Friday, May 10, 2019

တောင်သူလယ်သမားများ အကြွေးနွံနစ်နေမှု ဖြေရှင်းနိုင်ရန် အစိုးရက စီစဉ်နေ

တောင်သူ လယ်သမားများ အကြွေးနွံနစ်နေမှု ဖြေရှင်းနိုင်ရန် အစိုးရက စီစဉ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က မေ ၉ ရက်နေ့တွင် ပြုလုပ်သော မကွေးမြို့ လူထုတွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။ အစိုးရ တက်ပြီး ချိန်မှစ၍ ယင်းကိစ္စကို ဖြေရှင်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့အချိန်ထိ ဖြေရှင်းနိုင်သောအဖြေရရှိခြင်းမရှိသေးကြောင်း အတိုင်ပင်ခံက ဆိုသည်။ အဓိကအားဖြင့် အသေးစားချေးငွေများဖြင့် တောင်သူလယ်သမားများ ချေးပေးကာ ကုစားပေးနေသော်လည်း အကြွေးသံသရာတွင် လည်နေသည်ကို သတိပြုမိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အကြွေးကင်းစင်နိုင်ပြီးရန် အစိုးရက စိုက်ပျိုးရေးနည်းပညာ အစရှိသော တောင်သူလယ်သမားများ ဝင်ငွေပိုမိုတိုးလာနိုင်မည့် နည်းလမ်းများဖြင့်ဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ တောင်သူလယ်သမားများ အနေဖြင့်လည်း ကိုယ်တိုင် ကြိုးစားရန် လိုအပ်ကြောင်း အတိုင်ပင်ခံက တိုက်တွန်းခဲ့သည်။

No comments:

Post a Comment