Friday, May 10, 2019

MIU အသင်း အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ မလေးရှားကလပ်တို့နှင့်တစ်အုပ်စုတည်းကျ

အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုအဆင့် တွင် မြန်မာဖူဆယ်ကလပ် MIU အသင်းသည် ကမ္ဘောဒီးယား ကလပ်၊ မလေးရှားကလပ်တို့နှင့် အတူ ကျရောက်နေသည်။  ၂၀၁၉ အာဆီယံဖူဆယ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် လ ၁၇ မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာခွန်ရစ်ချာ စီးမားကွင်းတွင် ကျင်းပမည်ဖြစ် သည်။ အုပ်စုခွဲဝေမှုအရ MIU (ယခင် MIC) အသင်းသည် အုပ် စု (ခ) တွင် ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်း စပေါ့အသင်း၊ မလေးရှားကလပ် မီလာကာအ သင်းတို့နှင့် ကျရောက်နေသည်။  အုပ်စု (က)တွင် အိမ်ရှင် ထိုင်းကလပ်ချောင်ဘူရီ၊ ဗီယက် နမ်ကလပ်ဆာဗီနက်၊ အင်ဒိုနီး ရှားကလပ် ဘလက်စတီးအသင်း တို့ ပါဝင်သည်။


MIU အသင်းသည် ၂၀၁၈-၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲသောကြောင့် အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။ MIU အသင်းသည် အာဆီယံပြိုင်ပွဲသို့  လေးကြိမ် မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် သုံးကြိမ်စလုံးတွင် တတိယဆုရရှိခဲ့သည်။ MIU ဖူဆယ်ကလပ်သည်  အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲနှင့် MFF Futsal Open Cup 2019 ပြိုင်ပွဲအတွက် ဧပြီလနောက်ဆုံး ပတ်ကစတင်ကာ လေ့ကျင့်ပြင် ဆင်နေသည်။

No comments:

Post a Comment