Friday, May 10, 2019

နိုင်ငံတော်သို့ ပြန်သွင်းဘဏ္ဍဍာများနှင့် လစာပိုထုတ်သည်များကို တွေ့ရှိရပြီး အရေးယူမှုအပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနက ကန့်သတ်အဆင့်လုပ်ဆောင်သည့်အတွက် ထုတ်ပြန်နိုင်ခြင်းမရှိဟု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းစာရှင်းလင်း

နိုင်ငံတော်သို့  ပြန်သွင်းဘဏ္ဍဍာများနှင့် လစာပိုထုတ်သည်များကို တွေ့ရှိရပြီး အရေးယူမှုအပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနက ကန့်သတ်အဆင့်လုပ်ဆောင်သည့်အတွက် ထုတ်ပြန်နိုင်ခြင်းမရှိဟု ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်က ပြောကြားသည်။ြ ပန်ကြားရေးဝန်ကြီးဌာန၌ မေ ၉ ရက် ကပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏မေးမြန်းမှုကို ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



သတင်းထောက်တစ်ဦးက “ဝန်ကြီးဌာနတွေ တစ်နှစ်တာအတွင်းမှာ အလွဲသုံးစားမှု ဘယ်လောက်ရှိသလဲ” ဟု မေးမြန်းမှုအပေါ် ဒေါ်ခိုင်ခိုင်အောင်က “အလွဲသုံးစားမှုကတော့ နည်းနည်းပါးပါး။ အဲဒီဥစ္စာမျိုးကတော့ တစ်ခါတလေ လစာပိုထုတ်တာ ဒါမျိုးတွေတော့ တွေ့ပါတယ်။ ဘယ်နှစ်ခုဆိုတာတော့ ကျွန်မတို့ကောက်နုတ်မထားပါဘူး။ ကျွန်မတို့ တင်ပြဖို့ တင်ပြထိုက်တဲ့မျိုးတွေမှာ တင်ပြပြီးတော့ အစီရင်ခံစာတွေမှာလည်း ထုတ်ပြန်ပါတယ်။အခုရေတော့ မရေထားပါဘူး။ ရှိတော့ ရှိပါတယ်။ နိုင်ငံတော်ပြန်သွင်းဘဏ္ဍဍာမျိုး ပေါ်တာတွေတော့ ရှိပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကန်ထရိုက်တာပိုပြီးတော့ စံနှုန်း၊ ဈေးနှုန်းတွေနဲ့ ပိုတာမျိုးတွေ။ မျက်မြင်မ ဆောင်ရွက်တာမျိုးတွေ။ လစာပိုထုတ်တာတွေ ရှိပါတယ်”ဟု ပြောကြားသည်။ ယင်းသို့ တွေ့ရှိချက်များအား သက်ဆိုင်ရာဝန်ကြီးဌာများသို့ အကြောင်းကြားခဲ့ပြီး ဝန်ကြီးဌာများကသာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ကြောင်း၊ ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ပေးသွင်းရန် ကျန်ရှိခြင်းနှင့် ပေးသွင်းပြီးသွားခြင်းမျိုးကိုသာ ဆောင်ရွက်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်က ဆိုသည်။ “အရေးယူဆောင်ရွက်တာကတော့ သူ့ဆိုင်ရာဝန်ကြီးဌာနမှာ Data ရှိတယ်။ ဒါတွေကို သက်ဆိုင်ရာဌာနနဲ့ ကန့်သတ်အဆင့်နဲ့ လုပ်ပြီးတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး” ဟု ဒေါ်ခိုင်ခိုင်အောင်က ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့်ပတ်သက်၍ တိုင်းဒေသကြီးပြည်နယ်များအနက် ပြန်လည်ပေးသွင်းမှုအများဆုံးသည် မကွေးတိုင်း နှင့် ဧရာဝတီတိုင်းတို့ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးမှ အရေးယူထားကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကဆိုသည်။

ゞင်းက “များတာကတော့ မကွေးနဲ့ ဧရာဝတီပဲ။ အနည်းအကျဉ်းကတော့ တွက်ချက်တာမှားတာတို့၊ လုပ်ငန်းလေးတွေက မှားတာတို့။ အဲဒါတွေအတွက် ပြန်သွင်းတာကတော့ တော်တော်များများမှာ ရှိပါတယ်။ ဒါတွေကို သမ္မတရုံးကပို့တယ်လေ။ ဒါကိုသမ္မတရုံးက အရေးယူထားပြီ။ သက်ဆိုင်ရာတိုင်း ဒေသကြီးတွေကို အရေးယူဖို့ ဆိုပြီးမှာတယ်။ အရေးယူပြီးသလောက်ကို ကျွန်တော်တို့က  Follow Up  လုပ်တယ်။ အလကားတော့ဖြစ်မသွားပါဘူး။ တိုင်းဒေသကြီးတော်တော်များများလောက်ပါပဲ။ အသေးအမွှားလေးတွေ မှားတယ်ဆိုတာ ဘယ်သူမဆိုမှားတာပဲ။ ဘယ်သူ မဆိုမှားတာပဲဆိုတော့ တိုင်းဒေသကြီးအားလုံးနီးပါး ဖြစ်တယ်” ဟုပြောကြားသည်။

No comments:

Post a Comment