Friday, May 10, 2019

စစ်ကြောရေးကာလအတွင်း သေဆုံးသူများ၏ အလောင်းကို မိသားစုထံလွှဲပေးရန်အဆို ရခိုင်လွှတ်တော်အတည်ပြု

တိုက်ပွဲများနှင့်ပတ် သက်၍ သံသယဖြင့်ဖမ်းဆီးစစ် ဆေးခံနေရသူများ စစ်ဆေးနေစဉ် သေဆုံးပါက အလောင်းများကို ၎င်းတို့၏မိသားစုထံ လွှဲပြောင်း ပေးနိုင်ရေး ကြိုးစားပေးသင့် ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အား တိုက်တွန်းသည့်အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် မဲ ခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ြေ မာက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦး ထွန်းသာစိန်တင်သွင်းသည့်ယင်း အဆိုကို မေလ ၈ ရက်ကကျင်းပ သည့် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ပြည်နယ်အစိုးရက အဆိုကို မှတ်တမ်းအဖြစ်ထားရှိ ရန် မှတ်ချက်ပြု၍ မဲခွဲဆုံးဖြတ် ခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်အ တွင်း ဖြစ်နေသည့်စစ်ရေးပဋိပက္ခ များနှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရသူများသည် အကြောင်းအမျိုးမျိုးကြောင့် စစ် ဆေးနေစဉ် သေဆုံးသူများရှိနေ ပြီး ထိုသူများ၏ရုပ်အလောင်းကို မိသားစုဝင်များ သင်္ဂြိုဟ်ခွင့်မရဟု အဆိုရှင်ဦးထွန်းသာစိန်က ပြော သည်။

‘‘နောက် အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံလာရင် အဆိုမှာပါတဲ့အတိုင်း မိသားစုလက်ထဲကို လွှဲပြောင်း ပေးဖို့ မိသားစုတွေကိုယ်စား တောင်းဆိုချင်တယ်။ အဆိုကို အ ကုန်အတည်ပြုလိုက်တယ်။ဘယ် သူမှ မကန့်ကွက်ဘူး။ တပ်မတော် သားတွေရောပေါ့’’ ဟု ဦးထွန်း သာစိန်က ပြောသည်။

၁၉၈၈ နောက်ပိုင်း စစ်အုပ် ချုပ်ရေးကာလ၌ ထောင်ထဲ၊ အ ကျဉ်းထဲ၌ စစ်ကြောရေးတွင် အ ကြောင်းအမျိုးမျိုးကြောင့် သေဆုံး သည့် ရုပ်အလောင်းများကို မိ သားစုဝင်များကိုယ်တိုင် သင်္ဂြိုဟ် ခွင့်ရရှိကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ် လာရေးဟုကြွေးကြော်ကာ သွား နေသော ဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားများ၏ ဓလေ့ထုံးစံ အယူအဆနှင့် လူ့အခွင့်အရေးကို ဟန့်တားပိတ်ပင်ခြင်းများ မရှိ သင့်၊ မကျင့်သုံးသင့်တော့ ကြောင်း ဦးထွန်းသာစိန်က လွှတ် တော်၌ ဆွေးနွေးသည်။

AA နှင့်ပတ်သက်၍ သံသ ယရှိသည်ဆိုကာ တပ်မတော်က ထိန်းသိမ်း  စစ်ဆေးခဲ့သည့် မြောက်ဦးမြို့နယ် လက္ကာကျေး ရွာမှ အမျိုးသား ၂၇ ဦးအနက် သုံးဦးသေဆုံးခဲ့သည်။ ထို့အပြင် ရသေ့တောင်မြို့နယ် ကျောက် တန်းရွာတွင်လည်း မသင်္ကာဟု ဆိုကာ အမျိုးသား ၂၇၅ ဦးကို ထိန်းသိမ်းစစ်ဆေးရာ ပစ်ခတ်မှု ဖြစ်ပွားပြီး ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ကျောက်တန်းကျေးရွာဖြစ် စဉ်တွင် ထိန်းသိမ်းထားသူများအ နက် ၂၀၉ ဦးကို သံသယစာရင်းမှ ပယ်ဖျက်ပြီး မေလ ၃ ရက်၊ ၆ ရက်နှင့် ၈ ရက်တွင် သုံးသုတ်ခွဲ၍ ပြန်လွှတ်ပေးကာ ၄၃ ဦးကိုဆက် လက်စစ်ဆေးနေသည်။ ထို့အပြင် AA ဟုဝန်ခံသူ လေးဦး၊ သံသယရှိ သူနှစ်ဦး၊ စုစုပေါင်းခြောက်ဦးကို စစ်တွေမြို့သို့ခေါ်ယူ၍ တရား ဥပဒေအတိုင်း ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း တပ်မတော် က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment