Friday, May 10, 2019

လေနုအေးက တနွဲ့နွဲ့နော့ဆဲကို

ငြိမ်းချမ်းရေးပန်းပွင့်ချိန် ကို မျှော်မှန်းကာ ကဗျာရေးခဲ့သူ၊ စာရေးခဲ့သူ ကဗျာဆရာ၊ စာရေးဆရာများ မည်မျှအထိရှိမည်ကို ကျွန်တော် တို့ မရေတွက်နိုင်ပါ။ သို့သော် ကဗျာရေးသူ၊ စာရေးသူအားလုံး လိုလိုကတော့ ငြိမ်းချမ်းရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးကို မျှော် လင့်သူများသာ ဖြစ်ပါသည်။ အ ကောင်းကိုရချင်၍ အကောင်းကို မျှော်မှန်းခဲ့ကြသူများဖြစ်သည်။ လူသားတို့၏ မျှော်မှန်းချက်၊ လူ သားတို့၏ ချစ်ခြင်းမေတ္တာတရား၊ လူသားတို့၏ ယုံကြည်ချက်တို့ကို ပိုမိုခိုင်မာအောင် ခေတ်အဆက် ဆက်၌ ကလောင်လက်ဖြင့် တတ် စွမ်းသမျှ ပုံဖော်ထုဆစ်ခဲ့ကြသူ များစွာရှိခဲ့ကြသည်၊ ယခင်က လည်း ရှိသည်၊ ယခုလည်း ရှိ သည်၊ နောင်အခါတွင်လည်း ရှိနေမည်သာဖြစ်သည်။

ဆရာဒဂုန်တာရာ။ ဟုတ်ပါ သည်။ ကျွန်တော်တို့ရဲ့ ဒဂုန်တာ ရာ။ ကျွန်တော်တို့ရဲ့ မေ၊ ကြာ ပန်းရေစင်၊ ဒို့ခေတ်ကို ရောက်ရ မည်မှာ မလွဲပါ၊ ကြယ်ရိပ်ပန်းနု၊ စိမ်းမြဧရာ၊ လရောင်ရွှန်းမြသော ညတစ်ည၊ မူးယစ်ရီဝေသော နွေဦးညများ၊ တဟီတီသွားရ အောင်၊ အချစ်နှင့် အမုန်း၊ နိုင်ငံ ရေးယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ လေနုအေးက တနွဲ့ နွဲ့နော့ဆဲကို၊ အကောင်းကိုရှာ၏ အကောင်းကားမရှိတော့၊ ရွှေအို ရောင်၊ ဝတ်လစ်စားလစ်လမ်းမ၊ အောင်ဆန်း (သို့မဟုတ်) အရိုင်း၊ စန္ဒရားကို ဆရာမရှိဘဲ တီးတတ် ခဲ့သူ စသဖြင့်။ ဆရာ ဒဂုန်တာရာ သည်လည်း ငြိမ်းချမ်းရေးလိုလား သူ။ ငြိမ်းချမ်းရေးအတွက် ကလောင်လက်ဖြင့် တတ်စွမ်း သမျှ ကူခဲ့သူဖြစ်သည်။ ငြိမ်းချမ်း ရေးအကြောင်းပြောလျှင် ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းကို ချန် လှပ်၍ မရသလို ဆရာဒဂုန်တာ ရာကိုလည်း သတိတရထည့်သွင်း ပြောဆိုကြရစမြဲဖြစ်ပါသည်။

ဆရာ့၏အမြင်၊ ဆရာ့၏ အယူအဆ၊ ဆရာ့၏ ယုံကြည် ချက်တို့သည် ခိုင်မာသည်။ လွယ် လွယ်နှင့်တော့ မပြိုလဲ။ လွယ် လွယ်နှင့်လည်း ဖြိုဖျက်၍မရ။ မည်သူမျှလည်း သူ၏ ယုံကြည် ချက်ကို မဖျက်ဆီးနိုင်ခဲ့။ မုန်းသူ မရှိ၊ ချစ်သူသာရှိဟူသော ဆရာ သည် ငြိမ်းချမ်းရေးကို တောင့်တ မျှော်လင့်ခဲ့ပါလိမ့်မည်။ ငြိမ်းချမ်း ရေးကို ဆာလောင်နေသူ ပြည်သူများကို မြင်တွေ့ခဲ့ဖူးပါလိမ့်မည်။ ဆရာ ပါရဂူကပင် ဤသို့ရေး သည်။

‘‘ဒဂုန်တာရာသည် မိမိဆုပ် ကိုင်ထားသော အယူအဆတစ်ခု ခုကို ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ အလျှော့ပေးတတ်သူမဟုတ်ပေ။ အချို့ပုဂ္ဂိုလ်များသည် မိမိတို့၏ အယူအဆနှင့် ပတ်သက်၍ တစ် စုံတစ်ယောက်က ဝေဖန်လာလျှင်၊ဆန့်ကျင်ဘက်ပြုလုပ်လာလျှင် မိမိ၏ အယူအဆကို ခပ်လွယ် လွယ်၊ ခပ်ပေါ့ပေါ့ အလျှော့ပေး တတ်ကြသည်။ ဒဂုန်တာရာသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးထဲက မဟုတ်ပေ’’

ဆရာဒဂုန်တာရာသည် နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ်သော် လည်း နိုင်ငံရေးပါတီမဝင်ခဲ့ပါ။ ကျောင်းသားဘဝတုန်းက တက္က သိုလ်သမဂ္ဂတွင် အမှုဆောင်လုပ် ဖူးရုံ။ နိုင်ငံရေးသမားများနှင့် ရင်း နှီးကျွမ်းဝင်သော်လည်း နိုင်ငံရေး ပါတီအဖွဲ့အစည်းများတွင် မပါ ဝင်ခဲ့။ သို့သော် ဆရာ၏ နာမည် ကျော် အယူအဆကတော့ နာမည်ကျော်လျက်သာရှိသည်။ အယူအ ဆမတူတိုင်း မုန်းရမည်ဟု သူ မထင်။ အယူအဆမတူတိုင်း ရန် သူဟု ခေါ်ရမည်ကို သူ မနှစ်လို။ သူက နိုင်ငံရေးဆိုတာ မတူတာ ကို တူအောင်လုပ်တာ၊ သို့မှသာ ငြိမ်းချမ်းရေးကို ရနိုင်မည်ဟု ယုံ ကြည်သူဖြစ်သည်။ ပြည်တွင်းစစ် ကို ရွံမုန်းသူဖြစ်သည်။ ပြည်တွင်း စစ်သည် မရှိသင့်သောအရာဟု တွင်တွင်ကြီး ထည့်ရေးခဲ့သူဖြစ် သည်။ ပြည်သူက မထောက်ခံ လျှင် မည်သည့်အယူဝါဒမဆို ကျ ရှုံးရမည်ဟု ပြောခဲ့သူဖြစ်သည်။ အခုထိ ဆရာ့စာတွေကို ပြန်ဖတ် မိတိုင်း ကျွန်တော်တို့၏ ခေတ်ကို အခုပင် လာရောက်ပြောနေသကဲ့သို့ ထင်ရသည်။ ခံစားမိရသည်။

‘‘ယနေ့ ပြည်သူတို့ အလိုအပ်ဆုံးကား ညီညွတ်ရေး၊ ငြိမ်းချမ်း ရေးပင်ဖြစ်သည်။ ကမ္ဘာ့ပြည်သူ တို့ကလည်း ငြိမ်းချမ်းရေးကို လို အပ်နေသည်။ ငြိမ်းချမ်းရေးရှိမှ သာလျှင် ပြည်သူတို့၏ စွမ်းအား ကို အကုန်အသုံးပြုနိုင်ခွင့်ရှိသည်။ ပြည်သူတို့၏ ကိုယ်စား အုပ်ချုပ် ရေးရှိမှသာလျှင် ငြိမ်းချမ်းရေးရ နိုင်သည်။ ထို့ကြောင့် နိုင်ငံရေး ယဉ်ကျေးမှု၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းရေး’’

