Friday, May 10, 2019

ပြောင်းလဲကောက်ခံမည့် မီတာခနှုန်းထားကို အကြီးအကဲများ လက်ခံပြီးဖြစ်ဟုဆို

 ပြောင်းလဲကောက် ခံမည့် မီတာခကို နိုင်ငံတော် အကြီးအကဲများက မူအရလက်ခံ ထားပြီးဖြစ်သဖြင့် မကြာမီထုတ် ပြန်ပေးမည်ဟု လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးတင်မောင်ဦးကပြော သည်။ ‘‘အတိအကျတော့ မပြော နိုင်သေးပါဘူး။ မူအရတော့ နိုင်ငံ တော်အကြီးအကဲတွေက လက်ခံ ထားပါတယ်’’ဟု ဦးတင်မောင်ဦး က ဆိုသည်။



မေလ ၉ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက် တတိယတစ်နှစ်တာကာလ အတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သောသတင်း စာရှင်းလင်းပွဲတွင် ၎င်းကအထက် ပါအတိုင်း ဖြေကြားသည်။

ပြောင်းလဲကောက်ခံမည့် မီ တာခတစ်ယူနစ်အတွက် မည်မျှ ကျသင့်မည်၊ မည်သို့ကောက်ခံ မည်ဆိုသည့် အသေးစိတ်အစီအ စဉ်ကို ပြောကြားခြင်း မရှိသော် လည်း ယခုအစိုးရသက်တမ်း မကုန်မီ ထုတ်ပြန်မည်ဟု ဦးတင် မောင်ဦးကဆိုသည်။

‘‘မကြာခင်မှာတော့ ဒီဟာ ဓာတ်အားခ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ပါမယ်။ ဆောင်ရွက် နိုင်မယ်လို့လည်း မျှော်လင့်ပါ တယ်’’ဟု ၎င်းကဖြည့်စွက်ပြော ကြားသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှု ကုန်ကျစရိတ်အ ဖြစ် တစ်နှစ်လျှင် ကျပ်ဘီလီယံ ၅၀၀ ကျော်အစိုးရက စိုက်ထုတ် သုံးစွဲနေရသည်ဟု ဦးတင်မောင် ဦးက ဆိုသည်။

‘‘အကြမ်းအားဖြင့် ပြောမယ် ဆိုရင် တစ်နေ့ကို မြန်မာကျပ် ၁ ဒသမ ၅ ဘီလီယံလောက် နိုင်ငံကတော်ကနေ စိုက်ထုတ်သုံး စွဲနေရပါတယ်’’ဟု ဦးတင်မောင်ဦးက ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတော်က ဓာတ်အားခများ အရှုံးခံ သုံးစွဲနေ ရသည့်အပေါ် မိတ်ဖက်အဖွဲ့အ စည်းများဖြစ်သော ကမ္ဘာ့ဘဏ်က လည်း တိုးမြှင့်ကောက်ခံရန် အ ကြံပြုထားသည်ဟု ၎င်းကဆို သည်။

ထို့အပြင် လက်ရှိကောက်ခံ နေသည်မှာ မီတာခတစ်ယူနစ် လျှင် အနည်းဆုံး ၃၅ ကျပ်မှ ၇၅ကျပ် နှုန်းသာရှိသဖြင့် လျှပ်စစ်ကဏ္ဍတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံလာချင်သူပေါ်ပေါက်ရန် အခက်အခဲရှိနေသည်ဟု ၎င်းကဆက် လက်ပြောသည်။

‘‘ဓာတ်အားခကို မြန်မြန် ဆန်ဆန်ပြောင်းလဲနိုင်မယ်ဆိုရင် ၀န်အားလျော့တဲ့ အစီအစဉ်တွေ က အများကြီး သက်သာသွားမယ် လို့ ခန့်မှန်းပါတယ်’’ ဟု ဦးတင် မောင်ဦးက သုံးသပ်သည်။

လျှပ်စစ်ကဏ္ဍတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာ စေရန်နှင့် လျှပ်စစ်မီးမရသေး သည့် ၅၆ ရာခိုင်နှုန်းသော ပြည် သူများ လျှပ်စစ်မီးရရှိစေရေး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက် တာထွန်းနိုင်က လွှတ်တော်၌ လာ ရောက်ဖြေကြားထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၄၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိ ပြီး ကျန် ၅၆ ရာခိုင်နှုန်း လျှပ်စစ် မီးမရသေးဟု ၎င်းကဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌ ကျပ်ဘီလီယံ ၅၀၀ ခန့်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၆၀၀ ကျော် အရှုံးပေါ်မည်ဟု ၀န် ကြီးဌာနက ခန့်မှန်းထားသည်။ လက်ရှိတွင် လျှပ်စစ်မီတာ ခများကို အိမ်သုံးနှင့် စက်မှုသုံးအ ဖြစ် အမျိုးအစားနှစ်မျိုးဖြင့် ကောက်ခံနေပြီး အိမ်သုံးတစ်ယူ နစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံးကျပ် ၅၀ အထိကောက် ခံနေကာ စက်မှုသုံးတစ်ယူနစ်အ တွက် အနည်းဆုံး ၇၅ ကျပ်မှ အ များဆုံးကျပ် ၁၅၀ ထိကောက်ခံ နေသည်။

No comments:

Post a Comment