Friday, May 10, 2019

သြစတြေးလျနိုင်ငံမှ ဒေါ်လာ ၅၀တန် ငွေစက္ကူအသစ် အရွက်ရေ ၄၆သန်းဖြန့်ဝေပြီးမှ စာလုံးပေါင်းအမှားပါနေမှန်းသိ

No photo description available.သြစတြေးလျနိုင်ငံတွင် အသစ်ရိုက်နှိပ်သော သြစတြေးလျ ဒေါ်လာ ၅၀တန်(ကန်ဒေါ်လာ ၃၅ခန့်) ငွေစက္ကူများတွင် စာလုံးပေါင်းအမှား ပါဝင်နေခြင်းကို အားလုံးပုံနှိပ်ပြီးနောက် ပြည်သူလက်သို့ ရွက်ရေ ၄၆သန်းမျှ ဖြန့်ဝေပြီးနောက်ပိုင်းတွင်မှ သြစတြေးလျ ဗဟိုဘဏ်က သိရှိသည်။ ယင်းမှာ “responsibility” ဟူသည့်ဝေါဟာရကို “responsibilty”ဟူ၍ ၃ ကြိမ်မျှ မှားယွင်းပုံနှိပ်ထားခြင်းဖြစ်သည်။


ထိုသို့မှားယွင်းနေခြင်းကို မဲလ်ဘန်းမြို့အခြေစိုက် Triple M ဆိုသည့် ရေဒီယိုသတင်းဌာနက တွစ်တာလူမှုကွန်ရက်တွင် တင်ပြမှသာလျှင် ဗဟိုဘဏ်ကသိရှိခြင်းဖြစ်သည်။

သြစတြေးလျဒေါ်လာ ၅၀တန် ငွေစက္ကူအသစ်ပေါ်တွင် ၁၉၂၁ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ သြစတြေးလျနိုင်ငံ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး တရားသူကြီးချုပ် မစ္စ Edith Cowan ၏ ပုံနှင့် သြစတြေးလျ ပါလီမန်တွင် သူပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်စာသားကိုပါ ရိုက်နှိပ်ဖော်ပြထားရာ မိန့်ခွန်းစာသားတွင် ထိုသို့ စာလုံးပေါင်းမှားယွင်းပုံနှိပ်မိခြင်းဖြစ်သည်။ ”နောက်တစ်ကြိမ် ပုံနှိပ်ရင် ဒီအမှားကိုပြင်မှာပါ”ဟု သြစတြေးလျနိုင်ငံ ဗဟိုဘဏ်မှ ပြောခွင့်ရ အမျိုးသမီးကပြောသည်။

No comments:

Post a Comment