Friday, May 10, 2019

မြောက်ကိုရီးယား အစိုးရက တိုင်းပြည်အတွင်း နိုင်ငံရေး အကျဉ်းစခန်းတွေ မရှိဘူးလို့ ငြင်းဆို

မြောက်ကိုရီးယား အစိုးရက တိုင်းပြည်အတွင်း နိုင်ငံရေး အကျဉ်းစခန်းတွေ မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းကို မြောက်ကိုရီးယား သံတမန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မှတ်ချက်ပြုပြောခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းစခန်းတွေရှိနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေသေးကြောင်း မြောက်ကိုရီးယားရဲ့ သံတမန်တစ်ဦးဖြစ်သူ ပတ် ကွန် ဟိုက ပြောပါတယ်။
ဒါပေမယ့်လည်း မြောက်ကိုရီးယား နိုင်ငံရဲ့ ပြစ်မှုဥပဒေနဲ့ ပြစ်မှု ကျင့်ထုံးဆိုင်ရာ ဥပဒေ ရဲ့ ဝေါဟာရ အရ အဲဒီလို အကျဉ်းစခန်းမျိုးတွေမရှိဘူးလို့ ပတ်က ပြောခဲ့ပါတယ်။ အနောက်နိုင်ငံတွေကတော့ မြောက်ကိုရီးယားနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းစခန်းတွေရှိနေပြီး အတင်းအဓ္ဓမ အလုပ်စေခိုင်းမှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယား နိုင်ငံကတော့ ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုသွားခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment