Friday, May 10, 2019

တစ်ရက်တည်း ထောင်ငါးခု ဆူ ရွှေဘိုထောင်ဆူပူမှု ထိန်းသိမ်းစဉ် အကျဉ်းသားလေးဦးသေ နှစ်ဦးဒဏ်ရာရ

အကျဉ်းထောင် ငါးခု၌ တစ်ရက်တည်း ထောင်ဆူမှုများ ဖြစ်ပွားခဲ့ပြီး သမ္မတလွတ်ငြိမ်း သက်သာခွင့်ပေးပြီး နောက်ပိုင်း စုစုပေါင်း အကျဉ်းထောင် ခုနစ်ခုဆူခဲ့ရာ ရွှေဘိုအကျဉ်း ထောင်ဆူပူမှုကို  လုံခြုံရေးအဖွဲ့ ကထိန်းချုပ်စဉ် အကျဉ်းသား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရခဲ့သည်။
ဆူပူမှုဖြစ်သည့် အကျဉ်းထောင်များ
မေလ ၉ ရက် နံနက်တွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား အ ကျဉ်းထောင်၊ ပဲခူးတိုင်းဒေသကြီးရှိ သာယာ ၀တီအကျဉ်းထောင်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ပုသိမ်အကျဉ်း ထောင်၊ တနင်္သာရီတိုင်းရှိ ထား ဝယ်အကျဉ်းထောင်နှင့် စစ်ကိုင်း တိုင်းရှိ ရွှေဘိုအကျဉ်းထောင်တို့ တွင် ထောင်ဆူမှုဖြစ်ခဲ့ခြင်းဖြစ် သည်။ အကျဉ်းသားများ ဆန္ဒ ထုတ်ဖော်မှုကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀င်များက  အကျဉ်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ သည်။



မေလ ၇ ရက် ညတွင်ဘားအံ အကျဉ်းထောင်၌ ဆူပူမှုဖြစ်ခဲ့ သည်။ မေလ ၈ ရက် နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်ရှိ မော်လိုက်ကလေးအ ကျဉ်းထောင်နှင့် ယင်းညနေတွင် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်း သားများ ဆူပူခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြအကျဉ်းသားများတောင်း ဆိုသည့် အချက်လေးချက်

မေလ ၉ ရက်အထိ ဆူပူမှု ဖြစ်ခဲ့သော ထောင်ခုနစ်ခုမှ အ ကျဉ်းသားများ တောင်းဆိုချက် များ တူညီနေပြီး သမ္မတ၏လွတ် ငြိမ်းချမ်းသက်သာခွင့် တန်းတူရ ရေး၊ သတင်းမီဒီယာများနှင့် တွေ့ ဆုံခွင့်ရရေး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရေး၊ လူအခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံခွင့်ရရေးတို့ ဖြစ်သည်။ သတင်းမီဒီယာများနှင့် တွေ့ဆုံခွင့်ရရေးနှင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံခွင့်ရရေးကိုသက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုး ရအဖွဲ့ဝင်များ က  အကျဉ်းသားများနှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဘားအံအကျဉ်းထောင်တွင် မေလ ၇ ရက် ညကစ၍ ဆူပူမှုဖြစ် ခဲ့သည်။ မေလ ၈ ရက် နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်ရှိ မော်လိုက်ကလေးအ ကျဉ်းထောင်၊ ယင်းညနေတွင် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်း သားများ ဆူပူမှုဖြစ်ခဲ့သည်။

