Friday, June 28, 2019

တစ်နာရီ စာလာဖတ်ရုံ ဖြင့် ပိုက်ဆံတစ်ထောင်ပေးမည့် အစီစဉ် ကို ရန်ကုန်တွင် ပြုလုပ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ရှိ Royal Job Agency က ၄င်းတို့ ရုံးခန်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ၆ နာရီမှ ၇ နာရီ အထိ တစ်နာရီကြာ စာလာဖတ်သူများကို ငွေတစ်ထောင်ပေးမည့် အစီစဉ် အား ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ အစီစဉ်တွင် ပါဝင်လိုပါက တနင်္လာနေ့ နှင့် အင်္ဂါနေ့တို့တွင်Royal Job Agency Facebook page တွင်ဖော်ပြထားသည့် ဖုန်း 09400400759 ကိုဆက်သွယ်ကာ စာရင်းပေးသွင်းပြီး ဖတ်ရှု့နိုင်မည် ဖြစ်ကြောင်း သိရသည်။



“ပထမကတော့ က်ုယ့်ဆီမှာရှိတဲ့စာအုပ်တွေနဲ့လုပ်မလို့ပါ။ အခုက စိတ်ဝင်စားတဲ့သူအရမ်းများတယ်ဆိုတော့ သုတရသစာအုပ်တွေအကုန်ပါတယ်။အခုမှ စဖတ်မယ့်သူတွေအတွက်လဲ အဆင်ပြေအောင် ဝတ္တုစာအုပ်တွေပါထည့်ပေးထားတယ်။ အဓိက ကတော့ စာဖတ်ဖို့ဝါသနာမပါသေးသူတွေကို စာဖတ်ချင်လာအောင်၊ စာဖတ်တာဟာပျော်စရာကောင်းတဲ့အလုပ်ဆိုတာကို သိသွားရင် အိမ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ်သူဖတ်လာမယ်။ကျွန်တော်တို့က စာဖတ်ဝါသနာလေး သွင်းပေးချင်ရုံပါ” ဟု Royal Job Agency ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ကိုချမ်းသာထွန်းက ပြည်မြန်မာ ကို ပြောသည်။

စာဖတ်ချိန်ကို ပုံမှန် တစ်နာရီ ပေးထားခြင်း ဖြစ်သော်လည်း ဆက်လက် စာဖတ်လိုသည် ဆိုပါက တစ်နာရီ ထပ်မံ တိုးမြှင့်၍ ဖတ်ရှု့ခွင့် ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment