Friday, May 10, 2019

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တော်စခန်း၌ တည်ဆောက်ထားသည့် အမှိုက်ဖျက်ဆီးစက်နှင့် ပတ်သက်၍ ကွဲလွဲမှုများ၊ စဉ်းစားစရာ အချက်များရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တော်စခန်း၌ တည်ဆောက်ထားသည့် အမှိုက်ဖျက်ဆီးစက်နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ၊ စဉ်းစားစရာ အချက်များရှိနေဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌဌဖြစ်သူ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေ ၇ ရက်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့်စက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသော မေးခွန်းမေးမြန်းရာ၌ ထည့်သွင်း ပြောကြားသွားသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီး တည်ရှိရာ တောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက် ဆောင်ရွက်ထားသည့် ကိစ္စနှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာတွင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘဏ္ဍဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍဍာ ရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းဖြင့် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ် ရင်ပြင်တော်အတွက် အမှိုက်ဖျက်ဆီးမည့် စက်တစ်လုံးနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရည်ရွယ်ကာ ငွေကျပ် သန်း ၄၀ဝ ဖြင့် ခွင့်ပြု ဆောင်ရွက်စေခဲ့ပါကြောင်း၊ မွန်ပြည်နယ် လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေးကော်မတီမှ အမှိုက်ဖျက်ဆီးမည့်စက် ဆောင်ရွက်ထားရှိမှုအား သွားရောက် လေ့လာခဲ့ကြရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့သည့် လုပ်ငန်း ဖော်ပြချက်အရ အမှိုက်ဖျက်ဆီးမည့်စက် မဟုတ်ဘဲ အမှိုက်ခွဲခြား သန့်စင်စက် ဟူသာ ဆောင်ရွက်ခဲ့သည်ဟု လေ့လာ တွေ့ရှိရပါကြောင်း၊ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမှာ TMA Co.,Ltd ဖြစ်ပြီး စတင်စမ်းသပ် လည်ပတ်လျက် တွေ့ရှိရပါကြောင်းနှင့်  ပြည်နယ် ဘဏ္ဍဍာငွေဖြင့် အမှိုက်ဖျက်ဆီးမည့် စက်တစ်လုံးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ဟူ၍ အတည်ပြုပြီး ဆောင်ရွက်စေခဲ့ပါသော်လည်း လက်တွေ့မှာ အမှိုက်ခွဲခြား သန့်စင်စက်သာ တည်ဆောက်ခဲ့သည်ကို ကွဲလွဲစွာ တွေ့ရပါကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ゞင်းက ဆက်လက်ပြီး “အဲဒီအပြင် အမှိုက်သန့်စင် ခွဲခြားစက် တည်ဆောက်ရန်အတွက် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဆက်သွယ် မေးမြန်းရာမှာလည်း တင်ဒါခေါ်ယူတဲ့ နေရာမှာ ငွေကျပ် ၄၈၄ သန်းဖြင့် အတည်ပြု ဆောင်ရွက်စေခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့မှ ကျပ် ၂၄၂ သန်းနှင့် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကျပ် ၂၄၂ သန်းဖြင့် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ကြပါ တယ်။  မွန်ပြည်နယ် လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ကြည့်ရေး ကော်မတီမှ လေ့လာ တွေ့ရှိချက်အရ ကုမ္ပဏီမှ ကျပ် ၄၈၄ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ မူလဘဏ္ဍဍာငွေ ခွင့်ပြုချက်အရ ကျပ်သန်း ၄၀ဝ ဖြင့် ခွင့်ပြု ဆောင်ရွက်စေခဲ့ပါသော်လည်း စက်ရုံအတွင်း အစိုးရအဖွဲ့မှ အမှန်တကယ် ထုတ်သုံးငွေမှာ ကျပ် ၂၄၂ သန်းသာ ဖြစ်သည်ကိုသာ တွေ့ရပါတယ်။ ထို့ပြင် ကုမ္ပဏီမှ စက်ရုံ၏ တည်ဆောက်မှု ပြီးစီးမှုဟာ ဘဏ္ဍဍာရေးနှစ် သတ်မှတ်ကာလထက် ပိုမို ကျော်လွန်နေတာကိုလည်း တွေ့ရပါတယ်” ဟု ပြောကြားသည်။


ထို့ကြောင့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလ ဘဏ္ဍဍာရန်ပုံငွေနှင့် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ခေါင်းစဉ်အောက်က ကျပ်သန်း ၄၀ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အမှိုက်ဖျက်ဆီးမည့် စက်တစ်လုံးနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ရန် မည်သည့် ငွေစာရင်း ခေါင်းစဉ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား တိကျစွာ ဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဋ္ဌဌမှ တစ်ဆင့် ဒေါက်တာ အောင်နိုင်ဦးက မေးမြန်းခဲ့သည်။

ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ရန်ပုံငွေဖြင့် ကျိုက်ထီးရိုး တောင်ပေါ်တွင် အမှိုက်ဖျက်ဆီးမည့် စက်တစ်လုံးနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို T.M.A Recycle Co.,Ltd နှင့် တင်ဒါကာလ တိုးမြှင့်သဖြင့် Wong Fong Myanmar Co., Ltd မှ အဆိုပြုလွှာ ထပ်တိုး တင်ပြခဲ့ပါကြောင်း၊ တင်ဒါကော်မတီက T.M.A Recycle Co.,Ltd မှ အဆိုပြု တန်ဖိုးကျပ် ၄၈၄ သန်းဖြင့် အတည်ပြု ရွေးချယ်၍ ဆောင်ရွက်စေခဲ့ပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်မှ ဒေါက်တာအောင်နိုင်ဦး မေးမြန်းချက်အား ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းတန်ဖိုး၏  ရာခိုင်နှုန်း ၅၀ ဖြစ်သော ငွေကျပ် ၂၄၂ သန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ခွင့်ပြုရန်ပုံငွေမှ ကုမ္ပဏီသို့ ပေးချေခဲ့ပြီး ကျန်ရာခိုင်နှုန်း ၅၀ ဖြစ်သော ငွေကျပ် ၂၄၂ သန်းနှင့် ပတ်သက်၍ ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ ဘဏ္ဍဍာရန်ပုံငွေမှ ကုမ္ပဏီသို့ ပေးချေနိုင်ရေးအတွက် နာယက အဖွဲ့များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းချက်အရ သဘောတူကြောင်း ပြန်ကြားလာသည့်အတွက် ကျန်ငွေအား ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ ရန်ပုံငွေမှ ကုမ္ပဏီသို့ ပေးချေခြင်း ဖြစ်ပါ တယ်” ဟု ဦးမင်းကျော်လွင်က ပြောကြားသည်။

