Friday, May 10, 2019

အစ္စရေးရောက်မြန်မာနိုင်ငံသားများသို့ အရေးပေါ်အခြေအနေသတိပေးချက် ထုတ်ပြန်

အစ္စရေးနိုင်ငံသို့ရောက် ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် အရေးပေါ်အခြေအနေ အတွင်း အရေးပေါ်အချက်ပေး ဥဩဆွဲသံကြားရပါက အနီးစပ် ဆုံး လုံခြုံရေးအခန်း၊ အသက် ကယ်အခန်းနှင့် ဗုံးဒဏ်ခံအခန်း များသို့ အမြန်ဆုံးခိုလှုံရန် အစ္စ ရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေလ ၈ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။   မကြာသေးမီရက်များအ တွင်း အစ္စရေးနိုင်ငံတွင် အစ္စရေး စစ်တပ်နှင့် ဂါဇာအခြေစိုက်စစ် သွေးကြွအုပ်စုများအကြား တိုက် ခိုက်မှု၌ အသက်ဆုံးရှုံးမှုအချို့ ရှိ၍ တဲလ်အဗစ်မြို့ရှိ မြန်မာသံရုံး အနေဖြင့် နောင်တွင်ကြုံတွေ့လာ နိုင်ခြေရှိသည့် အရေးပေါ်အခြေ အနေများနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံသားများ လိုက်နာဆောင် ရွက်နိုင်ရေး ထုတ်ပြန်ခြင်းဖြစ် ကြောင်း မြန်မာသံရုံးက ဆိုသည်။

အရေးပေါ်အချက်ပေးဥဩ ဆွဲသံကြားချိန်တွင် အဆောက် အအုံတစ်ခုခုအတွင်းရှိနေပါက အနီးစပ်ဆုံးလုံခြုံရေးအခန်း၊ အ သက်ကယ်အခန်းနှင့် ဗုံးဒဏ်ခံ အခန်းများသို့ အမြန်ဆုံးသွား ရောက်ခိုလှုံရန် ထုတ်ပြန်ချက်က အကြံပြုသည်။

ထို့အပြင် အရေးပေါ်အချက် ပေးသံကြားရချိန်၌ အဆောက်အအုံအပြင်ဘက်တွင် ရှိနေပါကနီးစပ်ရာခိုင်ခံ့သည့် အဆောက်အအုံတစ်ခုခုအတွင်း ၀င်ရောက်၍ ခိုလှုံရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့အပြင် ဒေသန္တရအာဏာ ပိုင်များ၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန်နှင့် အကယ်၍ညွှန်ကြားချက် မရရှိပါက အရေးပေါ် ဥဩဆွဲသံစတင်ပြီး ၁၀ မိနစ်ခန့် ကြာပြီးမှသာ ခိုလှုံရာနေရာမှ ထွက်ခွာရန် သတိပေးထားသည်။

အစ္စရေးနိုင်ငံရောက်မြန်မာ နိုင်ငံသားများအနေဖြင့် အရေး ပေါ်အခြေအနေ  ကြုံတွေ့ရပြီး နောက် အကူအညီလိုအပ်ပါက မြန်မာသံရုံး ကောင်စစ်ရေးရာ တာဝန်ခံ၏ လက်ကိုင်ဖုန်း ၀၅၈၄၂၉၈၀၇၃ သို့ အချိန်မရွေး ဆက်သွယ်ရန် ထုတ်ပြန်ထား သည်။

ထို့အပြင် အထူးသတိပြုရန် မှာ အရေးပေါ်အချက်ပေးဥဩ ဆွဲသံစတင်သည်နှင့်တစ်ပြိုင်နက် ဘေးကင်းရာနေရာသို့ သွား ရောက်ရန် အများဆုံးသုံးမိနစ်ခန့် ရရှိမည်ဖြစ်ကြောင်း သတိပေး ထားသည်။ အစ္စရေးနိုင်ငံတွင် တစ်ပတ် ကြာတိုက်ပွဲများဖြစ်ပွားပြီးနောက် အစ္စရေးစစ်တပ်နှင့် ဂါဇာအခြေ စိုက်စစ်သွေးကြွအုပ်စုများကြား အပစ်အခတ်ယာယီရပ်စဲထား သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဂါဇာအခြေစိုက် ဟားမားစ် အဖွဲ့နှင့် အခြားဂျီဟတ်အုပ်စုများ က အစ္စရေးပိုင်နက်ဘက်ကို ဒုံး ကျည်အစင်းရေ ၇၀၀ ခန့်ပစ်ခတ် ပြီး အစ္စရေးကလည်း လေ ကြောင်းနှင့် လက်နက်ကြီးတိုက် ခိုက်မှုများဖြင့် အပြင်းအထန်တုံ့ ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အ နည်းဆုံးအစ္စရေးလေးဦးနှင့် ပါ လက်စတိုင်း ၂၅ ဦးသေဆုံးသည်။

No comments:

Post a Comment