Friday, June 28, 2019

ဇွန်လအတွင်း ရောင်းမကုန် ထီလက်မှတ် စောင်ရေ ၁ ဒသမ ၇ သန်းကျော်ရှိ

ဇွန်လအတွင်း ကျပ် တစ်ထောင်တန်ထီစောင်ရေ ၁ ဒသမ ၇သန်းကျော် ရောင်းမကုန် ဘဲ လက်ကျန်ဖြစ်ပေါ်ခဲ့ကြောင်း  အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာသည်။ေ အာင်ဘာလေသိန်းဆုဌာန သည် ဇွန်လအတွက် ထီအုပ်ရေ၃ ဒသမ ၁သန်းကျော်ရိုက်နှိပ်ဖြန့်ဝေ ခဲ့သော်လည်း အုပ်ရေတစ်သိန်း ခွဲကျော်(စောင်ရေ ၁ ဒသမ ၇ သန်းကျော်) ရောင်းမကုန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ထီလက်မှတ်ရောင်း မကုန်သည့်ဖြစ်ရပ်ကို လေးလ ဆက်တိုက် ကြုံရခြင်းဖြစ်သော် လည်း ဇွန်လသည်အခြားလများ ထက် အရေအတွက်လျော့နည်းခဲ့သည်။



ထီလက်မှတ်ရောင်းမကုန်မှု အနေဖြင့် မတ်လတွင် စောင်ရေ ၄ ဒသမ ၄ သန်းကျော်၊ ဧပြီတွင်  စောင်ရေ ၂ ဒသမ ၈ သန်းခန့်နှင့် မေလတွင် ထီလက်မှတ် ၅ ဒသမ ၅ သန်းကျော်ရှိခြင်းဖြစ်သည်။

‘‘ထီလက်မှတ်ရောင်းမကုန် တဲ့ဖြစ်ရပ်ကို နောက်လတွေမှာ လည်း လျှော့ချနိုင်အောင်ကြိုး စားနေပါတယ်’’ဟု အောင်ဘာ လေသိန်းဆုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆုမဲများဖွင့်လှစ်ရာ၌ အထူး  ဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်း  စနစ်တွင် ရောင်းမကုန်ထီလက်  မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်ပါက ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဝေ ဝေဆာဆာဆုမဲစနစ်တွင် ရောင်း မကုန် ထီလက်မှတ်နံပါတ်မှ  ဆုမဲပေါ်ထွက်လာပါက အဆိုပါ  ဆုမဲတန်ဖိုးများ စုပေါင်းပြီးအခြား သင့်လျော်သောဆုမဲများ အစား ထိုး ပြန်လည်ဖွင့်လှစ်မည်ဟု  ကြေညာထားသည်။ ထို့အပြင် ဇူလိုင် ၁ ရက်တွင် ဖွင့်မည့် အောင်ဘာလေထီ၌ ကျပ်သိန်းတစ်သောင်းဆုကိုထပ် မံထည့်သွင်းမည့်အပြင် ဘဏ္ဍာ သိမ်းငွေကျပ်သန်း ၂၅၀ ကိုဆုမဲ အဖြစ် ပထမဆုံးခွဲဝေချီးမြှင့်မည် ဟု အောင်ဘာလေသိန်းဆုဌာနက ကြေညာသည်။

No comments:

Post a Comment