Friday, May 10, 2019

မန္တလေး အိုးဘိုထောင်ဘာမှမဖြစ်၊ ကောလဟလများပြန့်နေခြင်းသာဖြစ်

မန္တလေးအိုးဘိုထောင်အတွင်း ဆူပူမှုဖြစ်နေတယ်ဆိုပြီး လူမှုကွန်ရက်မှာပြန့်နေတာတွေဟာ ကောလဟလသတင်းတွေသာဖြစ်ပြီး ထောင်အတွင်းပိုင်းလုံခြုံရေးတင်းကြပ်စွာချထားသလို ထောင်ပြင်ပအခြေအနေနဲ့ပတ်သက်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေကိုယ်တိုင် စောင့်ကြပ်နေကြတယ်လို့ သိရပါတယ်။ "ထောင်ဘေးမှာတင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိနေတော့ အားလုံးကစောင့်ကြပ်နေကြပါတယ်၊ လုံခြုံရေးရဲတပ်ဖွဲ့လည်းရှိနေပါတယ်" လို့ သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။ မန္တလေးအိုးဘိုထောင်ဟာ လက်ရှိအချိန်အထိ ဘာမှမဖြစ်ပဲ တည်ငြိမ်မှုရှိနေပါတယ်။

No comments:

Post a Comment