Friday, May 10, 2019

ICRC က မော်တော်ယာဉ်ငါးစီး တင်သွင်းမှု အခွန်ကင်းလွတ်ခွင့်ပြုရန် မဲခွဲအတည်ပြု

အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီကော်မတီ(ICRC) က ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် ယာဉ်ငါးစီးတင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ် တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ သည်။ ဂျီနီဗာမြို့ရှိ ICRC ရုံးချုပ်က မြန်မာနိုင်ငံရှိ ICRC ရုံးအတွက် ကန်ဒေါ်လာ တစ်သိန်းနှစ်သောင်း ကျော်တန်ဖိုးရှိ တိုယိုတာလန်ခရူဆာငါးစီးတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရေးနှင့်ပတ် သက်၍ ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူခြင်း ဖြစ်သည်။

အထက်ပါ အခွန်ကင်းလွတ် ခွင့်ပြုရေးနှင့်ပတ်သက်၍ မျှတစွာ ဆောင်ရွက်ရန်လိုကြောင်း တပ်မ တော်သားကိုယ်စားလှယ် ဗိုလ် မှူးဇော်ဝင်းနိုင်က ဆွေးနွေးထား သည်။ ၎င်း၏ဆွေးနွေးမှုအပေါ် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ရှင်းလင်းပြီနောက် မဲခွဲဆုံးဖြတ် ရာ ထောက်ခံမဲ ၃၆၄ မဲ၊ ကန့် ကွက်မဲ ၁၆၉ မဲ၊ ကြားနေ နှစ်မဲ ရရှိခဲ့သည်။

ထိုသို့ အခွန်ကင်းလွတ်ခွင့် ပြုရေးကိစ္စသည် ကြက်ခြေနီလှုပ် ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်၌ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ စွာ ဆောင်ရွက်နိုင်ရန် အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပထမအကြိမ် တင်ပြခြင်းဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

‘‘အဆိုပါ ကားများအား လူ သားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများ တွင် အသုံးပြုသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အသုံးပြုရန် မလိုအပ်တော့ပါက ICRC ၏ လုပ်ထုံးလုပ်နည်းအတိုင်း မြန်မာ နိုင်ငံရှိ အခြားဒေသများတွင် အ သုံးပြုရန် Myanmar Red Cross Society သို့ လှူဒါန်းသွားမှာဖြစ် ပါတယ်’’ဟု ၎င်းကဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီအဖွဲ့က တင်သွင်းမည့် ယာဉ်ငါးစီးအတွက် ကန်ဒေါ်လာတစ် ဒေါ်လာလျှင် ကျပ် ၁,၅၀၀  နှုန်းဖြင့် အခွန်ကောက်ခံပါက အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်းကျပ် ၂၂၇ သန်း (ကျပ်သိန်း ၂,၂၀၀)ကျော်ကျသင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ ‘‘ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ ICRC ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအ နေများအရ အခွန်ကင်းလွတ်ခွင့် ပြုသင့်ကြောင်း သုံးသပ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြ၍ သဘောတူညီချက် ရယူ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

No comments:

Post a Comment