Friday, May 10, 2019

ရခိုင်မြောက်ပိုင်းတွင် စစ်ကူပေးရန်အပါအ၀င် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း ဆောက်လုပ်ထား

ရခိုင်ပြည်နယ်မြောက် ပိုင်း၌ စစ်ကူပေးရန်အပါအ၀င် ထောက်ပံ့ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရဟတ်ယာဉ်ကွင်း ၁၅ ခုဆောက်လုပ်ထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိ ယအမြဲတမ်းအတွင်းဝန် ဦးစိုင်း ထွန်းညိုက ပြောသည်။ နေပြည်တော် ပြန်ကြား ရေးဝန်ကြီးဌာန၌ ယမန်နေ့တွင်  စတင်ပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက်တတိယ  တစ်နှစ်ကာလအတွင်း ဆောင် ရွက်မှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ ဒုတိယ အမြဲတမ်းအတွင်းဝန်က ပြော ကြားသည်။
‘‘ပြီးခဲ့တဲ့ဖြစ်စဉ်တွေဖြစ်တဲ့ အချိန်မှာ ဒေသခံပြည်သူတွေ သွားရေးလာရေးခက်ခဲတယ်။ ပြီး ရင်သူတို့အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးဖို့သော်လည်း ကောင်း၊ လူတွေကိုဆွဲထုတ်ဖို့ သော်လည်းကောင်း နောက်ဆုံး လုံခြုံရေးအဖွဲ့တွေစစ်ကူလုပ်ဖို့ သော်လည်းကောင်းနယ်မြေကန့် သတ်ချက်တွေ အများကြီးရှိ တယ်’’ ဟု ၎င်းကဆိုသည်။

ရဟတ်ယာဉ်ကွင်းတစ်ကွင်း  လျှင်ကျပ်သိန်း ၄၀ ခန့်ကုန်ကျပြီး ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ၁၅  ကွင်း စလုံးဆောက်လုပ်ပြီးစီးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ ဆောက်လုပ် ပြီးစီးသည့် ရဟတ်ယာဉ်ကွင်း နေရာများကိုမူ ထည့်သွင်းပြော ကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်း  ၌ ရာသီဥတုကန့်သတ်ချက်ရှိ သည့်အပြင် လမ်းပန်းဆက်သွယ်   ရေးခက်ခဲ၍ ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ တွင်အချိန်မီစစ်ကူမရောက်နိုင် သည့် အခြေအနေများရှိခဲ့ကြောင်း နှင့် ထိခိုက်နစ်နာမှုများပြားသည် မျိုးလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ ထို့အပြင် လက်ရှိရခိုင်ဒေသ  တွင် ဖြစ်ပွားနေသည့် တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့၏  ထိတွေ့မှုများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ်သက်ရောက်မှုမရှိကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment