Friday, May 10, 2019

အာဆီယံပြိုင်ပွဲဝင် မြန်မာယူ-၁၈ အသင်း မေလ ၁၇ ရက်တွင် စတင်လေ့ကျင့်မည်

အာဆီယံပြိုင်ပွဲအ တွက် မြန်မာ့လက်ရွေးစင် ယူ-၁၈ ဘောလုံးအသင်းသည် မေလ ၁၇ ရက်တွင် စတင်လေ့ကျင့်မည် ဖြစ်ကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောသည်။ မြန်မာယူ-၁၈ အသင်းသည် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတွင် MMF Youth အမည်ဖြင့် ယှဉ်ပြိုင်နေသည်။ သို့သော် လက်ရှိတွင်ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးသဖြင့်  မြန်မာယူ-၁၈ အသင်းကို ၁၀ ရက်ခန့်  အနားပေးထားသည်။  ‘’ ကြားထဲမှာ ကစားသမား အပြောင်းအလဲ ပြုလုပ်ဖို့ ရှိပါတယ်။
လက်ရှိဝင်ပြိုင်နေတဲ့ ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ  ဒုတိယအကျော့အပြင်  နိုင်ငံတကာပြိုင်ပွဲ တွေအတွက် တောက်လျှောက် ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဒီနှစ်ထဲမှာ ပထမဆုံးရည်မှန်းချက်ဖြစ်တဲ့ အာဆီယံပြိုင်ပွဲမှာ ထိုက်သင့်တဲ့  အောင်မြင်မှုရ အောင်  ကြိုးစားယှဉ်ပြိုင်သွားမှာပါ’’ဟု ဦးစိုးမြတ်မင်းက ပြော သည်။

၂၀၁၉ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို သြဂုတ်အတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (က)တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု(ခ) တွင် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် သြစတြေးလျအသင်းတို့ ပါဝင် သည်။  အာဆီယံပြိုင်ပွဲ မတိုင်မီ ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၈ ဘောလုံးအသင်းသည် ဇူ

လိုင်အတွင်း ဂျပန်နိုင်ငံသို့ နှစ်ပတ်ကြာ ခြေစမ်းခရီးစဉ်သွားရောက် မည် ဖြစ်ကြောင်း ဦးစိုးမြတ်မင်းက ပြော သည်။

မြန်မာယူ-၁၈ အသင်း သည်အာဆီယံပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မတ်လနှင့် ဧပြီတတိယပတ်က ဗီယက်နမ်နှင့် ဟောင်ကောင်ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။  မြန်မာအသင်းသည် ဗီယက်နမ်ပြိုင်ပွဲတွင် အောင်မြင်မှု မရရှိသော်လည်း ဟောင်ကောင်ဖိတ် ခေါ်ပြိုင်ပွဲ၌ စင်ကာပူ၊ ဟောင်ကောင်၊ ဗီယက် နမ်အသင်းတို့ကို ကျော်ဖြတ်ကာ   ဗိုလ်စွဲခဲ့သည်။

No comments:

Post a Comment