ရွှေဘိုထောင်ဆူမှု ထိန်းသိမ်းပုံ

ရွှေဘိုထောင်ဆူမှု ထိန်း သိမ်းခဲ့ပုံနှင့် ပတ်သက်၍ စစ်ကိုင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့် နိုင်က ‘‘သူတို့ကိုခေါ်ညှိတယ်။ ညှိ လို့မရဘူး။ မင်းတို့ဖြစ်ချင်တာပြော။ အခွင့်အရေးကို ရစေရမယ်။ အ ထက်ကို တင်ပေးမယ်။  မင်းတို့ အေးအေးချမ်းချမ်းနေပါ။ လုပ် ပေးပါ့မယ် ပြောခဲ့တယ်။ မင်း တို့အတွက် ပထမတစ်ခေါက်တုန်း က တင်ပေးခဲ့ပြီးပြီလို့။ ဒုတိယအ ကြိမ် ၅၁၅ ယောက်တောင်လွှတ် ပေးတာလို့။ မင်းတို့ဘာ ညာဖြစ် တယ်ရေးကြ။ မင်းတို့ရေးပိုင်ခွင့် ရှိတယ်လို့။ တို့နဲ့လာတွေ့တဲ့ ကိုယ်စားလှယ်တွေ ကတော့  တစ်ဆောင်ကို ခြောက်ယောက်၊ ခုနစ်ယောက် လောက်ရှိတယ်။ သုံးဆောင်ရှိတာကိုး။ သူတို့က တော့ ကျေနပ်လို့ပြန်တော့နောက် က ကျန်ခဲ့တဲ့သူတွေ မကျေနပ်လို့ ထအော်နေကြတာ။ မရတော့ အင်အားသုံးပြီး အကုန်လုံးကို ထောင်ထဲပြန်ထည့်နိုင်ပါပြီ’’ ဟု  7Day Daily သ တင်းစာအား ပြောသည်။

ထောင်ဆူပူမှုများမှ ထူးခြားချက်များ

ရွှေဘိုအကျဉ်းထောင်အ တွင်း ဆူပူမှုဖြစ်စဉ်ကို အကျဉ်း သားအချို့က ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်တွင် live လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများက ထောင် အတွင်း ဖုန်းသုံးစွဲခွင့်ရနေသည့် အပေါ် နယ်ပယ်အသီးသီးက အံ့ သြနေကြပြီး အကျဉ်းဦးစီးဌာန  တာဝန်ရှိသူများကို ဝေဖန်နေ သည်။ Live လွှင့်နေသည်ကိုတိုက် ရိုက်ကြည့်နေသူများက အကျဉ်း ထောင်အတွင်း မည်သည့်နည်း ဖြင့် ဖုန်းသုံးသည်ကို မှတ်ချက်ပြု မေးမြန်းကြရာ အကျဉ်းသားတစ် ဦးက ‘‘အကျဉ်းထောင် ၀န်ထမ်း ဆီက ကျွန်တော်တို့ မတန်မဆ ဈေးနဲ့ ပြန်ဝယ်ထားတာဗျ။ ကျွန် တော်တို့ Live လွှင့်နေတဲ့ဖုန်းက  ခြောက်သောင်းပဲ တန်တယ်။ မနေ့ကဒီလိုဖြစ်လို့ ထောင်ဝန် ထမ်းကို ငါးသိန်းပေးပြီး မရရ အောင် သွင်းခိုင်းထားတာဗျ’’ဟု ပြန်ဖြေခဲ့သည်ကို Kyal Zin အမည်ဖြင့် Live လွှင့်ခဲ့သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

ထို့အပြင် ‘‘အကျဉ်းသားတွေ က သူ့ဘာသာသူ ထိုင်နေတာပါ။  ထောင်ဖောက်တယ် လီဆယ်ပြီး သေနတ်တွေနဲ့ ဟိုပစ်ဒီပစ်ပစ်ပါ တယ်။ ညတုန်းက လေးယောက် သေပါတယ်။ ၁၅ ယောက် လောက် ဒဏ်ရာရတယ်’’ ဟု အ ကျဉ်းသားတစ်ဦးက Live လွှင့်နေ စဉ် ပြောသွားသည်။

ရွှေဘိုအကျဉ်းထောင်မှဆန္ဒ ပြအကျဉ်းသားများက ‘‘မိုးအောင် ရင်လို လွတ်ဖို့အရေး ဒို့အရေး ဒို့အရေး ဟူ၍လည်း သံပြိုင်အော် ဟစ်ခဲ့သည်။

မေလ ၉ ရက်အထိ ဆူပူမှု ဖြစ်ခဲ့သော ထောင်ခြောက်ခုမှ အ ကျဉ်းသားများ တောင်းဆိုချက် များ တူညီနေပြီး သမ္မတ၏လွတ် ငြိမ်းချမ်းသာခွင့် တန်းတူရရေး၊ သတင်းမီဒီယာများနှင့် တွေ့ဆုံ ခွင့်ရရေး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရေး၊ လူအခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံခွင့်ရရေးတို့ ဖြစ်သည်။ သတင်းမီဒီယာများနှင့် တွေ့ဆုံခွင့်ရရေးနှင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံခွင့်ရရေးကိုသက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ် အစိုးရအဖွဲ့ဝင်များက လိုက် လျောခဲ့ပြီး ကျန်နှစ်ချက်ကို  နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြေပေးမည် ဟု ကတိပေးခြင်းဖြင့် အကျဉ်း သားများနှင့် ညှိနှိုင်းခဲ့ကြသည်။