အမှိုက်ဖျက်သိမ်းစက် တည်ဆောက်ရေးအတွက် ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ပြည်နယ်ဘဏ္ဍဍာ ရန်ပုံငွေ သန်း ၄၀ဝ ဖြင့် အတည်ပြုခဲ့ပြီး တင်ဒါခေါ်ယူစဉ်တွင်လည်း ပြည်နယ်ဘဏ္ဍဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဟူ၍ သတင်းစာများတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ပညာရှင်အနေဖြင့် လုပ်ငန်းအကြို လေ့လာတင်ပြခဲ့သူမှာ ပဲခူးမြို့မှ ကျွမ်းကျင်ပညာရှင် ဆိုသူ ဦးလင်းမင်းဌေးဖြစ်ပြီး လုပ်ငန်းတင်ဒါ အနိုင်ရခဲ့သည့်  T.M.A Recycle Co.,Ltd ၏ မန်နင်းဂျင်း ဒါရိုက်တာမှာလည်း ဦးလင်းမင်းဌေးသာ ဖြစ်နေသည်မှာ ထူးခြားနေပါကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆက်စပ် မေးခွန်း မေးမြန်းရာတွင် ပြောကြားခဲ့သည်။

ゞင်းက ဆက်လက်ပြီး ဓတင်ဒါရကုမ္မဏီမှ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်းမှာ ပြည်နယ် အစိုးရအဖွဲ့မှ ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၈ ရက်မှာ ယင်းလုပ်ငန်းအတွက် ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဝက်ဖြစ်သည့် ကျပ် ၂၄၂ သန်းကို ကျခံပြီးတော့ ကျန်တစ်ဝက်ဖြစ်တဲ့ ကျပ် ၂၄၂ သန်းကို ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးရဲ့ ဘဏ္ဍဍာရန်ပုံငွေထဲက သုံးစွဲကျခံပေးရန် စာပေးပို့ခဲ့ပြီးတော့ နာယကအဖွဲ့မှာ ပါဝင်တဲ့ ပြည်ထောင်စု ဝန်ကြီးနှစ်ပါးတို့ထံမှ သဘောတူညီချက်နဲ့ဆိုကာ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍဍာတော် ရန်ပုံငွေမှ ကျပ် ၂၄၂ သန်းအား ရယူ ဆောင်ရွက်ခဲ့သည့်အပေါ် သြဝါဒစရိယအဖွဲ့ ဆရာတော်များမှ ကျေနပ်မှု မရှိတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်ထံကို အသိပေး အကြောင်းကြားခဲ့ပါသော်လည်း သြဝါဒခံယူခဲ့ခြင်း မရှိခဲ့ဘူး”ဟု ပြောကြားသည်။

သြဝါဒစရိယ အဖွဲ့ခေါင်းဆောင် ဖြစ်သည့် လေသာဆရာတော် ဘဒ္ဒန္တဦပဏ္ဍဍိတ၏ တင်ပြစာတွင် လုပ်ငန်း မစတင်မှီက အစိုးရအဖွဲ့ ဘဏ္ဍဍာငွေဖြင့်သာ သုံးစွဲမည်ဟု တင်ပြ လျှောက်ထားခဲ့ပါသော်လည်း စက်ရုံ တည်ဆောက်ပြီးခါနီးမှ ဘုရားဘဏ္ဍဍာတော် ငွေထဲမှ ကုန်ကျငွေ တစ်ဝက်အား ရယူ သုံးစွဲခဲ့ခြင်းအား သဘောမတူသဖြင့် ကန့်ကွက်စာ ရေးသား၍ ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့ပါကြောင်း၊ သို့ပါ၍ သြဝါဒစရိယ အဖွဲ့ဆီမှာ သွားရောက် လမ်းညွှန်မှု ခံယူခဲ့ခြင်း မရှိပါလျက် ပြည်နယ်အစိုးရအဖွဲ့မှ အမှိုက်ဖျက်ဆီးစက် ကုန်ကျငွေ တစ်ဝက်အား ဘုရားဘဏ္ဍဍာတော်ငွေမှ ရယူသုံးစွဲ ဆောင်ရွက်ခဲ့ခြင်းသည် မည်သည့် လုပ်ပိုင်ခွင့်၊ မည်သို့သော လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်ခဲ့သလဲဟု ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။

ဒေါက်တာ အောင်နိုင်ဦး၏ ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ဒီမေးခွန်း၏ နောက်တွင် ရည်ရွယ်ချက်တွေ အများကြီးပါသည်ဟု သုံးသပ်မိကြောင်း၊ လွှတ်တော်သည် တရားစီရင်ရေးဌာန မဟုတ်သည့်အတွက် ယခု မေးခွန်းအား စာဖြင့် ၁၀ ရက်အတွင်း ပြန်လည် ဖြေကြားပေးသွားမည် ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment