Friday, June 28, 2019

ရခိုင်ပြည်နယ်ရှိကလေး ၉,၀၀၀ ကိုအာဟာရလုပ်ငန်းများမှတစ်ဆင့် ယူနီဆက်ပံ့ပိုးမည်

ရခိုင်ပြည်နယ်ရှိ က လေးငယ် ကိုးထောင်ကို ရောဂါ ကာကွယ်ပေးနိုင်သည့် အာဟာ ရ၀န်ဆောင်မှုလုပ်ငန်းများမှ တစ် ဆင့်ယခုနှစ်အတွင်းပံ့ပိုးကူညီရန် ရည်မှန်းထားကြောင်း ကုလ သမဂ္ဂကလေးသူငယ်များ ရန်ပုံ ငွေအဖွဲ့ (ယူနီဆက်) က ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ ပံ့ပိုးမှုကို အမေရိ ကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေ ဂျင်စီ (USAID) အကူအညီဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ယူနီဆက်၏ သတင်းလွှာတွင် ဖော်ပြသည်။



‘‘ယူနီဆက်ရဲ့ မိတ်ဖက်အ ဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံကျန်းမာ ရေးမှူးအသင်းမှ ၀န်ထမ်းတွေက စစ်တွေရှိ ဘောဒူဖစခန်းမှာအစာ စားချင်စိတ်တိုင်းတာမှုလုပ်ငန်း ကိုဆောင်ရွက်ခဲ့ကြပါတယ်’’ ဟု ယမန်နေ့က ဖော်ပြခဲ့သည်။ အ ကူအညီပေးရေးဆိုင်ရာ လုပ်ငန်း စဉ်အသေးစိတ်ကိုမူ ဖော်ပြထား ခြင်းမရှိပေ။

မြန်မာနိုင်ငံရှိ ကလေးငယ် လေးသိန်းခြောက်သောင်းကျော်  သည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကာ ယင်းအနက် ရခိုင် ပြည်နယ်၌  သုံးသိန်းခြောက် သောင်းပါဝင်ကြောင်း ယူနီဆက် က မေလ၌ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကလေးငယ်များ အတွက် ၂၀၁၉ တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရန် ပုံငွေကန်ဒေါ်လာ ၅၉ ဒသမ ၁ သန်းလိုအပ်မည်ဖြစ်ကြောင်း ယူ နီဆက်က ခန့်မှန်းထားကာ လက် ရှိတွင် ကန်ဒေါ်လာ ၁၀ သန်း ကျော်အသုံးပြုပြီးဖြစ်ကြောင်း ယူနီဆက်က ထုတ်ပြန်ထားသည်။ လူသားချင်းစာနာမှုအကူ အညီလိုအပ်နေသည့် ကလေး ငယ်များရှိရာ အ၀န်းအ၀ိုင်းတွင် AA လက်နက်ကိုင်အဖွဲ့နှင့် တပ် မတော်တို့ စစ်ရေးတင်းမာနေခြင်း  သည် ထိုကလေးငယ်များအ တွက် လိုအပ်သည့် ကူညီမှုများ လက်လှမ်းမီရောက်ရှိနိုင်ရန် စိန် ခေါ်မှုဖြစ်စေကြောင်း ယူနီဆက် ၏ မေလက ထုတ်ပြန်သည့် သတင်းလွှာ၌ ဖော်ပြထားသည်။

No comments:

Post a Comment