Friday, May 10, 2019

မိမိကစားသမားများသည် သူရဲကောင်းများဖြစ်ဟု စပါးနည်းပြပိုချက်တီနိုချီးကျူး မော်ရာကို ရုပ်တုဖြင့် ဂုဏ်ပြုသင့်ကြောင်း အဲရစ်ဆင် ပြောကြား

အေဂျက်ဇ်ကွင်း တွင် သွားရောက်ကစားရင်း စံပြု ရသော ဒုတိယပိုင်းကစားပုံနှင့်အ တူ နှစ်ပွဲပေါင်း သုံးဂိုးစီသရေကျ ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီးနောက် စပါး အသင်းသားများသည် သူရဲ ကောင်းများဖြစ်သည်ဟု နည်းပြ ပိုချက်တီနိုက ပြောသည်။ ‘‘စကားပြောဖို့ ခက်ခဲနေဆဲ ပါပဲ။ ခံစားချက်က မယုံနိုင်စရာ ပါပဲ။ ဘောလုံးကိုလည်း ကျေးဇူး တင်တယ်။ ကျွန်တော့်ကစားသ မားတွေဟာ သူရဲကောင်းတွေပါ။ ဒီအုပ်စုဟာ သူရဲကောင်းတွေဆို တာ ကျွန်တော်လူတိုင်းကို ပြသ နေခဲ့ပါတယ်။ ဒီလိုခံစားချက်မျိုး ဆိုတာ ဘောလုံးအားကစားမရှိ ရင် မဖြစ်နိုင်ပါဘူး’’ ဟု အနိုင်ဂိုး သွင်းယူပြီးနောက် ကွင်းထဲသို့ပြေး ဝင်အောင်ပွဲခံခဲ့သူ ပိုချက်တီနိုက ပြောသည်။



ကစားသမားအားလုံး သူရဲ ကောင်းများဖြစ်ပြီး ဟက်ထရစ်  သွင်းယူသော လူးကပ်စ်မော်ရာ သည် စူပါဟီးရိုးဖြစ်သည်ဟု ပို ချက်တီနိုက ပြောသည်။

‘‘မနေ့ညက လီဗာပူးပွဲကို ကျွန်တော်တို့ ကြည့်ခဲ့ပါတယ်။ အဲဒီပွဲကနေပြီး အားလုံးပြီးဆုံးတဲ့ အထိ မပြီးသေးဘူးဆိုတာကို ပြ သနေပါတယ်’’ ဟု စပါးနောက် တန်းလူ ဒန်နီရို့စ်က ပြောသည်။

‘‘ဒီအခိုက်အတန့်မှာ ကျွန် တော်ဘယ်လိုခံစားနေရသလဲဆို တာ ရှင်းပြဖို့ ခက်ပါတယ်။ ဒါ ဟာဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ အမြဲတမ်းယုံကြည်ခဲ့တယ်။ ဒီအ ခိုက်အတန့်နဲ့ ကျွန်တော်တို့ ထိုက် တန်ပါတယ်’’ ဟု ဟက်ထရစ် ဂိုး သွင်းရှင် မော်ရာက ပြောသည်။

ယင်းနိုင်ပွဲနှင့်အတူ စပါးနှင့် လီဗာပူးသည် ဇွန်လ ၁ ရက်၌ မက်ဒရစ်မြို့တွင် ၂၀၀၈ ကမန်ယူ နှင့် ချယ်လ်ဆီးနောက်ပိုင်း ပထမ ဆုံး အင်္ဂလိပ်နှစ်သင်းချန်ပီယံလိဂ် ဗိုလ်လုပွဲ ဆင်နွှဲမည်ဖြစ်သည်။

ထိုအတောအတွင်း သုံးဂိုး သွင်း၍ စပါးကို ချန်ပီယံလိဂ်ဗိုလ် လုပွဲသို့ ပို့ဆောင်ခဲ့သော ဘရာ ဇီးတိုက်စစ်မှူး လူးကပ်စ်မော်ရာ အား ရုပ်တုဖြင့် ဂုဏ်ပြုသင့်သည် ဟု စပါးကွင်းလယ်လူ အဲရစ်ဆင် က ပြောကြားသည်။ ‘‘ကျွန်တော်တို့ အလွန် နီး စပ်ခဲ့တယ်။ ဗိုလ်လုပွဲနဲ့ အလွန် ထိုက်တန်ခဲ့တယ်။ အဲဒီနောက် ဆုံးစက္ကန့်နဲ့လွဲရင်ပေါ့’’ ဟု အေဂျက်ဇ်နည်းပြ အဲရစ်ဟန် တက်က မချိတင်ကဲ ပြောကြား သည်။

No comments:

Post a Comment