Friday, June 28, 2019

အမည်မသိ အမျိုးသားတစ်ဦး မောင်းနှင်သည့်ကား ထနောင်းပင် ဝင်ရောက်တိုက်မိ၍ သေဆုံး

No photo description available.မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်မကြီး ကုန်းကြီးကျေးရွာအနီးမြို့သစ်နတ်မောက်ကားလမ်းတွင်ဇွန် ၂၇ ရက် နံနက် ၁ နာရီခွဲ ခန့်က ကားတစ်စီး သစ်ပင်အား တိုက်မိကြောင်း မြို့သစ်ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာမြို့သစ်ဘက်မှနတ်မောက်ဘက်သို့ အသက်၃၀နှစ်ခန့် အမျိုးသားတစ်ဦး(အမည်လိပ်စာမသိရ) တစ်ဦးတည်း မောင်းနှင်လာသည့် ယာဉ်အမှတ်YGN 1I/ HIJACK အမျိုးအစား(၄)ဘီးအဖြူရောင်ကားဖြင့် မြို့သစ်နတ်မောက် ကားလမ်း မိုင်တိုင်အမှတ် (၂၁/၀နှင့်၂၁/၁)ကြားလမ်းဘေးယာဘက်ခြမ်းရှိ ထနောင်းပင်အား ဇွန် ၂၇ ရက် မနက် ၁ နာရ ခွဲခန့်က ဝင်ရောက်တိုက်မိပြီး ပြင်းထန်ဒဏ်ရာများ ရရှိသွားသဖြင့် မြို့သစ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရ၍ မော်တော်ယာဉ်ကို အရှိန်ပြင်းစွာ မောင်းနှင်ပြီးသစ်ပင်နှင့်တိုက်မိကာ အသက်သေခဲ့သူ အမည်မသိယာဉ်မောင်းအား မြို့သစ်မြို့မရဲစခန်းမှ အမှုရေးဖွင့်ပြီးဒုရဲအုပ်အောင်ကိုကိုမှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment