Friday, May 10, 2019

မီးပြတ်၍ သောက်သုံးရေပေးဝေမှု အဆင်မပြေသဖြင့် ရန်ကုန်စည်ပင်တောင်းပန်

 ရေအားလျော့နည်း ခြင်း၊ ရေပေးဝေမှုပြတ်တောက် ခြင်းများကြောင့် ရန်ကုန်မြို့နေ ပြည်သူများကို တောင်းပန် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ထုတ် ပြန်သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန် ခံအဖွဲ့က ‘အသိပေးတောင်းပန် ချက်’ ခေါင်းစဉ်ဖြင့် မေလ ၉ ရက် ကထုတ်ပြန်ကာ မြို့တော်ဝန် ဦးမောင်မောင်စိုး၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်း ထုတ်ပြန်ချက်ကို ပြန်လည်မျှဝေ ထားသည်။
ရန်ကုန်မြို့အတွက် အဓိက ရေပေးဝေသည့် ရေလှောင်ကန် များက တွန်းပို့နေသော ရေတွန်း စက်ကြီးများတွင် လျှပ်စစ်မီးကြာ မြင့်စွာပြတ်တောက်ခြင်း၊ မြို့နယ် အသီးသီးရှိထပ်ဆင့်ရေတွန်းစက် များ၌ မကြာခဏလျှပ်စစ်မီးပြတ် တောက်ခြင်းကြောင့်ရေပိုက်လိုင်း များတွင် ရေဖိအားလျော့နည်း၍ အချို့နေရာများရေအား လျော့ နည်းခြင်း၊ ရေပြတ်တောက်ခြင်း တို့ဖြစ်ပေါ်နေရသည်ဟု ထုတ် ပြန်ချက်၌ဖော်ပြထားသည်။

ထိုသို့ရေသုံးစွဲမှုအဆင်မပြေ ဖြစ်ရခြင်းအတွက် နားလည်ပေး ရန်နှင့် သောက်သုံးရေအခက်အခဲ ရှိပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

‘‘အများပြည်သူကို တောင်း ပန်တာက မြို့တော်ဝန်ရဲ့လမ်း ညွှန်မှုကြောင့်လည်းပါတာပေါ့။  ရေအခက်အခဲ မရှိရအောင်ရေ သယ်ယာဉ်တွေနဲ့ အကူအညီ တောင်းခံတဲ့ဆီကိုသွားပေးဝေနိုင် ဖို့အဆင်သင့်ပြင်ထားတယ်’’ ဟု ရေရရှိရေးနှင့် ရေပေးဝေရေးလုပ် ငန်းတာဝန်ခံအဖွဲ့ တာဝန်ရှိသူ  တစ်ဦးကပြောသည်။ ထိုသို့ရေပေးဝေမှုအခက်အ ခဲသည် လျှပ်စစ်မီးပုံမှန်ပေးဝေနိုင် သည့် အချိန်မရောက်မီအထိကြုံ တွေ့ရနိုင်သည်ဟု ၎င်းကခန့်မှန်း သည်။

No comments:

Post a Comment