Friday, June 28, 2019

တပ်မတော်နှင့် အပစ်ရပ်အဖွဲ့ RCSS ကြား နှစ်ရက်ဆက်၍ တိုက်ပွဲဖြစ်ပွား

တပ်မတော်နှင့် NCA  လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင်အဖွဲ့(RCSS) တို့ အကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ် ပွားကြောင်း RCSS ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်း ဦးက ပြောသည်။ ဇွန်လ ၂၇ရက်တွင် ရှမ်း ပြည်နယ် ပင်လုံမြို့နယ်၌လည်း ကောင်း၊ ဇွန်လ ၂၆ရက်တွင် မိုင်းပြင်းမြို့နယ် မိုင်းပူးလုံဒေသ၌ လည်းကောင်း တပ်မတော်စစ် ကြောင်းနှင့် RCSS တပ်ဖွဲ့တို့အ ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။



‘‘ဖြစ်ရတဲ့ အကြောင်းရင်း ကတော့ ဒီပင်လုံဘက်မှာဖြစ်တာ က သူတို့က တောနင်းပြီးတော့ ရှာလို့တွေ့မိကြတာပေါ့။  မိုင်းပူး ကြီးဘက်မှာဖြစ်တာကျတော့ သူ တို့က တမင်ရှာပြီး၊ တက်ပြီး လာ တိုက်တဲ့သဘော’’ ဟု ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ဆက်ဆံရေးရုံး များမှတစ်ဆင့် တပ်မတော်ဘက် သို့ အကြောင်းကြားရန်ရှိကြောင်း ၎င်းကဆိုသည်။

‘‘နယ်မြေတွေသွားမယ်ဆို ရင်၊ အကြောင်းကြားပြီးသွားမယ် ဆိုရင် တိုက်ပွဲတွေဖြစ်ဖို့ အ ကြောင်းမရှိဘူးပေါ့’’ ဟု ဒုဗိုလ်မှူး ကြီးစိုင်းဦးက ပြောသည်။

တပ်မတော်ညှိနှိုင်းရေးအဖွဲ့ နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့  ဇူလိုင်အတွင်း တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း၊ ထိုသို့ တွေ့ ဆုံပါက  တိုက်ပွဲမဖြစ်ပွားရေး ကိစ္စများ ညှိနှိုင်းဆွေးနွေးမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

တပ်မတော်နှင့် RCSSတိုက် ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ် သက်ပြီး တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အတွင်းရေး မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ သို့ ဆက်သွယ်ရာ ၎င်းအနေဖြင့် မသိရသေးကြောင်း ဖြေကြားပြီး  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး များထံသို့ ဆက်သွယ်ရန် လမ်း ညွှန်သည်။

ထို့ကြောင့် အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံ တိုင်းစစ်ဌာနချုပ်မှ ပြောရေးဆို ခွင့်ရှိသူများထံ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားအဖွဲ့များအ နက် RCSS သည် တပ်မတော်နှင့်  တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်း က တပ်မတော်ညှိနှိုင်းရေးအဖွဲ့ နှင့် RCSS တို့ နေပြည်တော်၌ တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားမှုလျှော့ ချရေး ညှိနှိုင်းပြီးနောက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းခဲ့ ကာ ယခုတိုက်ပွဲပြန်လည် စတင် ဖြစ်ပွားခြင်းဖြစ်သည်။

No comments:

Post a Comment