Friday, May 10, 2019

Sai Sai Mandalay Show လက်မှတ် မေလ ၁၁ ရက် စတင်ရောင်းချမည်

Sai Sai Mandalay Show ကိုမေလ ၂၅ ရက်တွင် မန္တလာသီရိအားကစားကွင်းဘေး ရှိမြေကွက်လပ်၌ ကျင်းပမည် ဖြစ်ကြောင်း အဆိုတော်စိုင်းစိုင်း ခမ်းလှိုင်ကပြောသည်။ ‘‘ရန်ကုန်မှာ ကျင်းပခဲ့တဲ့ စိုင်းစိုင်းမွေးနေ့ရှိုးဟာ ကျွန်တော့် ရဲ့တစ်သက်မှာ၊ ကျွန်တော်လုပ် နိုင်တဲ့အထဲမှာ အကြီးဆုံး၊ အ အောင်မြင်ဆုံးဖြစ်ခဲ့သလိုမန္တလေး    မှာသွားလုပ်မယ့်ပွဲမှာလည်း အ ကောင်းဆုံး Production နဲ့အကြီး ကျယ်ဆုံး ပွဲဖြစ်အောင်ကြိုးစား သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။



မန္တလေးမြို့တွင် စိုင်းစိုင်းရှိုး အနေဖြင့် ၂၀၀၈ နှင့် ၂၀၁၆ တွင် ကျင်းပပြီး မွေးနေ့ရှိုးအနေနှင့် ၂၀၁၂ နှင့် ၂၀၁၇ ၌ပြုလုပ်ဖူး သည်။ ယခုကျင်းပမည့် ပွဲသည် မန္တလေးမြို့တွင် ငါးကြိမ်မြောက် ဖြစ်သည်။

ရန်ကုန်တွင် ဧပြီ ၁၀ ရက် ကကျင်းပသည့် မွေးနေ့ရှိုးပြု လုပ်စဉ်က သုံးခဲ့သည့် ထုတ်လုပ် ရေး၊ အသံစနစ်၊ မီးစနစ်၊ LED စနစ်၊ performance၊ artist အင် အားအားလုံးကို မန္တလေးသို့ ဆောင်ယူမည်ဖြစ်ကြောင်း အဆို တော်စိုင်းစိုင်းခမ်းလှိုင်က ပြော သည်။

လက်မှတ်ဈေးနှုန်းများအ နေဖြင့် ရန်ကုန်တွင် ပြုလုပ်သည့် ရှိုးပွဲဈေးနှုန်းအတိုင်း AYA Visa Card အပါအ၀င်တစ်စောင် ကျပ် ၁၂,၀၀၀ နှင့် ရောင်းချမည် ဖြစ်ပြီး VIP ထိုင်ခုံများလည်း ထားရှိမည်ဟုဆိုသည်။

‘‘သီချင်းအပုဒ် ၄၀ လောက်  ဖျော်ဖြေရာမှာ တချို့သီချင်း တွေကိုအပြောင်းအလဲပြုလုပ် သွားပါမယ်။ ရန်ကုန်မှာမပါတဲ့ performance တချို့မန္တလေး မှာပါလာပါမယ်။ ရန်ကုန်မှာမပါ ၀င်တဲ့တချို့သောဧည့်သည်အဆို တော်တွေကိုလည်း ဖိတ်ကြားဖို့ရှိ ပါတယ်။ Face Paint တွေနဲ့ဆေး ခြယ်ခြင်း၊ အလှပြင်ခြင်းတွေကို ရန်ကုန်ပွဲအတိုင်း စီစဉ်ထားပါ မယ်’’ ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

စိုင်းစိုင်းခမ်းလှိုင်က အဆိုပါ  ရှိုးအပြီးတွင် ဂီတဖျော်ဖြေပွဲများ ရပ်နားကာ ခေတ္တအနားယူမည် ဖြစ်ပြီး ရုပ်ရှင်တစ်ကားဆက်  လက်ရိုက်ကူးရန်ရှိသလိုမထွက် သေးသည့် ရှိုးအခွေနှင့် မြူးဇစ်ဗီ ဒီယိုအခွေများ ထွက်ရှိရန်ကြိုး စားမည်ဟုဆိုသည်။

‘‘ကျွန်တော်တို့လည်း ရင် ခုန်နေပါတယ်။ နေ့ရော၊ ညရော ဖျော်ဖြေပွဲကိစ္စပဲခေါင်းထဲထည့် ထားတာပါ။ ရန်ကုန်ရှိုးနဲ့ ၇၅ ရာခိုင်နှုန်းတူမယ်။ ၂၅ ရာခိုင်နှုန်း ကွဲမယ်။ ဒီပွဲဆိုပြီးတာနဲ့ အနည်း   ဆုံးသီတင်းကျွတ်လောက်ထိသီ ချင်းမဆိုဖြစ်တော့ပါဘူး’’ ဟု အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။ စိုင်းစိုင်းမန္တလေးရှိုးလက် မှတ်များကို မေလ ၁၁ ရက်က စတင်၍ မင်္ဂလာမန္တလေးတွင် နံနက် ၈ နာရီမှ ညနေ ၈ နာရီ အထိရောင်းချမည်ဖြစ်သည်။

No comments:

Post a Comment