Friday, May 10, 2019

မြောက်ကိုရီးယားက ဒုံးကျည်နှစ်ခု ပစ်လွှတ်ပြီး ၁၀မိနစ်အကြာတွင် အမေရိကန်ကလည်း ဒုံးကျည်တစ်ခု စမ်းသပ်ပစ်လွှတ်ခဲ့

မြောက်ကိုရီးယားမှ တာတိုပစ်ဒုံးကျည်နှစ်ခုကိုထပ်မံစမ်းသပ်ပစ်လွှတ်ပြီး (၁၀)မိနစ်မျှအကြာတွင် အမေရိကန်ကလည်းလက်နက်တပ်ဆင်ထားခြင်းမရှိသော တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကိုဖလော်ရီဒါပိုင်နက် ရေပြင်အောင် ရေငုပ်သင်္ဘောတစ်စီးထံမှစမ်းသပ်ပစ်လွှတ်လိုက်သည်။ Trident II (D5) အမျိုးအစား ဒုံးကျည်ကို အမေရိကန်ရေတပ်၏မဟာဗျူဟာစနစ်အစီအစဉ်အရ စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ကြောင်းပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် မစ္စလော်ရာဆီးလ်က အတည်ပြုပြောကြားသည်။



အဆိုပါ Trident II (D5) ဒုံးကျည်သည် မိုင် ၇၀၀၀ ခရီးအကွာအဝေးအထိပျံသန်းရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူတို့ကပြောသည်။

မြောက်ကိုရီးယားတို့သည် ပြီးခဲ့သည့် ၅ရက်ခန့်က ဒုံးကျည်အချို့ကိုစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယမန်နေ့(မေလ ၉ ရက်)နေ့တွင် တာတိုပစ်ဒုံးကျည် နှစ်ခုကို ထပ်မံပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းဒုံးကျည်တို့သည် ခရီးအကွာအဝေး မိုင် ၂၆၀ ခန့်အထိသာပျံသန်းရောက်ရှိနိုင်ကြောင်း သိရသည်။

No comments:

Post a Comment