Friday, June 28, 2019

သမ္မတ ဦးဝင်းမြင့်လက်ထက်တွင် မူးယစ်နှိမ်နင်းရေးခေတ်မီစက်ကိရိယာများ ပိုမိုဖြည့်ဆည်းပေးပြီး ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ရန် စီစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး လိုအပ် သော ခေတ်မီစက်ပစ္စည်းများ ပိုမို ဖြည့်ဆည်းပေးပြီး မူးယစ်ရဲတပ် ဖွဲ့ဖွဲ့စည်းပုံကိုလည်း တိုးချဲ့ရန် စီစဉ်ထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောသည်။ ‘‘ခေတ်မီတဲ့ စက်ကိရိယာ တွေကို နိုင်ငံတော်ရဲ့ ဘတ်ဂျက် ကနေ ဝယ်ပေးပါတယ်။ ဝယ်ပေး သလောက်လည်း အကျိုးရှိပါ တယ်’’ဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ရဲနိုင်က ပြောသည်။



ဝယ်ယူအားဖြည့်သည့် စက် ကိရိယာများကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော် လည်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် မကြာ မီက ဖမ်းမိသော စိတ်ကြွဆေးပြား ၈၅ သိန်းကျော်နှင့် ဘိန်းဖြူများ သည် အသစ်ဝယ်ယူထားသော X-ray စက်ဖြင့် စစ်ဆေးစဉ် ဖမ်း မိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ၂၀၁၉ မေလ ၁၉ ရက်က ပြင်ဦးလွင်မြို့ ဘုရားကြီးစစ် ဆေးရေးဂိတ်တွင် X-ray စက်ဖြင့်ပထမဆုံးအကြိမ် စစ်ဆေးမှု၌ ကားတစ်စီးပေါ်မှ စိတ်ကြွဆေး ပြား ၈,၅၁၀,၀၀၀ နှင့် ဘိန်းဖြူအမှုန့် ၄၅ ကီလို ဖမ်းမိခဲ့သည်။

တပ်ဖွဲ့ခွဲသုံးခု၊ တပ်ဖွဲ့စု ၁၀ စုရှိသော မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုလည်း သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် ဖွဲ့စည်းပုံတိုးချဲ့ရန် စီစဉ်နေသည် ဟု အမည်မဖော်လိုသော ရဲအရာ ရှိတစ်ဦးက ပြောသည်။ အနည်း ဆုံး တပ်ဖွဲ့ခွဲ ၁၀ ခုအထိ တိုးချဲ့ ရန် ရှိသည်ဟု ၎င်းက အရိပ်အ မြွက်ဆိုသည်။

မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချနိုင်ရေး မူးယစ်ရဲများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်တွင်လည်း ဆုပေး၊ ဒဏ်ပေး စနစ် ထိထိရောက်ရောက်ဖြစ် အောင် ပြင်ဆင်ရန် စီစဉ်ထား ကြောင်း သမ္မတဦးဝင်းမြင့်က ပြောကြားထားသည်။

ဇွန်လ ၂၆ ရက်တွင် ကျ ရောက်သည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ အစိုးရအဆက် ဆက် ပထမဆုံးအကြိမ်အဖြစ် ဘိန်းပင်များအပါအဝင် မူးယစ် ဆေးဝါးအစစ်များကို နေပြည်တော်၌ ပညာပေးရန် ပြသခဲ့ သည်။ ထို့အပြင် ၂၀၁၈-၁၉ အ တွင်း ဖမ်းမိခဲ့သော မူးယစ်ဆေး ဝါးများအနက် တရားရုံးအမိန့် ချမှတ်ပြီးသော အမှု ၁၃,၄၆၆ မှုမှ ကန်ဒေါ်လာ ၃၀၁ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး မြို့၌ မီးရှို့ဖျက်ဆီးခဲ့သည်။

No comments:

Post a Comment