Friday, May 10, 2019

ပညာရေးဝန်ကြီးဌာနထုတ် ပထမတန်းမြန်မာစာဖတ်စာအုပ်တွင် သတ်ပုံမှားယွင်းခြင်းမရှိဟုဆို

ပထမတန်း မြန်မာစာဖတ်စာအုပ်တွင် သတ်ပုံမှားယွင်းနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ယခုလိုထောက်ပြထားသည်။ ပညာရေးဝန်ကြီးဌာန က တရားဝင်ထုတ်ဝေသည့် ပထမတန်းမြန်မာစာဖတ်စာအုပ် တွင် သတ်ပုံမှားယွင်းခြင်းမရှိဟု ပညာရေးသုတေသန၊ စီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်လတ်ထွန်းက ပြောသည်။

 အခြေခံပညာသင်ရိုးညွှန်း တမ်း၊ သင်ရိုးမာတိကာနှင့်ကျောင်းသုံးစာအုပ် ကော်မတီ  မူပိုင်တံဆိပ်ရိုက်နှိပ်ထားသည့် ပထမတန်းမြန်မာစာဖတ်စာအုပ် ကို ကျောင်းသားမိဘတစ်ဦးက ပြင်ပစာအုပ်ဆိုင်မှ ၀ယ်ယူရာ သတ်ပုံအမှားအယွင်း ၂၀ ကျော် ပါနေကြောင်း လူမှုကွန်ရက်မှ တစ်ဆင့်ထောက်ပြသည်။ ထို စာအုပ်တွင် ပညာရေးဝန်ကြီးဌာန မူပိုင်ဟုရိုက်နှိပ်ထားခြင်းကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်စိစစ်သင့်ကြောင်း လူမှု ကွန်ရက်၌ ဝေဖန်မှုများရှိနေ သည်။

 ‘‘ပညာရေးဝန်ကြီးဌာနက ဖတ်စာအုပ်တွေကို ကျောင်းဖွင့် ချိန်မှာ အခမဲ့ဖြန့်တာ။ ဖြန့်တဲ့စာ အုပ်တွေထဲမှာလည်း ဒီလိုအမှား အယွင်းတွေ မပါအောင်အဆင့် ဆင့်စိစစ်ပြီးမှ ထုတ်တာ။ ဒီလို သတ်ပုံအမှား လုံးဝမပါဘူး။ အ ပြင်မှာ ပြန်ရိုက်ပြီးရောင်းတာတွေ က သတ်ပုံမှားတာတွေဖြစ်မယ်။ ဥပဒေအရ အရေးယူဖို့ကတော့ ဒီလိုရောင်းနေတာတွေက တစ် နိုင်ငံလုံးမှာ အများကြီးပဲ’’ ဟု ဒေါက်တာဇော်လတ်ထွန်းက ဆို သည်။

ပထမတန်း(Grade-1)ကို ၂၀၁၇-၁၈ ပညာသင်နှစ်က သင် ရိုးညွှန်းတမ်းအသစ် စပြောင်းခဲ့ ရာ ပြီးခဲ့သည့်ပညာသင်နှစ် ၂နှစ် တွင် ပညာရေးဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူများသို့ အခမဲ့ဖြန့်ဝေသည့် ပထမတန်း မြန်မာစာဖတ်စာအုပ်၌ ယင်းသို့ သတ်ပုံမှားယွင်းခြင်းမရှိဟု ကမာ ရွတ်တီတီစီမှ မူလတန်းပြဆရာမ တစ်ဦးက အတည်ပြုသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ဆရာကိုင်၊ ကျောင်းသားကိုင် အခြေခံပညာကျောင်းသုံးဖတ်စာ အုပ်များကို နှစ်စဉ်ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တင် ဒါခေါ်ယူရိုက်နှိပ်သည်။ တင်ဒါ စည်းမျဉ်းအရ ပညာရေးဝန်ကြီး ဌာန မူပိုင်ကျောင်းသုံးဖတ်စာအုပ် များသည် ပြင်ပသို့ပေါက်ကြားခွင့် မရှိပေ။

 လက်ရှိဈေးကွက်တွင် ရောင်းနေသည့် ပထမတန်းဖတ် စာအုပ်များသည် ပညာရေးဝန် ကြီးဌာနက အခမဲ့ဖြန့်ဝေထား သည့်စာအုပ်များကို ပြင်ပလုပ် ငန်းရှင်က ပြန်လည်ရိုက်နှိပ် ရောင်းချခြင်း ဖြစ်နိုင်သည်ဟု ဒေါက်တာဇော်လတ်ထွန်းက ဆို သည်။

  ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင် များက ကိုယ်ကျိုးစီးပွားအတွက် ပညာရေးဝန်ကြီးဌာန မူပိုင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ပြန်လည်ပုံနှိပ်ထုတ်ဝေခြင်း၊မိတ္တူ  ကူးထုတ်ဝေခြင်းကို အစိုးရအနေ ဖြင့် တိကျသည့်မူဝါဒများ သတ် မှတ်၍ တားမြစ်ကန့်သတ်သင့် ကြောင်း မြန်မာစာပါမောက္ခဆရာ တစ်ဦးက မှတ်ချက်ပြုသည်။

ကျောင်းသုံးဖတ်စာအုပ်များ ကို နှစ်စဉ်ကျောင်းအပ်နှံရေးသီ တင်းပတ်တွင် ကျောင်းသား၊ ကျောင်းသူများသို့ ပညာရေးဝန် ကြီးဌာနက အခမဲ့ဖြန့်ဝေသည်။ ကျောင်းဖွင့်ရာသီမတိုင်မီ ကျူရှင် တက်သူများက ဖတ်စာအုပ်များ ၀ယ်ယူလေ့ရှိသည့်အပြင် အချို့ ကျောင်းသားများက ပညာသင် နှစ်တစ်နှစ်တွင် ဖတ်စာအုပ်အ နည်းဆုံး နှစ်စုံခန့်သုံးတတ်ခြင်း ကြောင့် ပြင်ပဈေးကွက်၌ ဖတ် စာအုပ်များ ရောင်းကောင်းသည် ဟု ဗိုလ်ချုပ်ဈေးအနီးဖတ်စာအုပ် ရောင်းချသူတစ်ဦးက ဆိုသည်။  ကျောင်းသုံးဖတ်စာအုပ် တစ်စုံတန်ဖိုးသည် အတန်းအ လိုက်အနိမ့်ဆုံးကျပ် ၁,၇၀၀ ကျော်မှ အမြင့်ဆုံးကျပ် ၅,၀၀၀ ကျော်ကျသင့်သည်။

No comments:

Post a Comment