Friday, May 10, 2019

လေယာဉ်မတော်တဆမှုမှ ဒဏ်ရာရသူ ၁၇ ဦး အာယုဆေးရုံတွင် ကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်

လေယာဉ်မတော်တဆမှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာ ၁၇ ဦး အာယုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်း မွန်ကာ အသက်အန္တရာယ် စိုး ရိမ်စရာမရှိကြောင်း အဆိုပါ ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက် တာသန်းထွဋ်ဦးက ပြောသည်။ေ မလ ၈ ရက်က ရန်ကုန် လေဆိပ်သို့ဆင်းသက်စဉ် ပြေး လမ်းချော်မှုဖြစ်ပွားခဲ့သော Biman Bangladesh Airlines လေ ယာဉ် မတော်တဆမှုကြောင့် မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများကို မြောက် ဥက္ကလာပဆေးရုံမှ    တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသသော်လည်း ပိုမို ကောင်းမွန်သော ဆေးဝါးကုသမှု ကို ရရှိစေရန် တာမွေမြို့နယ်ရှိ အာယုအထူးကုဆေးရုံသို့ ပြောင်း ရွှေ့ကုသရန် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်သိန်းက လမ်းညွှန်ခဲ့သည်။

မေလ ၉ ရက်က တာမွေ မြို့နယ်ရှိ အာယုအင်တာနေရှင် နယ်ဆေးရုံသို့ အမျိုးသမီးလူနာ လေးဦး၊ အမျိုးသားလူနာ ၁၃ ဦး စုစုပေါင်း ၁၇ ဦး ရောက်ရှိခြင်းဖြစ် သည်။ ယင်းလူနာများတွင် ဘင်္ဂ လားဒေ့ရှ်လူမျိုး ၁၁ ဦး၊ တရုတ် လူမျိုးသုံးဦး၊ မြန်မာလူမျိုးနှစ်ဦး နှင့် အိန္ဒိယလူမျိုးတစ်ဦးတို့ပါဝင် ပြီး ခါးရိုးထိခိုက်သူခြောက်ဦး၊ ဦးခေါင်းထိခိုက်သူနှစ်ဦးနှင့် အ ခြားအသေးစားထိခိုက်သူ ကိုးဦး ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ် ဦးက ပြောသည်။

‘‘သက်သောင့်သက်သာသီး သန့်  အနားယူပြီး  နေလိုတာ ကြောင့် ကျွန်တော်တို့ဆေးရုံကို ပြောင်းလာတာဖြစ်ပါတယ်။ လူ နာရဲ့ ကျန်းမာရေးအခြေအနေ ပေါ်မူတည်ပြီး ဆရာဝန်ကြီးတွေ ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး တော့ ဆေးရုံက ဆင်းခွင့်ပေးသွား မှာဖြစ်ပါတယ်’’ ဟု ၎င်းကပြော သည်။

အဆိုပါမတော်တဆဖြစ်စဉ် နှင့်ပတ်သက်၍ မြန်မာနိုင်ငံလေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဗြိတိန်အခြေစိုက် လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဌာနခွဲ (AAIB) က စုံစမ်းစစ်ဆေးနေသော်လည်း မေလ ၉ ရက် ညနေအထိ ဖြစ် စဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြန် လည်ပေးအပ်ထားခြင်းမရှိဟု ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေ စိုက် Biman လေကြောင်းလိုင်း သည် မေလ ၈ ရက် ညနေ ၆ နာရီ ၅၁ မိနစ်၌ ရန်ကုန်လေဆိပ်သို့ ဆင်းသက်ချိန်တွင် မိုးသည်းထန် စွာရွာသွန်းခြင်းနှင့် မြင်ကွင်းမ ပြတ်သားမှုကြောင့်   လေယာဉ် ပြေးလမ်းညာဘက်အခြမ်းသို့ ချော်ထွက်ခဲ့သည်ဟု လေဆိပ်စီမံ ခန့်ခွဲခြင်းလုပ်ကိုင်ခွင့်ရ  ကုမ္ပဏီ Yangon Aerodrome ကုမ္ပဏီက ထုတ်ပြန်သည်။

‘‘စုံစမ်းစစ်ဆေးရေး မပြီးမ ချင်း ဘာမှမပြောနိုင်သေးပါဘူး။ ခန့်မှန်းတစ်ပတ်လောက်ကြာမယ် လို့ ထင်တယ်။ လေကြောင်းလိုင်း က အဖွဲ့တွေခေါ်ထားတယ်။ သူ တို့အာမခံကုမ္ပဏီရော မနက်ဖြန် လာဖို့ရှိတယ်။ ဒီက လေယာဉ်ရွှေ့ ဖို့ကိစ္စသူတို့နဲ့ ပြောရမှာရှိတယ်’’ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က ပြောသည်။

Biman လေကြောင်းလိုင်း ၏ မေလ ၈ ရက် ထုတ်ပြန်ချက် ၌ လေယာဉ်သည် ရာသီဥတုဆိုး ရွားသဖြင့် ပြေးလမ်းဘီးချော်ခဲ့ ခြင်းဖြစ်သည်ဟု     ဖော်ပြထား သည်။ အဆိုပါလေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၃၅ ဦး လိုက်ပါလာ သည်ဟု Yangon Aerodrome ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ တက်ရောက်ကုသမှုခံယူ နေသည့် ထိခိုက်ဒဏ်ရာရရှိသူ အားလုံးသည် စိုးရိမ်စရာမရှိ အ ခြေအနေကောင်းမွန်သည်ဟု ဦးရဲထွဋ်အောင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေ စိုက် Biman လေကြောင်းလိုင်း ပြေးလမ်းချော်သဖြင့် ရန်ကုန်လေ ဆိပ်ကို နှစ်နာရီခန့်အကြာ ကွင်း ပိတ်ခဲ့သည်။

ကွင်းပိတ်နေစဉ်အတွင်း ရန် ကုန်လေဆိပ်သို့ ဆင်းသက်ရ မည့် MNA လေကြောင်းလိုင်းမှ လေယာဉ်သုံးစီး၊ Air KBZ လေ ကြောင်းလိုင်းမှ လေယာဉ်နှစ်စီး၊ ရွှေမြန်မာလေကြောင်းလိုင်းမှ လေယာဉ်နှစ်စီး၊ မန်းရတနာပုံ လေကြောင်းလိုင်းမှ လေယာဉ် တစ်စီး စုစုပေါင်းလေယာဉ်ရှစ်စီး သည် နေပြည်တော်လေဆိပ်သို့ ဆင်းခဲ့သည်။ ထို့အပြင် MNA လေကြောင်းလိုင်းမှ လေယာဉ် နှစ်စီး၊ Air KBZ လေကြောင်းလိုင်း မှ လေယာဉ်တစ်စီး၊ စုစုပေါင်းသုံး စီးသည်    မန္တလေးလေဆိပ်သို့ ပြောင်းလဲဆင်းသက်ခဲ့သည်။ အလားတူ ရန်ကုန်လေဆိပ် မှ ထွက်ခွာမည့် ပြည်ပလေ ကြောင်း ခရီးစဉ်ရှစ်ခုသည် ခရီး စဉ်အသီးသီးကို ကွင်းပိတ်နေစဉ် အတွင်း ဖျက်သိမ်းခဲ့သည်။ Biman လေယာဉ်သည် Aircraft အမျိုးအစားဖြစ်ပြီး ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာခြင်းဖြစ် သည်။

No comments:

Post a Comment