Friday, June 28, 2019

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် စတင်ကျင်းပနိုင်ရန် လျာထား

တောင်ကြီးမြို့၏ အထင်ကရ ပွဲ တော်တစ်ခုဖြစ်သော တောင်ကြီးတန် ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၁၂ ရက်အထိ ၁ဝ ရက်ကြာ ကျင်းပပြု လုပ်နိုင်ရန် ခန့်မှန်းလျာထားပြီး မီးပုံး ပျံပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် အမှတ်ပေးဒိုင်များ ကြိုတင်ညှိနှိုင်းဆွေး နွေးပွဲကို ဇွန်လဆန်းပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။



''ပြိုင်ပွဲကတော့ နိုဝင်ဘာလ ၃ ရက်ကနေ ၁၂ ရက်အထိ ကျင်းပဖို့ လျာထားပါတယ်။ ဒီနှစ်မှာ ပြိုင်ပွဲဝင် အဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေ နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ရှိအောင် ချပြသွားပါမယ်။ ကွင်း ပြောင်းမယ်/မပြောင်းဘူးဆိုတာက တော့ ရှမ်းပြည်နယ်အစိုးရက ဘာမှ မပြောထားသေးပါဘူး။ ဒီနှစ်တော့ မပြောင်းသေးဘူး ဆိုတာကတော့ သေချာပါတယ်''ဟု ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာသန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့တော် တန်ဆောင် တိုင်ပွဲတော်တွင် မီးပုံးပျံ လွှတ်တင် ပူဇော်ပြိုင်ပွဲ၊ မီးပဒေသာလှည့်လည် ပူဇော်ပြိုင်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန် ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင် ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ၊ တေးသီချင်းပြိုင်ပွဲ များဖြင့် နှစ်စဉ် စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ပြီးခဲ့ သည့် ၂ဝ၁၈ ခုနှစ်မှစတင်၍ တောင် ကြီးတန်ဆောင်တိုင်ပွဲတော် စာပေ ဆိုင်ရာပြိုင်ပွဲများကို ထည့်သွင်းကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့်နှစ်က တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင် ပွဲကို နိုဝင်ဘာလ ၁၄ ရက်ထိ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း ၌ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်တွင် ဆုပေးပွဲကို ကျင်းပခဲ့ရာ ညမီးကြီး မီးပုံးပျံအမျိုးစား ပထမဆုကို လူခန့်မီး၊ ဒုတိယဆုကို လူ ပဲ့မီး၊ တတိယဆုကို ကြယ်ပြောင်မီး နှင့် စိန်နားပန် မီးပုံးပျံအမျိုးအစား ပထမဆုကို နေကြာစေ့မီး၊ ဒုတိယ ဆုကို ရောင်စုံမီး၊ တတိယဆုကို မီး အိမ်လူငယ်မီးတို့မှ ရရှိခဲ့ကြောင်း သိ ရသည်။
.
ယခုနှစ်တွင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ရန် လျာထားပြီး မြို့ လုံးကျွတ် ဘုံကထိန်လှည့်လည်ပူ ဇော်ပွဲကို တန်ဆောင်မုန်းလဆန်း အ ဖိတ်နေ့ဖြစ်သည့် ၂ဝ၁၉ ခုနှစ်၊နိုဝင် ဘာလ ၁ဝ ရက်တွင်လည်းကောင်း၊ မသိုးသင်္ကန်းရက်လုပ် ပြိုင်ပွဲကို ယင်းနေ့ ညပိုင်းတွင်လည်းကောင်း မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ ကို တန်ဆောင်မုန်းလပြည့်ည၊ နိုဝင် ဘာလ ၁၁ ရက်တွင်လည်းကောင်း၊ အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ် ပြီး အခြားပြိုင်ပွဲများဖြစ်သည့် ဖွင့်ပွဲ/ ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲနှင့် စာပေ ဆိုင်ရာ ပြိုင်ပွဲများကိုလည်း ထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်သည် မြန်မာနိုင်ငံအတွင်းရှိ ၁၂ လရာသီပွဲတော်များအနက် ထင်ရှား ကျော်ကြားသည့် ပွဲတော်တစ်ခု ဖြစ်ပြီး နှစ်စဉ် ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ အများအပြား လာရောက်လည်ပတ်လေ့ရှိရာ ခရီး သွားလုပ်ငန်းဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများစွာ တိုးတက်ရရှိ အောင် ဆောင်ရွက်ပေးနိုင်သည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။

No comments:

Post a Comment