ကျွန်တော်သည် ပြည်သူတို့ ၏ ကိုယ်စား အုပ်ချုပ်ရေးရှိမှသာ လျှင်ဟူသော စာကြောင်းကို ခေါင်းထဲ၌ စွဲမြဲနေမိသည်။ အုပ် ချုပ်သူသည် ပြည်သူတို့ပေးအပ် သော တာဝန်အရ ပြည်သူတို့အ ကျိုးအတွက် အုပ်ချုပ်ရမည်ဟူ သော သဘောဖြစ်သည်။ အုပ်ချုပ်သူသည် သူတို့အတွက် မအုပ်ချုပ် ရဟူသည့် သဘောဖြစ်သည်။ တစ်ဦးတည်းကောင်းစားရေးအ တွက်မဟုတ်ဘဲ အများကောင်း စားရေးအတွက်သာ ဦးတည် ဆောင်ရွက်ရမည်ဖြစ်၏။ ကျွန် တော်တို့ တိုင်းပြည်သည် ပြည် တွင်းစစ်ဖြစ်နေသည်။ မပြီးဆုံးနိုင် သေးသော စစ်ပွဲများသည် အ ဘယ်အတွက်ကြောင့် ဖြစ်နေရ သနည်း၊ အဓိပ္ပာယ်မရှိသော စစ် ပွဲများကို ဘာကြောင့် ဖန်တီးနေရ သနည်း၊ အချို့တွေ ဖြေသော အဖြေက ရိုးရှင်းပါသည်။ သာမန် အရပ်သားတစ်ဦးဖြေသည်ကပင် ရိုးရှင်းပါသည်။ စစ်ကြောင့် စီးပွားဖြစ်နေသောသူများ ရှိသော ကြောင့်ဟူ၍။

ပြည်သူတို့အလိုချင်ဆုံးမှာ ငြိမ်းချမ်းရေးဖြစ်သည်ကို မည်သူ မဆိုသိရပါမည်။ သေချာသည်က တော့ လက်နက်ဖြင့် တိုက်ယူ၍ မရသော ငြိမ်းချမ်းရေးဖြစ်သည်။ လက်နက်နှင့် တိုက်ယူခြင်းသည် ပြည်သူကို မငဲ့ကွက်သောသဘော ကိုဆောင်ပါသည်။ အုပ်ချုပ်သူက သူ့ကိုယ်သူသာ ဗဟိုပြုသော သဘောကိုဆောင်ပါ၏။ ဆရာ ဒဂုန်တာရာပြောသကဲ့သို့ဆိုလျှင် ပြည်သူတို့၏ကိုယ်စား အုပ်ချုပ် သူရှိမှသာလျှင် ဖြစ်ပါလိမ့်မည်။ ပြည်သူ၏ အကျိုးကို ရှေးရှုသော သူများကိုသာ ကျွန်တော်တို့ လိုအပ်ပါသည်။ လိုချင်ပါသည်။ မျှော်လင့်ပါသည်။ ဆန္ဒလည်း ပြု ပါသည်။

ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေးသမားဖြစ်သည်။ ဆရာ ဒဂုန်တာရာသည် အချစ်သမား။ နူးညံ့မှုကို မြတ်နိုးသော စာရေး ဆရာဖြစ်သည်။ လက်နက်ပြိုင် ချင်းမှ ကင်းဝေးသွားလျှင် အေး ချမ်းသာယာမည်ဟူသောအသိ ကို ဆရာ့နည်းတူ ကျွန်တော်တို့ စိတ်ကူးယဉ်ခံစားမိ၏။ စစ်သည် ဖျက်ဆီးတတ်သော ကိရိယာဖြစ် ပြီး ငြိမ်းချမ်းရေးသည် တည် ဆောက်သော ကိရိယာဖြစ် ကြောင်းကို ဆရာယူဆသလို ကျွန်တော်တို့ကလည်း လက်ခံပါ သည်။

