Friday, May 10, 2019

မော်တော်ယာဉ်ထဲတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော WY စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်း ပင်လောင်းမြို့နယ်တွင် ဖမ်းမိ

No photo description available.
Image may contain: one or more peopleပင်လောင်းမြို့ကိုဖြတ်သန်းမောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး၏ ကြမ်းခင်းတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်းကို ယမန်နေ့ကဖမ်းဆီးရမိခဲ့သည်။ ယမန်နေ့(မေလ ၉ ရက်)နံနက် ၅ နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တလုံးကြီးမြို့မှ မှော်ဘီ-တုန်ဟုန်းလမ်းဆုံမှတစ်ဆင့် ပင်လောင်းမြို့ကိုဖြတ်သန်း၍ ပင်လောင်း-နေပြည်တော် သွား လမ်းဆုံး ရင်းမှီးရပ်တွင် တိုယိုတာဟိုင်းလပ်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ် ကြမ်းခင်းနှစ်ထပ်ကြားတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်းကို ဖမ်းဆီးရမိခဲ့သည်။


ထို့ကြောင့် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ စိုင်းနော်မိန်း(အသက် ၂၇နှစ်)နှင့် မနန်းဖွေးစံ(အသက် ၁၉ နှစ်)တို့အား ပင်လောင်းမြို့မရဲစခန်းမှ မယ(ပ) ၁၃/ ၂၀၁၉ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း ပင်လောင်းမြို့မရဲစခန်းမှသိရသည်။

No comments:

Post a Comment