Friday, June 28, 2019

အာဏာသိမ်းရန်ကြိုးပမ်းမှုအား ဟန့်တားနိုင်ခဲ့ဟု ဗင်နီဇွဲလားအစိုးရ ထုတ်ပြန်

အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုအား ဟန့်တားဖျက်ဆီးနိုင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆိုရှယ်လစ်အစိုးရက ထုတ်ပြန်ခဲ့ပြီး သမ္မတ နီကိုးလက်စ်မာဒူရိုအား လုပ်ကြံရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှု၌ အမေရိကန်၊ ကိုလံဘီယာနှင့် ချီလီတို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း အခိုင်အမာထုတ်ပြန်ခဲ့သည်။ စီးပွားရေးပြိုလဲနေမှု၊ ငွေကြေးဖောင်းပွမှု အလွန်အမင်းမြင့်တက်နေမှုအပြင် အထီးကျန်စေရန် နိုင်ငံတကာ၏ ကြိုးပမ်းမှု မြင့်တက်လာမှုတို့ကြောင့် ဖိအားကြုံနေရသည့်မာဒူရိုအတွက် ယင်းသည် ゞင်းအား ဖြုတ်ချရန် နောက်ဆုံးကြိုးပမ်းမှု ဖြစ်လာခဲ့သည်။ အမေရိကန်နှင့် နိုင်ငံအချို့၏အသိအမှတ်ပြုမှုခံ ထားရသော ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ်ကြေညာထားသည့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုနှင့် မာဒူရိုတို့အကြား အာဏာလွန်ဆွဲပွဲ ဖြစ်ပွားနေသည်။



လက်ဝဲယိမ်းဝါဒီမာဒူရိုက ゞင်းအားလုပ်ကြံရန် ဖက်ဆစ်ဝါဒီဆန်သောကြိုးပမ်းမှုကို ရှုတ်ချခဲ့ပြီး ကိုလံဘီယာသမ္မတအီဗန်ဒုက ထိုကြိုးပမ်းမှုတွင် ကြံရာပါဖြစ်မှုသည် သိသာကြောင်း နိုင်ငံတစ်ဝန်းသို့ထုတ်လွှင့်သော မိန့်ခွန်းတွင် ゞင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။


အာဏာသိမ်းရန် ထိုကြိုးပမ်းမှုတွင် စစ်ဘက်မှ လက်ရှိအရာရှိများနှင့် အငြိမ်းစားများ ပါဝင်ခဲ့ကြောင်း၊ ゞင်းတို့အား ပြီးခဲ့သောသီတင်းပတ်ကုန်တွင် ကွပ်မျက်ခဲ့ကြောင်း ဆက်သွယ်ရေးဝန်ကြီး Jorge Rodriguez က အစောပိုင်းတွင် ပြောကြားခဲ့သည်။ အာဏာသိမ်းရန် စီစဉ်သည့် ဆွေးနွေးပွဲများတွင် မိမိတို့၏ သတင်းပေးများက ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း၊ အတိုက်အခံခေါင်းဆောင် ဂွါအီဒိုသည် သွေးမြေကျမှုဖြစ်ပေါ်စေရန် စီစဉ်နေကြောင်းလည်း Rodriguez က စွပ်စွဲခဲ့သည်။

အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်ဟု အစိုးရ၏ စွပ်စွဲချက်များသည် လုပ်ကြံပြောဆိုမှုသာဖြစ်ကြောင်း ဂွါအီဒိုက ပြန်လည်တုံ့ပြန်ခဲ့ပြီး အစိုးရက အလားတူစွပ်စွဲချက်များအား ပြောကြားခဲ့သည့်အကြိမ်များကို မီဒီယာများကပင် မသိတော့ကြောင်း ゞင်းက ပြောကြားခဲ့သည်။ မာဒူရိုအား ထောက်ခံနေသည့် လက်နက်ကိုင်တပ်များကို ဘက်ပြောင်းကြရန်အတွက် ဆက်လက်စည်းရုံးသွားမည်ဖြစ်ကြောင်း ဂွါအီဒိုက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားစစ်တပ်အတွက် လေ့ကျင့်ပေးရန်နှင့် စစ်ဘက်ကိရိယာများ ပြုပြင်ထိန်းသိမ်းမှုကို ပြုလုပ်ပေးရန်အတွက် စစ်ဘက်ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို အလှည့်ကျစနစ်ဖြင့် ဗင်နီဇွဲလားသို့ ဇွန် ၂၆ ရက်တွင်စေလွှတ်ခဲ့ကြောင်း မာဒူရိုအစိုးရ၏ အရေးပါဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှားက ထုတ်ပြန်ခဲ့သည်။

မာဒူရိုအား လုပ်ကြံရန်လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွင် ကိုလံဘီယာသမ္မတဒုက အနီးကပ် ပူးပေါင်းပါဝင်ခဲ့ပြီး ချီလီသမ္မတ ဆီဘက်စတန်ပီညဲရာနှင့် အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးဂျွန်ဘိုတန်တို့လည်း ပါဝင်ခဲ့ကြကြောင်း ဗင်နီဇွဲလားဆက်သွယ် ရေးဝန်ကြီးက စွပ်စွဲခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံသည် နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကားလို့စ်ဟုမ်း ထရူဂျီလိုက တိုက်ရိုက်မစွပ်စွဲဘဲ ပြောကြားခဲ့သည်။

မြို့တော်ရှိ လာကာလိုတာလေတပ်စခန်း အပါအဝင် စစ်စခန်းသုံးခုအား သိမ်းယူရန်စီစဉ်ထားမှုကို ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်သည့် ဗိုလ်ကြီးကားလို့စ်ဆာဗီဒရာ၏ ဝန်ခံထွက်ဆိုမှုကို Rodriguez က ထုတ်ပြန်ခဲ့သည်။ မာဒူရို၊ ゞင်း၏ဇနီး စီလီယာဖလော၊ ဆိုရှယ်လစ်ပါတီထိပ်တန်းတာဝန်ရှိသူ ဒီအော့စ်ဒါဒိုနှင့် အခြားတာဝန်ရှိသူများသည် လုပ်ကြံခံရမည့်စာရင်းတွင် ပါဝင်သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ 

No comments:

Post a Comment