Friday, May 10, 2019

အာဖဂန်မြို့တော် ကဘူးလ်တွင် ကားဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ကားဗုံးခွဲ တိုက်ခိုက်ခံရတဲ့ နေရာမှာ မေ ၉ ရက်နေ့က လက်နက်ကိုင် လုံခြုံရေးအစောင့်တွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မေ ၈ ရက်က တိုက်ခိုက်မှုကြောင့် အရပ်သား လေးယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရပါတယ်။ ကဘူးလ်မြို့အခြေစိုက် အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာအဖွဲ့အစည်း Counterpart International ကို ပစ်မှတ်ထား ဖောက်ခွဲမှုကြောင့် အဆောက်အဦတွေနဲ့ ကားတွေပါ ပျက်စီးခဲ့ပါတယ်။



တိုက်ခိုက်သူတွေကို တိုက်ထုတ်ဖို့ အထူးတပ်ဖွဲ့ဝင်တွေက လာဝိုင်းအပြီးမှာ ပေါက်ကွဲသံတွေ သေနတ်သံတွေ ဆူညံခဲ့ပါတယ်။

မွတ်စလင်တွေရဲ့ ရာမာဒန်ဥပုသ်လ စတင်အပြီး ၃ ရက်အကြာ တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ တာလီဘန် စစ်သွေးကြွတွေက ပြောပါတယ်။ ကဘူးမြို့တော်ဝန်းကျင်မှာ လုံခြုံရေး တိုးချထားပေမယ့် အာဏာပိုင်တွေဟာ တိုက်ခိုက်မှုတွေကိုတော့ တားဆီးထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

No comments:

Post a Comment