ဆရာသည် သူရှင်သန်နေ ထိုင်ခဲ့စဉ်ကာလအတွင်း၌ အ ကောင်းကို အစဉ်သဖြင့် ရှာဖွေခဲ့ ပေလိမ့်မည်။ အကောင်းကို ဆရာ ရှာဖွေတွေ့ရှိခဲ့ပါ၏လော။ ဆရာသည် နိုင်ငံရေးနယ်တွင် ထဲထဲ ဝင်ဝင် ပါဝင်ခြင်းမရှိခဲ့သော် လည်း ၁၉၃၈ ဒုတိယကျောင်း သားသပိတ်မှစ၍ ၁၉၈၈ ရှစ်လေး လုံး အရေးတော်ပုံကြီးအထိ ဖြစ် ပျက်တွေ့ကြုံခဲ့ရသော အရာများ ကို ကလောင်လက်ဖြင့် စွမ်းစွမ်း တမံ အကူအညီပေးခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း နှင့်အတူ လက်တွဲ၍ တက်ညီ လက်ညီ ဆောင်ရွက်ခဲ့သည်။ တဟီတီသွားရအောင်ဟူသော ကဗျာသည် ဆရာ့၏ ငြိမ်းချမ်းစွာ နေလိုသော ဆန္ဒဖြစ်ပေလိမ့်မည် ဟု ကျွန်တော် ထင်သည်။ ကျွန် တော်တို့သည် ယခုအချိန်အထိ ငြိမ်းချမ်းရေးမရသေး။ ကျည်ဆန် ခြုံ၍ မလုံသည်ကို မသိသေး သော၊ မသိကျိုးကျွန်ပြုသော သူ များ၏ ထိုးနှက်ချက်များသည် ကြောက်စရာအလွန်ကောင်းပါ သည်။ ဧရာဝတီမြစ်ဆုံမှ မြစ်ရေ တွေ ဆက်လက်စီးဆင်းပါစေဟူ သော၊ အသက်သွေးကြောဟူ သော ကြွေးကြော်သံများသည် ကျွန်တော်တို့၏ ယနေ့ခေတ် ပုံရိပ်ဖြစ်နေသည်။ မေတ္တာခြုံမှ လုံပါ လိမ့်မည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းက ဤသို့ ပြောဖူး၏။ ‘‘ဆရာ မသေခင် ငြိမ်းချမ်းရေးရတာကို မြင်သွားချင်ပါတယ်’’ဟူ၍။ ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းပြောခဲ့ ပါသည်၊ တမ်းတသွားခဲ့ပါ၏။ သို့ သော် ငြိမ်းချမ်းရေးကား အခုထိ မရ။ ချိုးဖြူငှက် ပျံသန်းချိန်သည် တစ်နေ့တော့ ရောက်လာလိမ့် မည်ဟု ဆရာကြီးသခင်ကိုယ် တော်မှိုင်းနည်းတူ ဆရာဒဂုန်တာ ရာသည်လည်း မျှော်မှန်းခဲ့ပါလိမ့် မည်။

