Friday, May 10, 2019

ဦးဇော်လင်းထွန်းကို လက်ရွေးစင်လက်ထောက်နည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေဟု ဆို

စစ်ကိုင်းအသင်းနည်းပြ ချုပ် ဦးဇော်လင်းထွန်းကို  မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း လက်ထောက်နည်းပြအဖြစ် ခန့် အပ်ရန်စီစဉ်ထားကြောင်း ဘော လုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး က ပြောသည်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာ့လက်ရွေးစင်အ သင်းနည်းပြချုပ်အဖြစ်  မွန်တီနီ ဂရိုးနိုင်ငံသားရာဂျူလိုဗစ်နှင့် လက်ထောက်နည်းပြ ဗလာဒီမာ  တို့ကို  ဧပြီနောက်ဆုံးပတ်ကခန့် အပ်ခဲ့သည်။ ၎င်းတို့နှစ်ဦးနှင့်အတူပူးတွဲလုပ်ဆောင်ရန် ပြည်တွင်းနည်းပြတစ်ဦးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။
‘‘မြန်မာ့ လက်ရွေးစင်အ သင်းမှာ ပြည်တွင်းနည်းပြအဖွဲ့ ၀င်တစ်ဦးကို ခန့်အပ်ဖို့ စီစဉ်ထား တာကြာပါပြီ။ ဦးဇော်လင်းထွန်း က ဒီရာသီမှာ စစ်ကိုင်းအသင်းကို ရှိတဲ့သူနဲ့ အကောင်းဆုံးပုံစံတစ်ခု ရအောင် တည်ဆောက်နိုင်တာ  တွေ့ရတယ်။ ဒါ့ကြောင့်မို့ သူ့ကို  လက်ထောက်နည်းပြအဖြစ် ခန့် အပ်ဖို့ စီစဉ်ဖြစ်တာပါ။ မေလ တတိယပတ် လက်ရွေးစင်အ သင်း လေ့ကျင့်မှုမလုပ်ခင် သူ့ကို ခန့်ဖို့ညှိနှိုင်းပါမယ်။ စာချုပ်ပြီးတာ နဲ့  တရားဝင်သတင်းထုတ်ပြန်ပေး ပါမယ်’’ဟု ၎င်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ဘော လုံးအသင်း၏ ဂိုးနည်းပြအဖြစ် ပြည်ပနည်းပြတစ်ဦးခန့်အပ်ရန် ကြိုးပမ်းနေကြောင်း ဘောလုံးအ ဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။  မြန်မာ့လက်ရွေးစင် ကစားသမား ဟောင်း ဦးဇော်လင်းထွန်းသည် ၂၀၁၅ ကစတင်၍ စစ်ကိုင်းအ သင်းကို နည်းပြချုပ်အဖြစ် ကိုင် တွယ်ကာ ၂၀၁၈ ဘောလုံးရာသီ၌ မြန်မာလိဂ်-၁ သို့ တန်းတက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

လိဂ်ပွဲစဉ် (၁၀)အပြီးတွင် စစ်ကိုင်းအသင်းသည် လေးပွဲနိုင်၊ လေးပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ၁၆ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် (၆) ၌ ရပ်တည်နေသည်။  မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းသည် ဇွန်လအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ် ပြိုင်ရန် မေလတတိယပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

No comments:

Post a Comment