Friday, May 10, 2019

စမ်းချောင်းတွင် တည်းခိုနေသူနှစ်ဦးထံမှ ကျပ်သိန်း ၂၀ ကျော်ဖိုး ဘိန်းဖြူများ ဖမ်းမိ

စမ်းချောင်းမြို့နယ်၌ တည်းခိုနေထိုင်သူနှစ်ဦးထံမှ ကျပ်သိန်း ၂၀ ကျော်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မေလ ၉ ရက်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။  အဆိုပါ ပြစ်မှုကျူးလွန်သူ နှစ်ဦးသည် ရှမ်းပြည်နယ်မှ လာ ရောက်တည်းခိုနေထိုင်သူများဖြစ် ပြီး တရားခံတစ်ဦးမှတစ်ဆင့် ကွင်းဆက်တရားခံတစ်ဦးကို တစ်ရက် တည်း ဖော်ထုတ်ဖမ်းဆီးရမိ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။ 

မေလ ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် စမ်းချောင်းမြို့နယ် ဗဟို လမ်းနှင့် ကြံခင်းလမ်းထောင့်ရှိ တည်းခိုခန်းတစ်ခုသို့ သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ယင်းတည်းခိုခန်း၌ တည်းခို သည့် လွိုင်လင်မြို့နယ် မိုင်းပွန်မြို့နေ အသက်(၂၇)နှစ်ရှိ မင်းထက်ကို သက်သေခံပစ္စည်းများနှင့်အတူ ဘိန်းဖြူအလေးချိန် ၁၁ ဂရမ် (ကာလပေါက်ဈေး ကျပ် ၁၁ သိန်း) ဖမ်းဆီးရမိသည်။

ဆက်လက်၍ ကွင်းဆက် တရားခံများကို ဖော်ထုတ်ဖမ်းဆီး ရာ လားရှိုးမြို့ နယ်မြေ(၄) ရပ်ကွက်နေ အသက်(၂၉)နှစ်ရှိ ဝင်းမင်းနောင် တည်းခိုနေထိုင် သည့် စမ်းချောင်းမြို့နယ် သံတံ တားရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ သက်သေခံပစ္စည်းများနှင့်အတူ ဘိန်းဖြူအလေးချိန် ၁၀ ဒသမ ၇ ဂရမ်(ကာလပေါက်ဈေး ကျပ် ၁၀ သိန်းကျော်) ဖမ်းဆီးရမိသည်။  ဖြစ်စဉ်နှင့်ပတ်သက်၍ စမ်း ချောင်းမြို့မရဲစခန်းက မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီး ရမိရေး ဆောင်ရွက်နေသည်။

No comments:

Post a Comment