Friday, May 10, 2019

ငါးဖမ်းစဉ် စကားများကာ လူသတ်မှုကျူးလွန်သူသုံးဦးကို စစ်ဆေးနေဟုဆို

 တောင်ငူမြို့တွင် သူငယ်ချင်းအချင်းချင်း ငါးဖမ်းစဉ် စကား များရန်ဖြစ်ရာမှ ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်သူ သုံးဦး ကို ဖမ်းဆီးစစ်ဆေးနေကြောင်း  ကျွန်းကုန်းနယ်မြေရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။  ‘‘ငါးသွားဖမ်းရင်းနဲ့ စကား များကြတယ်။ အရက်ကလည်း သောက်ထားတော့ ဆဲဆိုရန်ဖြစ် ကြတယ်လို့ သိရတယ်။ သေဆုံး သူက အမေ၊ နှမနဲ့ဆဲတယ်လို့ ပြောတယ်။ အဲဒီကနေ လူသတ် မှုဖြစ်ကုန်ကြတာပါ။ တရားခံတွေ ကို စစ်ဆေးနေတုန်းပါပဲ။ စခန်း မှာပဲ ချုပ်ထားတယ်’’ဟု ၎င်းက ပြောသည်။



သေဆုံးသူသည် တောင်ငူ မြို့ နေပူကုန်းကျေးရွာနေ အသက် (၄၃)နှစ်ရှိ ဦးဝင်းမြင့်ဆိုသူဖြစ်ပြီး ၎င်းမှာ မေလ ၈ ရက် နေ့လယ် ၁၂ နာရီကျော်တွင် မဟင်းကျေးရွာ အုပ်စု နှစ်ဆောင်ပြိုင်ကျေးရွာ တောင်ဘက် တစ်မိုင်ခွဲရှိ ဧက ၅၀၀ လယ်ကွက်အကြား တာ ပေါင်ဘေး  ဆည်မြောင်းပြွန် ပေါက်အနီး၌ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ ၁၄ ချက်၊ ကျောကုန်းထိုး သွင်းဒဏ်ရာလေးချက်၊ မျက်နှာ ပြတ်ရှဒဏ်ရာနှစ်ချက်၊ လည်ပင်း ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ငယ်ပါကို လှီးဖြတ်ကာ ပါးစပ်ထဲသို့ ထည့်ထားသည့် အနေအထားဖြင့် သေဆုံးခဲ့သည်။  ၎င်းသေဆုံးမှုကို မဟင်း ကျေးရွာနေထိုင်သူများက တွေ့ရှိ ပြီးနောက်  သက်ဆိုင်ရာ တာဝန် ရှိသူများက ပြစ်မှုကျူးလွန်သူများ ကို စုံစမ်းစစ်ဆေးခဲ့ရာ မေလ ၈ ရက် ညနေတွင် နိုင်မင်းထွန်း၊ နိုင်ဝမ်းနှင့် နန်းဝင်းဆိုသူသုံးဦးကို ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ဦးဝင်းမြင့်နှင့်အတူ ၎င်းတို့ လေးဦးမှာ မေလ ၈ ရက်နံနက်ပိုင်းက ဆိုင်ကယ်နှစ်စီးဖြင့် ငါးဖမ်းရန် ထွက်လာကြောင်း၊ ငါးဖမ်းပြီး နောက် ငါးကင်၍ အရက်အတူ သောက်စဉ် ဦးဝင်းမြင့်က နန်းဝင်း ကို အရက်မူးပြီး  ဆဲဆိုရာမှ  လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများက လတ်တလော ထွက်ဆိုထားသည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ထိုသို့လူသတ်မှုကျူးလွန်ပြီး နောက် အလောင်းကို ဆွဲယူလာ ပြီး နှစ်ဆောင်ပြိုင်ကျေးရွာ တောင်ဘက် ဧက ၅၀၀ လယ်ကွက်အ ကြား ဆည်မြောင်းပြွန်ပေါက်အနီး တွင် ပစ်ထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။  ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်မင်းထွန်း၊ နိုင်ဝမ်းနှင့် နန်းဝင်း တို့သုံးဦးကို ကျွန်းကုန်းနယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်စစ်ဆေး နေသည်။

No comments:

Post a Comment