နေရာဒေသ မတူသော် လည်း တောင်းချက်လေးချက် တူ ညီနေသည့်အပေါ် သင်္ကာမကင်း မှုများ ရှိခဲ့သည်။ မော်လိုက်က လေးအကျဉ်းထောင်အတွင်း အ ကျဉ်းသားများ ဆန္ဒထုတ်ဖော်မှု တွင်  လိုလားချက်များကို ကတ်ထူစက္ကူပေါ်တွင် ဆော့ပင်(ပန်) ဖြင့် ရေး၍တောင်းဆိုကြရာ ယင်းကတ်ထူစက္ကူနှင့် ဆော့ပင်(ပန်)သည် အကျဉ်းသားများထံ မည်သည့် နည်းဖြင့် ရောက်နေသလဲဟု ပြည်သူအချို့က မေးခွန်းထုတ်ကြ သည်။

ဆန္ဒပြမှုများကို လူမှုမီဒီယာ မှတစ်ဆင့် တိုက်ရိုက်လွှင့်ထုတ် ခြင်းများကိုလည်း တွေ့ရှိရမှုကို လွန်စွာအံ့သြမိကြောင်း နိုင်ငံ ရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရန်ကုန် ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က  ဆိုသည်။ တယ်လီဖုန်းဆိုသည် မှာ  ကန့်သတ်ပစ္စည်း အမျိုးအစား တွင် ပါဝင်သဖြင့် ယခုကိစ္စမျိုး သည် အကျဉ်းထောင်ဝန်ထမ်းများ ပါဝင်နေသလားဆိုသည်မှာ အ ဓိက မေးခွန်းဖြစ်လာကြောင်းနှင့် ထို့အပြင် အကျဉ်းသားများတောင်း ဆိုနေသော တောင်းဆိုချက်များ သည် ဆင်တူဖြစ်နေသည်ကို သ တိထားမိကြောင်းလည်း ဦး အောင်မျိုးကျော်ကပြောသည်။

အကျဉ်းထောင်များတစ်ပြိုင်နက်  ဆန္ဒပြမှုအပေါ် ဒွိဟ

ဆန္ဒပြမူများ ဖြစ်ပွားရခြင်း နှင့် အကျဉ်းသား သေဆုံးရခြင်း များကိုလည်း ပြည်ထဲရေး အပါ အဝင် အစိုးရအဖွဲ့များ မပါဝင် သော လွတ်လပ်သည့် စုံစမ်းစစ် ဆေးမူများကို ပြုလုပ်နိုင်ရန် အ စိုးရမှ စီစဉ်သင့်ကြောင်း နိုင်ငံရေး  အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန် နေ့က သတင်းထုတ်ပြန်သည်။

‘‘အခုဖြစ်စဉ်က တော်တော် ထူးခြားတဲ့ဖြစ်စဉ်ပါ။ ကျွန်တော် တို့ ထောင်ထဲမှာနေခဲ့တဲ့ တစ် လျှောက်လုံးရော အခုဒီဘက်ကာ လတွေအထိရော ဒါမျိုးဖြစ်တာ တစ်ခါမှ မကြားဖူးဘူး။ အရင် တုန်းက ထောင်တွင်းဆန္ဒပြတာ ဘယ်လို အခြေအနေမှာသာရှိလဲ ဆိုရင် ထောင်ကထုတ်တဲ့မတရား တဲ့ အမိန့်တွေ၊ မတရား အလုပ် ခိုင်းစေမှုတွေ၊ နောက်တစ်ခုက လွတ်ရက်စေ့ရဲ့သားနဲ့ မလွတ် သေးတဲ့ ကိစ္စမျိုးတွေ ဒီလိုအခြေ အနေမျိုးတွေမှာပဲ နိုင်ငံရေးအ ကျဉ်းသားတွေက အစာငတ်ခံ ဆန္ဒပြတဲ့အထိကို တိုက်ပွဲဝင်ကြ  တာလေ။ လွတ်ငြိမ်းသက်သာခွင့် မှာမပါလို့ဆိုတာမျိုးနဲ့ ရာဇ၀တ်  အကျဉ်းသားတွေက ဆန္ဒပြတာ လည်း တစ်ခါမှ မရှိဖူးဘူး’’ ဟု ဦး အောင်မျိုးကျော်က မှတ်ချက်ပြု သည်။

