Friday, May 10, 2019

ရခိုင် မြောက်ပိုင်း၌ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခြင်းသည် သယ်ယူ ပို့ဆောင်ရေးအတွက် အဓိက ဖြစ်သော်လည်း စစ်ကူပေးရန် အတွက်လည်း ရည်ရွယ်ကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာ ဒုအတွင်းဝန် ပြောကြား

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခြင်းသည် သယ်ယူ ပို့ဆောင်ရေးအတွက် အဓိက ဖြစ်သော်လည်း စစ်ကူပေးရန် အတွက်လည်း ရည်ရွယ်ကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောကြားသည်။ေ မ ၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးစိုင်းထွန်းညိုက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။


ရခိုင်ပြည်နယ် မြောက်ပိုင်းသည် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး ရာသီဥတု ကန့်သတ်ချက်များ ရှိသည့်အပြင် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားသည့်အချိန်၌ ဒေသခံ ပြည်သူများ သွားရေးလာရေး ခက်ခဲသည်အတွက် နယ်မြေ လိုအပ်ချက်အရ ရဟတ်ယာဉ်ကွင်း တည်ဆောက်ခြင်း ဖြစ်ကြောင်း ゞင်းကဆိုသည်။


ゞင်းက ”နယ်မြေဒေသ လိုအပ်ချက်အရ ဟတ်စကီးကွင်းတွေကို နေရာအနှံ့အပြား ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လေယာဉ်ကွင်းတွေ ဆောက်ထားတယ်။ အဓိကတော့ သယ်ယူပို့ဆောင်ရေးအတွက် အဓိက ရည်ရွယ်ပါတယ်။ ပြီးခဲ့တဲ့ ရဲကင်းတွေကို တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် တချို့ ရဲကင်းတွေ အချိန်မီ စစ်ကူရောက်နိုင်မယ့် ကန့်သတ်ချက်ရှိတဲ့ အတွက်ကြောင့် ထိခိုက်နစ်နာမှု များသွားတာလည်း ရှိတာပေါ့။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောရင် စစ်ကူပေးဖို့အတွက်လည်း ပါတာပေါ့။ ပါတယ်လို့ ပြောလို့ရတယ်” ဟု ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၌ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၁၈ ခုနှစ်ကုန်တွင် ပြီးဆုံးခဲ့ပြီး ပေ ၄၀ ပတ်လည်ရှိသည့် ရဟတ်ယာဉ်ကွင်းတစ်ကွင်း၏ ကုန်ကျစရိတ်မှာ မြန်မာငွေကျပ်သိန်း ၄၀ ရှိကြောင်း သိရသည်။

“ဟတ်စကီး တစ်ကွင်းကို ကျပ်သိန်း ၄၀ ကုန်ပါတယ်။ ဟတ်စကီးကွင်းက ပေ ၄၀ ပတ်လည်လောက်ရှိတဲ့ ကွန်ကရစ်ကွင်းလေး ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ၁၅ ကွင်းလုံးပြီးပြီ” ဟု ဦးစိုင်းထွန်းညိုက ပြောကြားသည်။

နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်စဉ်ကြောင့် လုပ်ငန်းပြန်အပ်သည့် ဖြစ်စဉ်မျိုး မရှိခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ခုနှစ်က လောက်ကိုင် စစ်ပွဲကြောင့် လုပ်ငန်းပြန်အပ်နှံခဲ့သည့် လမ်းလုပ်ငန်း နှစ်ခုသာ ရှိကြောင်း    ဦးစိုင်းထွန်းညိုက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment