Friday, June 28, 2019

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မိ၍ လမ်းဖြတ်ကူးသူ သေဆုံး

က္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၉၄/၇)နှင့်(၁၉၅/၀) ကြား၌ဇွန်လ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေး အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ တောင်ဒဂုံမြို့နယ်၊ (၇၂) ရပ်ကွက်နေ မိုးဝင်းဟိန်း (၂၈) နှစ် မောင်းနှင်လာသော YGN-5E/ ×××× TOYOTA BELTA ယာဉ်သည် အခင်းဖြစ်နေရာအရောက် အမြန်လမ်းမကြီးအနောက်ဘက်ခြမ်းမှ အရှေ့ဘက်ခြမ်းသို့ လမ်းဖြတ်ကူးသူ လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာနေ ဇာနည်မောင်(၂၇) နှစ်အား ဝင်ရောက်တိုက်မိပြီး ဇာနည်မောင်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် ဇာနည်မောင်အား ပလွေးအမြန်လမ်းမကြီးရဲစခန်း (ပ) ၁၉၉၆/၂၀၁၉၊ အမြန်လမ်းမကြီးများ ဥပဒေ ပုဒ်မ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment