Friday, May 10, 2019

ချမ်းမြသာစည်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းကို ၂၀၁၉ ခုနှစ်၊မေလ ၁၀ ရက်၊နံနက်ပိုင်းက မန္တလေးမြို့၊ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြတ်စောညီနောင်ဘုရားဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။ အဆိုပါနေ့မှာပင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်ပေးမှုကို အဆိုပါနေရာ၌ ပူးတွဲ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment