်အဆင့်မှာ တင်ပြရမယ်’’ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အကြောင်းအရာ တစ်ခုတည်းကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို၍ ရ၊ မရအပေါ် ‘‘ရာ ဇသတ်ကြီးမှာ ဖော်ပြထားတာ တော့ မရှိပါဘူး။ ၁၉၇၃ စကားရပ် များဖွင့်ဆိုရေးဥပဒေမှာ ပြဋ္ဌာန်း ထားတာ။ ပုဒ်မနှစ်ခုနဲ့ အပြစ်မပေး ရဘူးလို့ ပြောထားတာ။ မစွဲရဘူးလို့ ပြောမထားဘူး’’ ဟု ရှင်းပြ သည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၂၂ ရက်အတွင်း ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား သည့် ပို့စ်များအနက် ပို့စ် ၁၀ ခု သည် တပ်မတော်၏ဂုဏ်သိက္ခာ ကို ထိခိုက်စေသည်ဆိုကာ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နှင့် ပုဒ်မ ၅၀၅ တို့ဖြင့် တပ်မတော် ဘက်က တရားစွဲဆိုခြင်းဖြစ် သည်။ ဆက်သွယ်ရေးဥပဒေအ တွက် အင်းစိန်မြို့မရဲစခန်းက အာမခံပေးသော်လည်း ပုဒ်မ ၅၀၅(က) ဖြင့် ဒါရိုက်တာမင်းထင် ကိုကိုကြီးကို ဧပြီ ၁၂ ရက်တွင် အင်းစိန်ထောင်၌ ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ဧပြီ ၁၂ နှင့် ၂၅ ရက် ရုံးချိန်းတွင် အသည်းကင်ဆာရော ဂါကြောင့် ခွဲစိတ်ကုသမှုခံယူထား သည့်  ဒါရိုက်တာ မင်းထင်ကိုကို ကြီးကို ကျန်းမာရေးအရ အာမခံ ပေးရန် အင်းစိန်တရားရုံးသို့ တင် ပြခဲ့သော်လည်း နှစ်ကြိမ်စလုံး ပယ် ချခံရသောကြောင့် မေလ ၉ ရက် ရုံးချိန်းတွင် အာမခံမလျှောက် ကြောင်း ဦးရောဘတ်စန်းအောင် က ပြောသည်။ အဆိုပါရုံးချိန်း တွင် တရားလိုဘက်မှ သက်သေ တစ်ဦးကို စစ်ဆေးပြီး မေလ ၂၃ ရက်သို့ ရုံးချိန်းထပ်မံချိန်းဆိုခဲ့ သည်။

‘‘နောက်တစ်ပတ်တော့ ပြန် စဉ်းစားကြည့်ဦးမယ်။ ကျန်းမာရေးအခြေအနေက ယဲ့ယဲ့ပါပဲ။ အခုဆိုရင် အသည်းကို တစ်ဝက်လှီးထုတ်ထားတာ သုံးလကျော်လာပြီ။ ဇွန်လမှာ စစ်ဆေးရဦးမယ်။ အသည်းက မတက်လို့ စိုးရိမ်ရတဲ့အဆင့်။ ဆရာဝန်ကို ခေါ်စစ်ဖို့ကလည်း ဝိတိုရိယဆေးရုံက အထူးကုနဲ့ စင်ကာပူမှာ ခွဲတာ။ အဲဒီက လူတွေကို ခေါ်ပြီး သက်သေတင်ဖို့က အခက်အခဲဖြစ်တယ်၊ မလွယ်ဘူး’’ဟု ဦးရောဘတ်စန်း အောင်က ပြောသည်။  အင်းစိန်တရားရုံးဘက်မှ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ကုသပေးသည့် ဆရာဝန်ကို မစစ် ဆေးရသောကြောင့် အာမခံမပေး ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီ ၂၅ ရက် ရုံးချိန်းတွင် ၎င်းက ပြော ကြားထားသည်။

No comments:

Post a Comment