Friday, May 10, 2019

လျှပ်စစ်မီးပြတ်တောက်မှုများ ဇွန်လအထိ ဖြစ်ပေါ်နေဦးမည်၊ ၂ဝ၂ဝ နွေရာသီတွင် လျှပ်စစ်မီးမပြတ်တောက်စေ ရန် စီမံချက်ရေးဆွဲထား

လျှပ်စစ်မီးပြတ်တောက်မှုများမှာ ဇွန်လအထိဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ၂ဝ၂ဝ နွေရာသီတွင် လျှပ်စစ်မီးပြတ် တောက်မှုမဖြစ်အောင် စီမံချက်ရေးဆွဲထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။ေ မလ ၉ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် တတိယတနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးတင်မောင်ဦးက ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက် တနှစ်လျှင် မဂ္ဂါဝပ် ၃ဝဝ/ ၄ဝဝ ခန့်သာ မြင့်တက်မည်ဟု ယခင်က ခန့်မှန်းထားခဲ့ကြောင်း၊ သို့သော် ယခုနှစ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၃၇ဝဝ အထိ မြင့်တက်သွားကြောင်း၊ ယင်းသို့တက်သွားခြင်း ကြောင့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်စွက်နိုင်ရန်အတွက် ရေအားလျှပ်စစ်မှရေများကို ထုတ်ယူ မောင်းနှင်ပေးခဲ့ရကြောင်း ဦးတင်မောင်ဦးက ပြောကြားသည်။

''အထူးသဖြင့် ဖေဖော်ဝါရီ၊ မတ်လမှာ အဲဒီလိုမောင်းနှင်ပေးခဲ့တဲ့အတွက် ဧပြီမှာတော့နေကလည်း တအားပူပြင်းလာတယ်။ လူတွေကလည်း လျှပ်စစ်ပစ္စည်း အသုံးအဆောင်တွေကို ပိုမိုသုံးစွဲလာကြပါတယ်။ ဆိုတော့ တတ်နိုင်သမျှ ဖြည့်စွမ်းပေးပါတယ်။ ဒါပေမဲ့ ရေကထုတ်သုံးလေဆည်တွေက တဖြည်းဖြည်းနဲ့ ဒယ်အိုးပုံဖြစ်လာတာကြောင့် အောက်ကိုရေ level ကျလေ၊ ထုတ်ပေးနိုင်တဲ့ generation က နည်းလာလေ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်ဝန်အားလျှော့တဲ့ အစီအစဉ်တွေပြည်နယ်နှင့်တိုင်းမှာလုပ်နေရပါပြီ။ အကြမ်းအားဖြင့် ပြောရရင် ခုရက်ပိုင်းမှာမဂ္ဂါဝပ် ၇ဝဝ/၈ဝဝ လောက်နဲ့ လျှော့ချပြီးလုပ်နေပါတယ်။ ဒါက ဘယ်လောက်ထိ ဖြစ်မလဲဆိုရင် လာမယ့်ဇူလိုင်လလောက်ဆိုရင် မုတ်သုံဝင်လာရင်တော့ အခက်အခဲကိုကျော်လွှား နိုင်မယ်ထင်ပါတယ်''ဟု ၎င်းက ပြောသည်။

လာမည့်နှစ်နွေရာသီတွင် လျှပ်စစ်မီးပြတ်တောက်မှုမဖြစ်အောင် စီမံချက်ရေးဆွဲထားကြောင်းလည်း ဦးတင်မောင်ဦးက ပြောကြားခဲ့သည်။

''လာမယ့် ၂ဝ၂ဝ နွေရာသီအမီ ရှစ်လ၊ ကိုးလအတွင်း တော်တော်လေးဆောင်ရွက်ရမှာပါ။ အကြမ်းအားဖြင့် နေရာရှစ်နေရာလောက်မှာ မဂ္ဂါဝပ် ၁၄ဝဝ လောက်ရအောင် လာမယ့်နှစ်အတွက် စီမံချက်ချဆောင်ရွက်နေပါပြီ။ လာမယ့်နှစ်မှာ ဒီလိုမျိုးမဖြစ်အောင် ဆောင်ရွက်နေပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း ၂ နာရီပြတ်၊ ၆ နာရီမီးပေးသည့်စနစ်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ခေတ္တအမှုဆောင်အရာရှိချုပ် (CEO) ဦးအောင်ကျော်ဦးက ပြောကြားခဲ့သည်။

''လောလောဆယ် ရန်ကုန်တိုင်းမှာ မဂ္ဂါဝပ် ၁၆ဝဝ၊ ၁၇ဝဝ လိုနေတဲ့အထဲမှာ မဂ္ဂါဝပ် ၁၃ဝဝ၊ ၁၄ဝဝ လောက်အထိရရှိပြီးတော့ ဓာတ်အားဖြန့်ဖြူးပေးနေပါတယ်။ လတ်တလောအားဖြင့် generatio ညပိုင်းမှာ ပြည့်ပြည့်ဝဝမပေးနိုင်တဲ့အတွက်ကြောင့် မေလရယ်၊ ဇွန်လရယ်မှာ ဓာတ်အားကိုဝန်အားထိန်းညှိပြီး ဆောင်ရွက် လျက်ရှိပါတယ်။ မီးပေးနေမှုကတော့ တမြို့နဲ့တမြို့မတူပါဘူး။ အများစုကတော့ အဖွဲ့လေးဖွဲ့ခွဲပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ A, B, C, D ဆိုပြီး ခွဲပြီးလိုအပ်တဲ့ ပမာဏလျှော့ချရမှာကိုလျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ တဖွဲ့တဖွဲ့ကို အများစုကတော့ ၂ နာရီပြတ်၊ ၆ နာရီ မီးပေးတဲ့စနစ်နဲ့ မီးပေးနေပါ တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

No comments:

Post a Comment