နိုင်ငံရေးသည် ဗဟုဝါဒဟု ဆရာဒဂုန်တာရာက ယုံကြည် သည်။ ဆရာသည် နိုင်ငံရေးသမား၏ တာဝန်သည် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးရမည်ဟု ယုံ ကြည်သည်။ ပြည်သူတို့အပေါ် အလုပ်အကျွေးပြုရမည်ဟု ယူဆ သည်။ ပြည်တွင်းစစ်ကို ဖန်တီး သောသူများသည် ကောက်ကျစ် စဉ်းလဲသူများအဖြစ် ကျွန်တော်တို့ အပုပ်ချလိုသည်။ အမုန်းတရားဟူသည် မရှိသင့်သောအရာဟု ဆရာ ဒဂုန်တာရာက ယူဆခဲ့သည်ဆို လျှင် ထိုအယူအဆသည် နိုင်ငံ ရေးနယ်ပယ်ကို အထူးရည်ညွှန်း လိုခြင်းဖြစ်ပါလိမ့်မည်။ ဆရာက လွတ်လပ်ရေးနောက်ခံကားဟူ သောသူ၏စာတစ်ပုဒ်တွင် ဤသို့ ထည့်ရေးပါသည်။

 ‘ဗမာ့လွတ်လပ်ရေးတပ် မတော်ကို နိုင်ငံရေးသမား (ဝါ) လွတ်လပ်ရေးလှုပ်ရှားမှုက မွေး ဖွားပေးလိုက်သည်။ လွတ်လပ် ရေးလှုပ်ရှားမှုကို ပြည်သူတို့က မွေးဖွားပေးလိုက်သည်။ ဗမာ့ လွတ်လပ်ရေး တပ်မတော်၏ ကျေးဇူးရှင်သည် နိုင်ငံရေးသမား၊ နိုင်ငံရေးသမား၏ ကျေးဇူးရှင် သည် ပြည်သူ၊ ပြည်သူတို့ကသာ လျှင် ခေါင်းဆောင်ကို ရွေးချယ် ခြင်းဖြစ်သည်။ ပြည်သူက တင် မြှောက်သောသူသည် ခေါင်း ဆောင်’

၂၀၁၉ မေလ ၁၀ ရက်တွင် ဆရာဒဂုန်တာရာ၏ ရာပြည့်ဖြစ် ပါသည်။ မယ်ခိုတောင်ပေါ်၌ တောတောင်ပေါ် လေကလေး များ အေးနေလိမ့်ဦးမည်။ ထင်း ရှူးရနံ့များသည်လည်း လေနှင့်အ တူ ပါလာလိမ့်ဦးမည်။ ပြည်သူတို့ ၏ကိုယ်စား အုပ်ချုပ်သောသူကို ကျွန်တော်တို့လို၏။ ယနေ့ ပြည် သူတို့အလိုအပ်ဆုံးမှာ ငြိမ်းချမ်း ရေးဖြစ်၏။ ကဗျာရွတ်သံများ၊ ဆရာဒဂုန်တာရာသို့ အမှတ်ရ ချက်များ၊ ဆရာ့၏ ငြိမ်းချမ်းရေး စာများ၊ ဆရာ့ကိုချစ်သောသူများ သည် ရာပြည့်ပွဲတွင် ဆုံတွေ့ကြ ဦးမည်။ အယူအဆတူသူ၊ မတူ သူ ကဗျာဆရာများ၊ စာရေးဆရာ များပါပါလိမ့်မည်။ သို့သော် သူ တို့အားလုံးသည် ဆရာဒဂုန်တာ ရာကို ချစ်ကြသည်။ ဆရာဒဂုန် တာရာကို ချစ်ခြင်း၊ မြတ်နိုးခြင်း သည် ငြိမ်းချမ်းရေးကို ချစ်ခြင်း မည်ပေသည်။

ဩော်... ရာပြည့်ပွဲမှာ လေ နုအေးကလည်း တနွဲ့နွဲ့နော့ဆဲကို နှင့် စလိုက်ကြပြီးလျှင် အကောင်း ကိုရှာ၍ အကောင်းကိုသာ တွေ့ ချင်ပါတော့သည်။ အချစ်ပန်းများ ပွင့်၍ ငြိမ်းချမ်းရေးတေးသွားများ ဝေပါစေ။ 

No comments:

Post a Comment