Friday, June 28, 2019

ခရစ္စတယ်ပဲလေ့စ်နောက်တန်းလူ ဝန်ဘစ်ဆာကာကို ပေါင်သန်း ၅၀ ဖြင့် မန်ယူခေါ်ယူ

ညာနောက်ခံလူ အေ ရွန်ဝန်ဘစ်ဆာကာကို ခေါ်ယူရေး မန်ယူအသင်းက ခရစ္စတယ်ပဲ လေ့စ်အသင်းနှင့် သဘောတူညီ ချက်ရရှိခဲ့သည်။ မန်ယူက ဝန်ဘစ်ဆာကာကို ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူခြင်းဖြစ် ကာ ယခုအခါ ယင်းကစားသမား သည် အပန်းဖြေခရီးမထွက်မီ မန်ယူတွင် ဆေးစစ်မှုခံယူမည်ဖြစ် သည်။ မန်ယူက အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ကစားသမားကို သက်တမ်းရှည်စာချုပ်နှင့် တစ်ပတ်လစာပေါင် ၈၀,၀၀၀ ပေးရန် ကမ်းလှမ်းခဲ့သည်။ ဝန်ဘစ်ဆာကာသည် ပဲ လေ့စ်တွင် တစ်ပတ်လုပ်ခပေါင် ၁၀,၀၀၀ သာရရှိပြီး  ကစားသမားများအနက် လစာအနည်းဆုံး ဖြစ်သည်။



ယခုလအတွင်း ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် အင်္ဂလန်နှင့် အတူ ကစားခဲ့သော ဝန်ဘစ်ဆာ ကာသည် အသက် (၁၁) နှစ်၌ ပဲလေ့စ်အကယ်ဒမီသို့ ဝင်ရောက် ခဲ့ပြီး ၂၀၁၈ က အသင်းကြီးတွင် စတင်ပါဝင်ကစားခဲ့သည်။

မန်ယူက ဝန်ဘစ်ဆာကာအ တွက် လတ်တလောတွင် ပေါင် ၄၅ သန်းပေးချေမည်ဖြစ်ကာ ယင်းပမာဏသည် ပေါ့ဂ်ဘာ၊ လူကာကူ၊ ဒီမာရီယာနှင့် ဖရက်ဒ်တို့ပြီးလျှင် မန်ယူ၏ပဉ္စမမြောက်ငွေ ကြေးအများဆုံး ဝယ်ယူမှုဖြစ် သည်။

အကယ်၍ ဝန်ဘစ်ဆာကာ ကို ဝယ်ယူမှုအပြီးသတ်ပါက ၎င်းသည် ဆွမ်ဆီးမှ ပေါင် ၁၅ သန်းဖြင့် ဇွန်လစောစောပိုင်းက ဝယ်ယူခဲ့သော ဝေးလ်စ်တောင် ပံကစားသမား ဒယ်နီရယ်ဂျိမ်းပြီး လျှင် မန်ယူသို့ ယခုနွေရာသီ ရောက်ရှိသည့်  ဒုတိယကစားသ မားဖြစ်လာမည်ဖြစ်သည်။

No comments:

Post a Comment