Friday, May 10, 2019

တစ်ရာသီလုံးအကောင်းဆုံးနည်းပြနှင့် ကစားသမားဆု ဆန်ခါတင်စာရင်းတွင် မန်စီးတီးနှင့် လီဗာပူးဦးဆောင်နေ

ပရီးမီးယားလိဂ် ယခုရာသီအကောင်းဆုံး နည်းပြနှင့် အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင် မန်စီးတီးနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် လီဗာပူးတို့က အဓိကဦးဆောင်ထား သည်။ တစ်ရာသီလုံးအကောင်းဆုံး နည်းပြဆု ရွေးချယ်ခံရသူများတွင် ဝုဖ်လ်ဗာဟမ်တန်နည်းပြ နူနို အက်စပရီကို ဆန်းတို့စ်၊ မန်စီး တီးနည်းပြ ဂွာဒီယိုလာ၊ လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်နှင့်စပါး နည်းပြ ပိုချက်တီနိုတို့ ပါဝင်နေ သည်။ ပေါ်တူဂီနိုင်ငံသားဆန်းတို့စ် သည် ဝုဖ်လ်အသင်းကို (၁၈) နှစ် အတွင်း တန်းတက်အသင်းတစ် သင်း အမှတ်အများဆုံးရ အောင် စွမ်းဆောင်ထားပြီး အမှတ်ပေး ဇယား (၇) နေရာ သေချာသ လောက်ဖြစ်နေသည်။
ဂွာဒီယို လာသည် ယခုရာသီ နောက်ဆုံး ပွဲဖြစ်သော ဘရိုက်တန်အိမ်ကွင်း ၌ အနိုင်ရပါက ဖာဂူဆန်နှင့် မော် ရင်ဟိုပြီးနောက် ပရီးမီးယားလိဂ် ဖလားကို ထပ်မံရယူနိုင်သည့် တတိယမြောက်နည်းပြ ဖြစ်လာ မည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် မန်စီးတီး ခြေချော်ပြီး ဝုဖ်လ်ကို လီဗာပူးက နိုင်ပါက ၁၉၈၉-၀၉ နောက်ပိုင်း ကလော့ပ်သည် အန်ဖီးလ်ကွင်း သို့ ပရီးမီးယားလိဂ်ဖလား ယူ ဆောင်နိုင်သော ပထမဆုံးနည်းပြ ဖြစ်လာမည်ဖြစ်သည်။

စပါးနည်းပြ ပိုချက်တီနို သည် လေးနှစ်ဆက်တိုက် ထိပ် တန်း လေးသင်းဝင်အောင် စွမ်း ဆောင်ထားပြီး ကစားသမားအ သစ် ခေါ်ယူခြင်းမရှိဘဲ ချန်ပီယံ လိဂ်ဗိုလ်လုပွဲသို့ တက်ရောက် အောင် စွမ်းဆောင်ထားသည်။ တစ်ရာသီလုံးအကောင်းဆုံး ကစားသမားစာရင်းတွင် လီဗာ ပူးမှ ဆာလက်၊ ဗန်ဒိုက်စ်နှင့်မာ နေးတို့ ပါဝင်နေပြီး မန်စီးတီးမှ အဂူရို၊ စတာလင်နှင့် ဘာနန်ဒို ဆေးလ်ဗားတို့ ပါဝင်ကာ ချယ်လ်ဆီးတိုက်စစ်မှူးဟာဇက်တို့ ရွေးချယ် ခံရသည်။

No comments:

Post a Comment