ယခင်က လွတ်မြောက်ရေး အတွက် ဆန္ဒပြမူများမှာ တစ်ဦး ချင်းမှ ဖြစ်စေ (သို့မဟုတ်) အစု အဖွဲ့တစ်ဖွဲ့မှဖြစ်စေ ဖြစ်မူများ သာရှိခဲ့ပြီး ထောင်တွင်းရှိ အကျဉ်း သားအများ စုစုပေါင်း ပါဝင် သော၊ တစ်ထောင်ပြီးတစ်ထောင် ဆက်တိုက်ဖြစ်သော ဆန္ဒပြမူမျိုး များ မရှိဖူးကြောင်းနှင့် ယခုကဲ့သို့  ဆက်တိုက်ဖြစ်သော ဆန္ဒပြမူမျိုး သည် သမားရိုးကျဆန္ဒပြမူမျိုးဟု သတ်မှတ်ရန် ခက်ခဲကြောင်း လည်း AAPP က သုံးသပ်သည်။

လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်၍  မည်သို့သော သူများ ကို မည်သည့်အကြောင်းပြချက် ကြောင့် လွတ်ငြိမ်းသက်သာခွင့် ပေးသည်ဆိုသည်ကို အသိပေး မှုမရှိကြောင်း သမ္မတ၏ ဧပြီ လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည့် ကချင်စစ်ရှောင်အရေး ဆန္ဒပြ ခေါင်းဆောင် ကိုလွမ်းဇောင်းက ပြောသည်။

‘‘ကျွန်တော်တို့နဲ့ အတူ In-former တစ်ယောက်ရှိခဲ့တာ သိ တယ်။ သူက တကယ် ကျတာက ခြောက်နှစ်၊ ခုနစ်နှစ် ကျတာ ပေါ့နော်။ ဒါပေမဲ့ တကယ့်သူ ထောင်ကျပြီးမှ နှစ်ပတ်လောက်နဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ ပါသွား တာရှိတယ်။ သူက ထောင်ထဲမှာ ဘယ်လောက်မှ မနေဘဲနဲ့ ထွက် သွားရတာတွေပေါ့။ မူးယစ်နဲ့ ဝင် လာပေမယ့်လည်း ထောင်ထဲမှာ နေသွားတာမရှိဘဲနဲ့ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ ပါ တော့ အဓိကအချိန်အကြာကြီးနေ ပြီး ပြုပြင်ပြောင်းလဲနေပြီဖြစ်တဲ့သူ တွေအတွက်က နစ်နာမှုရှိတာ ပေါ့’’ ဟု ကိုလွမ်းဇောင်းက ပြော သည်။

အကြံပြုချက်
 နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ကလည်း မေလ ၈ ရက် ညနေတွင် သတင်းထုတ် ပြန်ခဲ့ရာ လတ်တလော အခြေအ နေများကို ထိန်းသိမ်းနိုင်ရန် အ ကျဉ်းသားများ လွှတ်ပေးသည့် ကိစ္စများကို ကော်မတီတစ်ရပ် ဖွဲ့ စည်းပြီး စနစ်တကျမူ ချမှတ် ဆောင်ရွက်ရန်၊ ချမှတ်ဆောင် ရွက်သည့်မူများကို အများပြည်သူ  သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ  ထုတ်ပြန်သွားရန်၊ ကော်မတီတွင် နိုင်ငံ့ဝန်ထမ်းမဟုတ်သော အများ ပြည်သူ လေးစားလက်ခံသော ပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် ပါဝင် ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှု များကို အချိန်နှင့်တစ်ပြေးညီ တိုင် ကြားနိုင်သည့် လွတ်လပ်သော ပုဂ္ဂိုလ်များ အများစုပါဝင်သည့်အ ဖွဲ့များကို အကျဉ်းထောင်နှင့် အ လုပ်စခန်းများ တည်ရှိရာ တိုင်း နှင့်ပြည်နယ်အားလုံးတွင် ဖွဲ့စည်း ရန်တို့ကို တိုက်တွန်းထားသည်။

No comments:

Post a Comment