Friday, June 28, 2019

တူနီးရှားတွင် အသေခံဗုံးခွဲမှု ၂ ခုအတွင်း ရဲအရာရှိတဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

တူနီးရှားနိုင်ငံ မြို့တော်မှာ ဇွန်လ ၂၇ ရက်နေ့က အသေခံဗုံးခွဲသမားနှစ်ယောက် သီးခြား တိုက်ခိုက်တဲ့အတွက် ရဲအရာရှိတယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ အစိုးရက  သတင်းထုတ်ပြန်ပါတယ်။ ပထမ အသေခံဗုံးခွဲတိုက်ခိုက်မှုအပြီး ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတွေကို မျက်မြင်တဦးက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။  ပထမ အသေခံဗုံးခွဲသမားဟာ မြို့တော် ချားလ်စ်ဒီဂေါလမ်းမှာ ကင်းလှည့်နေတဲ့ရဲကို ပစ်မှတ်ထား ဖောက်ခွဲခဲ့လို့ အဲဒီရဲအရာရှိ သေဆုံးပြီး တခြား ရဲအရာရှိတဦးနဲ့ အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။



ဒီ့နောက် မကြာခင်မှာပဲ ဒုတိယ အသေခံဗုံးခွဲသမားက အယ်လ်ဂေါ်ဂျာနီခရိုင် ရဲစခန်းတခုအနီးမှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ လူလေးဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တူနီးရှားဝန်ကြီးချုပ် ယူဆွတ်ဖ် ရှာဟက်ဒ်က အဲဒီတိုက်ခိုက်မှုတွေကို “သူရဲဘောကြောင်ပြီး မအောင်မြင်တဲ့ အကြမ်းဖက်မှု” အဖြစ် ပြောကြားခဲ့ပါတယ်။ ဒီဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာတော့ မသိရသေးပါဘူး။

No comments:

Post a Comment