Friday, June 28, 2019

တရုတ်ခရီးသွားများကို စောင့်ကြည့်သုံးသပ်ရေး အဖွဲ့များဖွဲ့စည်း

တရုတ်ခရီးသွားများ၏ အချက်အလက်များ ကောက်ယူ ရန်နှင့် ငွေကြေးသုံးစွဲမှုဆိုင်ရာများ စိစစ်သုံးသပ်ရန် ရန်ကုန်၊ မန္တ လေး၊ ပုဂံတွင် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက တာဝန်ရှိသူများ ပါဝင် သည့် စောင့်ကြည့်လေ့လာသုံး သပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်နေ သော တရုတ်ခရီးသွားများကို သက်ဆိုင်ရာ ကုမ္ပဏီများက စနစ် တကျ ခရီးစဉ်ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ ခရီးသွားလုပ် ငန်းများထံမှ သတင်းအချက်အ လက်များ ကောက်ယူခြင်း၊ ငွေ ကြေးသုံးစွဲမှုများ စိစစ်သုံးသပ် ခြင်းတို့ဆောင်ရွက်ရန်  အဆိုပါစောင့်ကြည့်လေ့လာရေးအဖွဲ့သုံး ခုကို ဇွန်လ ၂၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။



‘‘လေ့လာစောင့်ကြည့်ရေး ဆိုတာက သတင်းအချက်အလက် တွေကို စုစည်းပြီး ရယူဖို့အတွက် ပါ အဓိကကတော့ ဆိုက်ရောက် ဗီဇာက တရုတ်နိုင်ငံသားအားလုံး ကို ပေးသလို ဖြစ်နေတယ်။ တကယ်တမ်း ဝန်ကြီးဌာနသွား ချင်တဲ့ ပေါ်လစီက မြန်မာနိုင်ငံမှာ ရှိတဲ့ ခရီးသွားကုမ္ပဏီတစ်ခုခုနဲ့ ချိတ်ပြီး လည်ပတ်တာမျိုးအထိကို ဖြစ်စေချင်တာ’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း မန္တလေးဇုန် ဥက္ကဋ္ဌနှင့် မန္တလေး တိုင်း တရုတ်ခရီးသွားများ လေ့ လာစောင့်ကြည့်သုံးသပ်ရေးအဖွဲ့ မှ အဖွဲ့ဝင် ဦးမျိုးရီက ပြောသည်။

မန္တလေးတိုင်း တရုတ်ခရီး သွားများ လေ့လာစောင့်ကြည့် သုံးသပ်ရေးအဖွဲ့သည် ဇွန်လ ၂၅ ရက်က ပထမဆုံးအကြိမ် ဆွေး နွေးပြီး ဇွန်လ ၂၆ ရက်တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ သွားရောက်ကာ တရုတ် ခရီးသွားများအား ဝန်ဆောင်မှု ပေးနေသည့် ခရီးသွားလုပ်ငန်း များနှင့် ထပ်မံဆွေးနွေးခဲ့သည်။

 ‘‘တရုတ်ခရီးသွားတွေက လေယာဉ်တွေ အစီးလိုက်နဲ့ တစ် စီးကို ၂၀၀၊ ၃၀၀ ဝင်လာနေ တယ်။ ဘယ်ကုမ္ပဏီတွေကနေ ဘယ်လိုသွားပြီးတော့ ဘယ် ကုမ္ပဏီကနေ ဘယ်လောက်ဝင် နေမှန်းလည်း မသိရဘူး။ အဲဒါ ကြောင့် ဒီနေ့ (ဇွန်လ ၂၆ ရက်) ကပဲ ဟိုတယ်ခရီးညွှန်မှူးနဲ့အဖွဲ့ လေယာဉ်ကွင်းကို သွားတယ်။ တရုတ်ခရီးသွားတွေကို ဝန် ဆောင်မှုပေးနေတဲ့ ခရီးသွားအေ ဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင် ပေးဖို့ ဆွေးနွေးခဲ့ပါတယ်’’ဟု ဦးမျိုးရီက ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် ပုဂံတွင် ဖွဲ့စည်းပေးခဲ့သည့် စောင့်ကြည့် လေ့လာသုံးသပ်ရေး အဖွဲ့များ တွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဦးဆောင်၍ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ် ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် များနှင့် ဈေးကွက်မြှင့်တင်ရေး အသင်းမှ တာဝန်ရှိသူများ ပါဝင် ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် သည်။ အဆိုပါ စောင့်ကြည့်လေ့ လာရေးအဖွဲ့များသည် တရုတ် ခရီးသွားများထံမှ နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ အကျိုးအမြတ် ကျယ်ကျယ်ပြန့်ပြန့်ရရှိရေး မည် သို့ စီမံခန့်ခွဲရမည်ကို လေ့လာသုံး သပ်ကာ လစဉ် ပထမပတ်အတွင်းအစီရင်ခံစာနှင့် အကြံပြုချက်များကို ဝန်ကြီးဌာနသို့  တင်ပြရမည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment