Friday, May 10, 2019

ဘိုင်ယန်မြူးနစ်အသင်း ခုနစ်ကြိမ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရန် နီးစပ်လာ

ဘိုင်ယန်မြူးနစ်အသင်း သည် ဘွန်ဒက်စ်လီဂါချန်ပီယံ စံ ချိန်တင် ခုနစ်ကြိမ်မြောက် ရရှိရန် မိနစ် ၉၀ သာ လိုအပ်ပြီး ယနေ့ည လိုက်ပ်ဇစ်နှင့်ပွဲတွင် အနိုင်ရရှိပါ က တစ်ပွဲကစားရန် ကျန်ရှိချိန်မှာ ပင် ဒေါ့မွန်ကိုကျော်ဖြတ်၍ ချန်ပီ ယံဆုရယူနိုင်မည်ဖြစ်သည်။ ဘိုင်ယန်သည် နှစ်စပိုင်းက ဒေါ့မွန်၏နောက် ကိုးမှတ်ကွာဟ နေသော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း ပြိုင် ဘက်၏ ဆက်တိုက်ခြေချော်မှုနှင့် အတူ လေးမှတ်အသာစီး ရရှိနေ သည်။



ထိုသို့မဟုတ်ပါက ဘိုင်ယန် သည် ဒစ်ဆယ်ဒေါ့ဖ်နှင့်ရင်ဆိုင် ရမည့် ဒေါ့မွန်နှင့် ရလဒ်တူညီလျှင် ပင် ချန်ပီယံအဖြစ်အောင်ပွဲခံမည် ဖြစ်သည်။

‘‘ကျွန်တော်တို့ ချန်ပီယံဖြစ် မယ်လို့ ယုံကြည်နေပါတယ်’’ ဟု အသင်းဖော်များကို ၁၂ ဂိုး ဖန်တီး ခဲ့သူ ဂျိုရွာကင်းမစ်ခ်ျကပြောကြား သည်။

သို့သော် ယခုရာသီတွင် ဘွန်ဒက်စ်လီဂါ၌ အကောင်းဆုံး ခံစစ်၊ အလျင်မြန်ဆုံး တန်ပြန် တိုက်စစ် ပိုင်ဆိုင်ထားသော လိုက်ပ်ဇစ်သည် ဂိုးသွင်းရန် ခက် ခဲသောအသင်း ဖြစ်သည်ဟု ကင်း မစ်ခ်ျက သတိပေးသည်။

‘‘သူတို့က ဂိုးသွင်းခွင့်နည်း နည်းနည်းပဲ ခွင့်ပြုပြီး အရှိန်အ ဟုန် အရမ်းကောင်းပါတယ်။ ယူ ဆွတ်ပိုလ်ဆန်နဲ့ တီမိုဝါနာတို့ကို အားကိုးပြီး ကစားလေ့ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

ပိုလ်ဆန်နှင့် ဝါနာသည် လိုက်ပ်ဇစ်ရရှိသော ဂိုးစုစုပေါင်း ၆၂ ဂိုး၏ ထက်ဝက်ဖြစ်သော ၃၁ ဂိုးကို သွင်းယူထားသည်။

လိုက်ပ်ဇစ်သည် ၆၅ မှတ် ဖြင့် လိဂ်တတိယနေရာနှင့် လာ မည့်နှစ် ချန်ပီယံလိဂ်နေရာကို ရယူထားသည်။ ဘိုင်ယန်က ၇၄ မှတ်၊ ဒေါ့ မွန်က ၇၀ မှတ် ရရှိထားသဖြင့် ဒေါ့မွန်အနေဖြင့် ချန်ပီယံဖြစ်ရန် အခွင့်အရေး အနည်းငယ်သာရှိ သည်။ 

No comments:

Post a Comment