Friday, June 28, 2019

မှိုအဆိပ်သင့်ခဲ့သော ရွှေ့ပြောင်းမြန်မာအလုပ်သမားခုနစ်ဦးအနက် လေးဦး သေ၊ နှစ်ဦး စိုးရိမ်နေရဆဲ

တရုတ်နိုင်ငံတွင် မှိုအ ဆိပ်သင့်၍ မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပေးခဲ့သော ရွှေ့ပြောင်း မြန်မာအလုပ်သမား ခုနစ်ဦးအ နက်လေးဦးသေဆုံးပြီး ကျန်သုံးဦး မန္တလေးဆေးရုံ၌ ဆက်လက် ကုသပေးနေသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် စိုက်ပျိုးရေးလုပ် ကိုင်နေစဉ် မှိုစားမိရာမှ အစာ အဆိပ်သင့်ပြီး အရေးပေါ်အခြေ အနေရောက်နေသော မြန်မာနိုင် ငံသား အမျိုးသားလေးဦးနှင့်အ မျိုးသမီးသုံးဦးကို တရုတ်အစိုးရ တာဝန်ရှိသူများက ဇွန်လ ၂၆ ရက်၌ မြန်မာနိုင်ငံဘက်သို့ ပြန် လည်ပို့ဆောင်ပေးခဲ့သည်။ ၎င်း တို့ခုနစ်ဦးကို မူဆယ်မြို့ကရုဏာ လူမှုကူညီရေးအသင်း လူနာတင် ကားများဖြင့် မန္တလေးဆေးရုံသို့ ဇွန်လ ၂၆ ရက်ညက ပို့ဆောင်စဉ် လမ်း၌ တစ်ဦးသေဆုံးခဲ့သည်။ ကျန်ခြောက်ဦးကို မန္တလေးဆေးရုံ တွင် ကုသပေးနေခိုက် ဇွန် လ ၂၇ ရက်ညနေ၌ သုံးဦးထပ်မံသေ ဆုံးခဲ့သည်။



 ‘‘တရုတ်ဘက်မှာလည်း ကျောက်ကပ်တွေ၊အသည်းတွေ ကို ခွဲစိတ်ကုသပေးခဲ့တယ်။ ဝေဒ နာက ပြင်းတယ်။ ဆေးရုံမှာ လူး လိမ့်နေကြတာပဲ’’ ဟု မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးသောင်းထွန်းက ပြော သည်။

လူနာခုနစ်ဦးသည် အသက် (၁၈)နှစ်မှ (၄၃) နှစ်ကြားဖြစ်ပြီး အမျိုးသမီးတစ်ဦးသာ သက်သာ သောအခြေအနေရှိနေသည်။သေ ဆုံးသူလေးဦးသည် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်သည်။

ဇွန်လ ၂၆ ရက်က သေဆုံး သူ၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိ မကွေးတိုင်းဒေသကြီး စေ တုတ္တရာမြို့သို့ သယ်ဆောင်ပြီး  ဇွန်လ ၂၇ ရက်ညနေတွင်သင်္ဂြိုဟ် ခဲ့သည်။

မကွေးတိုင်းဒေသကြီး ပွင့် ဖြူနှင့် စေတုတ္တရာမြို့ဇာတိဖြစ် သော အထက်ပါရွှေ့ပြောင်းအ လုပ်သမားခုနစ်ဦးသည် ဇွန်လ ၂၀ ရက်တွင် မှိုစားပြီး ယင်းအ ချိန်ကတည်းကပင် အစာအဆိပ် သင့်ခြင်းဖြစ်သည်။ တရုတ်လုပ် ငန်းရှင်နှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကုသပေးခဲ့သော်လည်း သက်သာ မလာ၍ မြန်မာနိုင်ငံဘက်သို့ ပြန် ပို့ဆောင်ခြင်းဖြစ်သည်။ လူနာ ပြန်လွှဲပေးစဉ် မူဆယ်ခရိုင်အုပ် ချုပ်ရေးတာဝန်ရှိသူများထံ တ ရုတ်ကပေးအပ်သည့် စာတွင် မှို ရိုင်းများကိုစားမိခြင်းကြောင့် အ စာအဆိပ်သင့်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ မိုးဦးကျကာလ၌ အလေ့ ကျပေါက်သော မှိုများအနက် စား နေကျမဟုတ်သော မှိုကိုစားမိ ရာမှ လူသေဆုံးမှုမကြာခဏဖြစ် ပွားနေသည်။ ဇွန်လအတွင်း မိုးကုတ်၊ ရပ်စောက်နှင့် မိုးမောက် မြို့နယ်၌ မှိုအဆိပ်သင့်ကာ လူ ခုနစ်ဦးသေဆုံးခဲ့သည်။ အထက် ပါဖြစ်စဉ်တွင် သေဆုံးသူနှစ်ဦးပါ ၀င်ပါက ယခုလအတွင်းမှိုအဆိပ် သင့်မှုကြောင့် သေဆုံးသူကိုးဦးရှိ ပြီဖြစ်သည်။ ချင်းပြည်နယ် တွန်း ဇံမြို့၌ ၁၇ ဦးဆေးကုသမှုခံယူ ခဲ့ရသည်။ ၂၀၁၇ မိုးရာသီကာလ က တရုတ်နိုင်ငံရှိ စိုက်ပျိုးရေးခြံ တစ်ခုတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားခုနစ်ဦး မှိုစားမိပြီး အစာအဆိပ်သင့်ကာ ခြောက်ဦး သေဆုံးခဲ့သည်။

No comments:

Post a Comment