Friday, June 28, 2019

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က မိုင်းဖောက်ခွဲတိုက်ခိုက်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့(ICRC) မှ မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းများအား ရန်ကုန်မှ မောင်တောသို့ ပို့ဆောင်ရန် ကုန်ကား ၆ စီးဖြင့် တင်ဆောင်ထွက်ခွာလာရာ ဇွန် ၂၇ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးလမ်းဆုံ၊ ကျောက်ကြပ်ကျေးရွာအနီးသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရီမုမိုင်း ၃ လုံးဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။



အဆိုပါတိုက်ခိုက်မှုကြောင့် ကား ၆ စီးအနက် ရှေ့ဆုံးမှ မောင်းနှင်လာသော ၆ ဘီးယာဉ်အမှတ်SL/----— ၏ရှေ့လေကာမှန်နှင့် ကားကိုယ်ထည်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖြစ်စဉ်နေရာသို့သွားရောက်၍မိုင်းရှင်းလင်းခြင်းလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသည့် လမ်းကြောင်းများပေါ်တွင် ခရီးသွားပြည်သူများ ထိတ်လန့် အန္တရာယ်ဖြစ်စေရန်၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ခရီးသည်တင်ယာဉ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်မှုယာဉ်များ နှင့် လှုပ်ရှားမှုများအား မိုင်းခွဲတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်၊ မိုင်းဆွဲခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများ ပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ယနေ့အချိန်အထိ ရန်ကုန်-စစ်တွေလမ်း၊ အငူမော်-မောင်တောလမ်းနှင့် ဘူးသီးတောင်-ရသေ့တောင်လမ်းကြောင်း ပေါ်တို့တွင် မိုင်းထောင်ခဲ့သည့် အကြိမ် ၁၄ ကြိမ်၊ အရပ်ယာဉ်ထိခိုက်ပျက်စီးမှု ၃ ကြိမ်ရှိကာ မိုင်း ၃ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်။ ၎င်းတို့ အနက် ယခုမိုင်းဆွဲတိုက်ခိုက်ခံရသည့် မဟာမုနိဘုရားကြီး လမ်းဆုံ၊ ကျောက်ကြပ်ကျေးရွာ အနီး၌ဧပြီလ ၁၅ ရက်နှင့် ၂၉ ရက်တို့တွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ ပြီး မိုင်းများ ဖော်ထုတ်ရရှိခဲ့သည်။

ယခုအကြိမ်တွင် မောင်တောဒေသသို့ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ယာဉ်တန်းအား တိုက် ခိုက်ခဲ့ခြင်းသည် အရပ်ဖက်ယာဉ်တန်း ဖြစ်ကြောင်းသိလျက်နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၄င်းကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ်နေ့တစ်ခြား ပိုမိုများပြားလာသည့် အကြမ်းဖက်လုပ်ရပ်များနှင့် လူအခွင့်အရေးချိုးဖောက်မှုများအပေါ် ဒေသခံ ပြည်သူလူထုက စက်ဆုပ်ရွံရှာလျက်ရှိသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့ရသည့်နေရာအနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ နှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment