Friday, May 10, 2019

ရှုံးထွက်ပြိုင်ပွဲကွာတားအဆင့်သို့ ရှမ်း၊ မကွေးနှင့် ရခိုင်အသင်းတို့ တက်ရောက်

 ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် တွင် ရှမ်း၊ မကွေးနှင့် ရခိုင်အသင်း တို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရပြီး ကွာတားဖိုင်နယ်အ ဆင့်သို့ တက်ရောက်ခဲ့သည်။  မေလ ၈ ရက်က ယှဉ်ပြိုင် သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲတွင် ရှမ်းအသင်းက မြဝတီကို ၂-၀ ဂိုး၊ မကွေးက အားကာသိပ္ပံကို ၃-၀ ဂိုး၊ ရခိုင်က ဇွဲကပင်ကို ပင်နယ်တီအဆုံးအဖြတ် ၆-၅ ဂိုး ဖြင့် အသီးသီးအနိုင်ရခဲ့သည်။



ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ရှမ်းအသင်းက မြဝတီ ကို  ခြေစွမ်းအသာ ဖိအားပေး ကစားပြီး နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ သည်။ ရှမ်းအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူးဒွေး ကိုကိုချစ်နှင့် ရွှေကိုက တစ်ဂိုးစီ သွင်းယူခဲ့သည်။ ရှမ်းအသင်း သည် ကွာတားအဆင့်တွင် ဟံ သာဝတီနှင့် ကစားရမည်ဖြစ် သည်။  သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် သည့် ရခိုင်နှင့် ဇွဲကပင်အသင်း ပွဲတွင်  အကြိတ်အနယ်ဖြစ်ခဲ့ပြီး သာမန်ပွဲချိန် မိနစ် ၉၀ နှင့်အချိန် ပိုပြီးသည်အထိ နှစ်ဂိုးစီသရေကျ နေသဖြင့် ပင်နယ်တီအဆုံးအ ဖြတ် ကန်သွင်းခဲ့သည်။ပင်နယ်တီ တွင် ရခိုင်က ဇွဲကပင်အသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အောင်ဆန်းကွင်း၌ ယှဉ် ပြိုင်သည့်ပွဲစဉ်တွင် မကွေးအ သင်းက လိဂ်-၂ မှ အားကာသိပ္ပံ အသင်းကို ခြေစွမ်းအသာဖြင့် ဖိ အားပေးကာ ၃-၀ ဂိုးဖြင့် အနိုင် ရခဲ့သည်။ မကွေးအသင်းအတွက် အနိုင်ဂိုးများကို နိုင်နိုင်ကျော်၊ အောင်မြင့်ထွန်း၊  အောင်ဇော်မြင့် တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ ကွာတားအဆင့်တွင် ရခိုင်နှင့် မကွေးအသင်းတို့ တွေ့ဆုံမည် ဖြစ်သည်။  ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် လက်ကျန်ပွဲစဉ်များကို မေလ ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒဂုံနှင့် စစ်ကိုင်း၊ ဆောက်သမ်းနှင့် ငွေကြယ်ပွင့်အသင်းတို့ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments:

Post a Comment