Friday, May 10, 2019

အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းကြည်​ မ​ကွေးတိုင်းလူထုနှင့် ​တွေ့ဆုံပွဲ ပြုလုပ်

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ဟာ မ​ကွေးမြို့ မြို့​တော်​ခန်းမမှာ ​မေလ ၉ ရက်​​နေ့ ည​နေပိုင်းက လူထုတွေ့ဆုံပွဲ ပြုလုပ်​ခဲ့ပါတယ်။ေ တွ့ဆုံပွဲမှာ မြို့​တော်​ခန်းမအတွင်း လူဦး​ရေ မဆန့်​တဲ့အတွက်​ အပြင်​ဘက်​ကနေ LED နှစ်​လုံးနဲ့ ပြသ​ပေးထားတာပါ။ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ် ဒေါ်​အောင်​ဆန်းစုကြည်​က “မေးခွန်း​မေးချင်​တာဖြစ်​ဖြစ်​ တိုင်​ချင်​တာဖြစ်​ဖြစ်​ တိုင်​စာဌာန အမြဲဖွင့်ထားပြီး တိုင်​စာအားလုံးကို ဖတ်​ပါတယ်​။
သက်​ဆိုင်​တဲ့ ပြည်​​ထောင်​စုဝန်​ကြီးဌာနက တာဝန်​ယူပြီး တင်​တဲ့စာ​တွေ အားလုံးကို ဖတ်​ပြီး အ​ရေးယူကာ စာ​တွေကို လျစ်​လျူမရှုပါဘူး။ တချို့က ကိုယ်​တိုင်​ထ​မေးမှ ​ကျေနပ်​တယ်​ဆို​တော့ ကိုယ်​တိုင်​​မေးချင်​တာ​ကြောင့်လား ရုပ်​မြင်​သံကြားမှာ ပါချင်​လို့လား၊ ရုပ်​မြင်​သံကြားမှာ ပါချင်​တဲ့ ​ရောဂါကို​တော့ ကုကြပါ။ မေးခွန်း​မေးရာမှာလည်း မိမိအကျိုးထက် အများအကျိုး​ မေးမြန်းဖို့ လိုအပ်​တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မ​ကွေးမြို့ နယ်​ကြာကန်​​ကျေးရွာက လူထု​တွေ့ဆုံပွဲ တက်​​ရောက်​လာသူ ကို​ဇော်​မင်းထိုက်​က “မ​ကွေးတိုင်း​ဒေသကြီးဟာ အခြားတိုင်းတွေနဲ့စာရင် တင်​ပြချင်​တာ​တွေ များတဲ့အတွက်​ ပြည်​သူလူထု တင်​ပြစာ​တွေလည်း အရမ်းကို များပြား​နေပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်း တချို့​နေရာ​တွေမှာ သိန်း​ထောင်​ချီပြီး လမ်းတံတား​တွေ ​ဆောက်​လုပ်​​နေ​ပေမယ့် တကယ်​​ရေငတ်​​နေတဲ့လူ​တွေဆီကို ​သောက်​သုံး​ရေရရှိ​ရေး ​ငွေသိန်း ၁၀၀၊ ၂၀၀ မ​ရောက်​တာ​တွေရှိ​နေလို့ တင်​ပြဖို့အတွက်​ ​ရောက်​ရှိလာတာပါ” လို့  ပြောပါတယ်။

အပြန်​အလှန် မေးခွန်း​မေးမြန်းမှု​တွေကို နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​၊ သက်​ဆိုင်​ရာ အစိုးရအဖွဲ့ ပြည်​​ထောင်​စုဝန်​ကြီး၊ တိုင်​​ဒေသကြီး ဝန်​ကြီးချုပ်​နဲ့ ဝန်​ကြီး​တွေက ပြန်​လည်​​ဖြေကြားခဲ့တာပါ။

မေလ ၁၀ ရက်​​နေ့ မနက်​ပိုင်းမှာ ဖခင် ဗိုလ်​​ချုပ်​​အောင်​ဆန်းရဲ့ ဇာတိ​မြေ နတ်​​မောက်​မြို့မှာ ​ဆေးရုံသစ်​ဖွင့်ပွဲ ပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။

No comments:

Post a Comment